လူကိုဖျက်တော့ အပိုင်း (၂)
လူကိုဖျက်တော့ အပိုင်း (၂)
"စိတ်ကို ပစ္စုန်ပ္ပန်မှာ မထားနိုင်ပဲ အတိတ်ကို ပြန်မယ်ဆိုရင်လည်း ကြောင့်ကြမှုတွေနဲ့ သောကတွေပွေလိမ့်မယ်။
မရောက်သေးတဲ့ အနာဂတ်ကို မှန်းမျှော်ရင်လည်း မရေရာမှုတွေနဲ့ မောဟတွေဝေလိမ့်မယ်။
ဒီနှစ်ချက်ဟာ အကျိုးနဲမှုတွေသာ ဖြစ်စေတယ် ဦးဇင်းကြီး"
"မှန်ပါ့ဘုရား"
"ဒါကြောင့် ဒိဌေဒိဌမတ္တံဆိုတဲ့အတိုင်း စိတ်ကို ပစ္စုန်ပ္ပန်မှာထားပြီး ခဏခနတဖွဲဖွဲပျက်စီးနေတဲ့ ဖြစ်ပေါ်နေတဲ့ ရုပ်တရားအပေါ် စိတ်က စောင့်ကြည့်နေဖို့ ပြောရတာ။
အဲ့ဒီလို ရှူကွက်နဲ့ ရှူစိတ်ကို တစ်ထပ်တည်းကျအောင် ရှူမှတ်နေမယ်ဆိုရင် ဘဝအမောသောက ဟူသမျှတွေ လျောာ့ကျ သွားလိမ့်မယ်။
ပြီးတော့ တွယ်တာစွဲလန်းမှုတွေလည်း နည်းပါး ပျောက်ကွယ်သွားလိမ့်မယ်။
တရားရဲ့အရသာငြိမ်းအေးမှုရဖို့ဆိုတာက သင်ကြားနာယူမှတ်သား ပရိယတ္တိအသိနဲ့ ကျင့်ကြံအားထုတ်မှူ ပဋိပတ္တိ သတိအကျင့်တို့ သဟဇာတဖြစ်မှဆိုတာကို ဦးဇင်းကြီးစွဲထားပါ့"
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း