လူကိုဖျက်တော့ အပိုင်း (၄)
လူကိုဖျက်တော့ အပိုင်း (၄)
ဘုရားကို အာရုံပြုပြီး ဖြစ်ပျက်အသိကလေးဖြင့် ရုပ်တရားရှုကွက်ပေါ်သို့ ရှုစိတ်သတိကလေးဆင်လိုက်သည်နှင့် တစ်ချက် နှစ်ချက်သာရှိသေးသည်။
ရှုစိတ်သည် ရှုကွက်ပေါ်မှ နွားရိုင်းတစ်ကောင်ခြံအတွင်းမှ ခုန်လွှားကျော်ထွက်သွားသည့်နယ် အဝေးသို့ ပြေးထွက်သွားတော့၏။
ထိုအဝေးကား အတိတ်ဆီသို့။
ဦးဇင်းကြီး ဦးဇာဂရ၏ လူဝတ်ကြောင်အမည်မှာ မောင်ညိမ်းဖြစ်သည်။
မောင်ညိမ်း၏ ဇာတိသည် ရန်ကုန်မြို့နှင့်မိုင် ၂၀၀မျှဝေးသော မြေလတ်ဒေသ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ လယ်နှင့်ယာတို့ တွဲဖက်လုပ်ကိုင်အသက်မွေးနေထိုင်ကြသည့် ဖန်ခါးကုန်းရွာကြီးဖြစ်သည်။
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း