Youtubeပေါ်ကVideoကိုဒေါင်းလုပ်ဆွဲနည်း
Youtubeပေါ်ကVideoကိုဒေါင်းလုပ်ဆွဲနည်း
Youtubeမှာတင်ထားတဲ့videoဖိုင်ကိုဒေါင်းလုပ်ဆွဲတဲ့နည်းကိုပြောပြပေးပါမယ်။
လုံးဝမသိသေးတဲ့သူများအတွက်ရည်ရွယ်ပါတယ်။
Vidmate ဆော့ဝဲကိုသုံးပြီးဒေါင်းပြပါမယ်။
အခြားဆော့ဝဲတွေလည်းရှိပါသေးတယ်။
Youtubeမှာတင်ထားတဲ့videoဖိုင်တွေကိုအရင်တုန်းကdownloaderဆော့ဝဲတော်တော်များများနဲ့ဒေါင်းလို့ရပါတယ်။
ခုနောက်ပိုင်းကျတော့policy update တွေကြောင့်မရတော့ပါဘူး။
ခုပြောပြမယ့်ဆော့ဝဲကတော့ခုချိန်ထိရနေတုန်းပါပဲ။
ပထမဦးဆုံးVidmateဆော့ဝဲကိုapkpure app ကနေဖြစ်ဖြစ် apkpure ဆိုဒ်ကနေဖြစ်ဖြစ် ဒေါင်းလုပ်ဆွဲပြီးတင်ထားပါ။
Playstore မှာ မရှိပါဘူး။
မဆွဲတတ်ရင်အကူညီတောင်းလို့ရပါတယ်။
ဖုန်းမှာVidmate တင်ပြီးပြီဆိုရင်
1.ပုံမှာပြထားတဲ့အတိုင်းVidmateဆော့ဝဲကိုနှိပ်လိုက်ပါ။
2.Youtube ဆိုတာကိုနှိပ်လိုက်ပါ။တကယ်လို့ကိုယ်ကVideoဖိုင်ရဲ့လင့်ကိုသိတယ်ဆိုရင် ဒါမှမဟုတ် လင့်ကို တစ်ခြားတနေရာကနေ copy ကူးထားတယ်ဆိုရင် အပေါ်က မှန်ဘီလူးနေရာလေး ကနေပြီး paste ချပြီးဝင်လိုက်ရင် Video ဖိုင်ရှိတဲ့နေရာ
ကို တန်းပြီးတော့ရောက်ပါမယ်။
3.ပုံမှာပြထားတဲ့အတိုင်းမှန်ဘီလူးနေရာလေးမှာကိုယ်ရှာချင်တဲ့သီချင်း၊video၊ဇာတ်ကား၊မင်းသားမင်းသမီး နာမည်ကိုရိုက်ပြီးရှာလိုက်ပါ။မြန်မာလိုရိုက်လည်းရပါတယ်။အတိကျကြီးမလိုပါဘူး။
ကိုယ်ရိုက်ပြီးရှာလိုက်တဲ့အမည်နဲ့အနီးစပ်ဆုံးအရာတွေအများကြီးကျလာပါလိမ့်မယ်။
4.ကျလာတဲ့ဖိုင်တွေထဲကမှကိုယ်ဒေါင်းလုပ်ဆွဲချင်တဲ့ဖိုင်ကိုနှိပ်လိုက်ပါ။
5.ဒေါင်းလုပ်ဆွဲဖို့အတွက်ပုံမှာပြထားတဲ့မျှားလေးကိုနှိပ်လိုက်ပါ။
6.Videoဖိုင်ဆိုဒ်ရွေးရပါမယ်။ကြိုက်တာရွေးလို့ရပါတယ်။ဖိုင်ဆိုဒ်ကြီးလေ မီဂါဗိုက်Mb ကြီးလေ Video ရုပ်ထွက်ပိုကြည်လေပါဘဲ။ဖိုင်ဆိုဒ်ကြီးကြီးနဲ့ဒေါင်းရင်ဘေတော့ပိုကုန်ပါတယ်။
အဲဒီမှာmp.3ဖိုင်တွေလည်းပါပါတယ်။အဲတာတွေရွေးမိရင်တော့အသံတွေပဲပါလာပါမယ်။အရုပ်ကြည့်လို့ရမှာမဟုတ်ပါဘူး။
စိတ်ကြိုက်ရွေးပြီးပြီဆိုရင်တော့downloadဆိုတာကိုနှိပ်လိုက်ပါ။
ခနစောင့်လိုက်ပါ။
ဖိုင်ဆိုဒ်အကြီးကြီးဆိုရင်တော့နည်းနည်းကြာပါမယ်။
ကိုယ့်ရဲ့အင်တာနက်လိုင်းအပေါ်မူတည်ပြီးတော့ကြာပါတယ်။
7.Notiဘားပေါ်ကိုဆွဲကြည့်လိုက်ရင်ဒေါင်းလုပ်ဆွဲနေတာကိုပြပါလိမ့်မယ်။အဲ့မှာcompleteဆိုတာပြရင်ပြီးပါပြီ။
Galleryထဲဝင်ပြီးကိုယ်ဒေါင်းလုပ်ဆွဲထားတဲ့ဖိုင်ကိုကြည့်လို့ရပါပြီ။
အဆင်မပြေတာရှိရင်အချိန်မရွေးမေးလို့ရပါတယ်။
Ye Thiha Kyaw
အလည်ကို မလာပါလား
Posted using Partiko Android
မလာရဲလို့ပါဗျာ။
ကိုယ်ကဘယ်အဖွဲ့ကမှမဟုတ်တော့ဘူး။
ပါဝါလည်းမရှိတော့ဘူး။
အားငယ်လို့😁။
Hello! I find your post valuable for the wafrica community! Thanks for the great post! We encourage and support quality contents and projects from the West African region.
Do you have a suggestion, concern or want to appear as a guest author on WAfrica, join our discord server and discuss with a member of our curation team.
Don't forget to join us every Sunday by 20:30GMT for our Sunday WAFRO party on our discord channel. Thank you.
Thanks for your supporting.
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteem & developer .
fb က down နည်းလဲတင်ပေးဘာ
ပေးဘူး😁