Mother Language Leaning Part (1)

in #esteem7 years ago

ဤစာတမ်းသည်​ ​မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကား နှိုင်းယှဉ်​​လေ့လာတင်​ပြထား​သော စာတမ်းဖြစ်​ပါသည်​။ ဤသို့တင်​ပြရာတွငိ ​မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကားရှိ ​ဝေါဟာရအသုံးအနှုန်းတို့၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုရှိပုံတို့ကို နှိုင်းယှဉ်​ ​လေ့လာတင်​ပြထားသည်​။ ဤသို့တင်​ပြရာတွငိ သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစားအ​သောက်​ဆိုင်​ရာ ​ဝေါဟာရများ၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများ၊ လူ့အသုံးအ​ဆောင်​ပစ္စည်းနှင့်​ လုပ်​ငန်းသုံးဆိုင်​ရာ ​ဝေါဟာရများ၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများ၊ ယဉ်​​ကျေးမှု ဓ​လေ့ထုံးစံ ဆိုင်​ရာ ​ဝေါဟာရများ၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများဟူ၍ ကဏ္ဍ(၃)ခု ခွဲ၍ ​လေ့လာတင်​ပြထားပါသည်​။
သော့ချက်​​ဝေါဟာရများ - ​ဒေသိယစကား၊ စံစကား၊ ​ဒေသ​ဒေသိယစကား၊ ​ဝေါဟာရများ၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှု
နိဒါန်း
ဤစာတမ်းသည်​ ရခိုင်​ပြည်​နယ်​ရှိ ရခိုင်​လူမျိုးအများစု​နေထိုင်​​သော ​မြောက်​ဦး​ဒေသိယစကားနှင့်​ ကချင်​ပြည်​နယ်​ရှိ ရှမ်းလူမျိုးအများစု​နေထိုင်​ရာ ​ဗန်း​မော်​​ဒေသိယစကားတို့ကို နှိုင်းယှဉ်​​လေ့လာတင်​ပြထား​သော စာတမ်းတစ်​​စောင့်​ဖြစ်​ပါသည်​။ နှိုင်းယှဉ်​​လေ့လာရာတွင်​ အသံထွက်​၊ သဒ္ဒါ၊ ​ဝေါဟာရ အဓိပ္ပါယ်​ ကွဲပြားပုံတို့ကို နှိုင်းယှဉ်​​လေ့လာနိုင်​​သောလည်း ဤစာတမ်းတွင်​ ​ဝေါဟာရအသုံးအနှုန်းကိုသာ နှိုင်းယှဉ်​​လေ့လာတင်​ပြသွားမည်​ဖြစ်​ပါသည်​။ ထိုသို့ နှိုင်းယှဉ်​​လေ့လာမှု​ကြောင့်​ အညွှန်းခံတူ​သော်​လည်း အညွှန်းပြု​ဝေါဟာရများ ကွဲပြား​နေသည့်​ ​နောက်​ခံအ​ကြောင်းတို့ကို စိတ်​ဝင်​စားဖွယ်​​တွေ့ရှိလာရပါသည်​။ ​ရေ​မြေ​ဒေသ၊ ဓ​လေ့ထုံးစံ ကွာခြားမှုတို့​ကြောင့်​ ကွဲပြား​နေ​သော ​ဝေါဟာရများကို ​လေ့လာတင်​ပြခြင်း​ကြောင့်​ အမျိုးသားယဉ်​​ကျေးမှု သ​ဘောကိုလည်း ​တွေ့မြင်​လာရပါသည်​။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by zawhtet from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.32
TRX 0.24
JST 0.039
BTC 93219.72
ETH 3290.39
USDT 1.00
SBD 11.10