Cooperative Learning Part 6

in #esteem6 years ago

2.3.3 Characteristics of Cooperative Learning
၂.၃.၃ ပူးပေါင်းသင်ယူလေ့လာခြင်း၏ စရိုက်လက္ခဏာများ
In cooperative learning, there is a level of social accountability, in which individuals are concerned for other group members’ learning (Kotsopoulos, 2010). All members should be given an equal opportunity to interact with each other and encourage the communication of mathematics ideas (Leikin & Zaslavsky, 1999). Doing this requires interpersonal skills such as communication, trust and conflict resolution (Walmsley & Muniz, 2003). Students may need to be taught how to collaborate within their groups. For example, students can learn to value their classmate’s contributions in their groups by observing the teacher recognizing individuals for making specific contributions to the class (Jansen, 2012).

အတူပူးပေါင်းသင်ယူလေ့လာခြင်းတွင်လူမှုရေးတာဝန်သိတတ်မှုအဆင့်အတန်းတစ်ခုရှိသည်။ တစ်ဦးတစ်ယောက်ချင်းသည်အခြားအဖွဲ့ ဝင်များ၏လေ့လာသင်ယူခြင်းနှင့်သက်ဆိုင်သည်(ကောဆိုပူးလို့ စ် ၂၀၁၀)။ အဖွဲ့ ဝင်အားလုံးကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လုပ်ကိုင်ဆောင်ရွက်ရန် တူညီသော အခွင့်အရေးတစ်ခုပေးသင့်သည်။သချာင်္ဆိုင်ရာစိတ်ကူးစိတ်သန်းများဆက်သွယ်မှုကိုတိုက်တွန်းအားပေးသင့်သည်(လီကင်နှင့် ဇက်ဆလက်ဗ်စကီး ၁၉၉၉)။ ထိုသို့ ဆောင်ရွက်ရာတွင် ဆက်ဆံရေး| ယုံကြည်မှုနင့် ပြသနာကို ဖြေရှင်းခြင်းစသော လူမှုရေးကျွမ်းကျင်မှုများလိုအပ်ပါသည် (ဝမ်စလီ နှင့် မန်းနစ်ဇ် ၂၀၀၃)။ ကျောင်းသားကျောင်းသူများအား ၄င်းတို့  အဖွဲ့ များထဲတွင် မည်ကဲ့သို့ ပူးပေါင်း လုပ်ကိုင်ရမည်ကို သင်ကြားပေးရန် လိုအပ်ပါလိမ့်မည်။ ဥပမာဆိုရသော် အတန်းကို တိကျသော ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခြင်းအတွက် တစ်ဦးချင်းကို အသိအမှတ်ပြုသည့် ဆရာ ဆရာမများအား သိမြင်တွေ့ ရှိခြင်းဖြင့် အဖွဲ့ ထဲရှိ မိမိတို့ အတန်းဖော်များ၏ အထောက်အပံ့ပြုမှုကို တန်ဖိုးထားတတ်ရန် သင်ယူနိုင်ပါသည်( ဂျန်စန် ၂၀၁၂)။

Positive interdependence refers to the idea that students are reliant on their fellow group members to learn from one another (Walmsely & Muniz, 2003; Leikin & Zaslavsky, 1999; Kotsopoulos, 2010; Jansen, 2012), that “one student’s success helps another to be successful ”(Slavin, 1980, p.316). Many of the characteristics of cooperative learning will only be present if the academic goals outlined for students require group effort (Kotsopoulos, 2010), which often depends on the task chosen, which will be further elaborated on later.

အပြုသဘောဆောင်သော အပြန်အလှန်မှိခိုမှု ဟူသည် တစ်ဦးဆီမှ တစ်ဦး သင်ယူရန် မိမိတို့ ၏အဖွဲ့ ဝင်များအပေါ် ယုံကြည်စိတ်ချသည်ဆိုသော သဘော ဖြစ်သည်(ဝမ်စလီ နှင့် မနားနစ်ဇ် ၂၀၀၃ | လီကင်နှင့်  ဇက်စ်လက်ဗ်စကီး ၁၉၉၉| ကော့ဆိုပူးလို့ စ် ၂၀၁၀| ဂျန်စန် ၂၀၁၂) ။ ကျောင်းသားတစ်ယောက်၏ အောင်မြင်မှုသည် အခြားသူကို အောင်မြင်အောင် ကူညီနိုင်သည် (စလက်ဗင် ၁၉၈၀ | စာမျက်နှာ ၃၁၆)။ ကျောင်းသားကျောင်းသူများအတွက်လျာထားသည့် ရည်မှန်းချက်ပန်းတိုင်များမှာ အဖွဲ့ လိုက် ကြိုးစားအားထုတ်မှု တို့ လိုအပ်ပါသည်။ တစ်ခါတစ်ရံ ရွေးချယ်ထားသော အလုပ်အပေါ်တွင်လည်း မူတည်ပါသည်ဖြစ်ပေရာ အတူပူးပေါင်းသင်ယူလေ့လာခြင်း၏ စရိုတ်လက္ခဏာ အများအပြားရှိပေလိမ့်ဦးမည်ဖြစ်သည်။

Students should also held individually accountable, so that each member has a responsibility to contribute to the group and is accountable for the learning progress of the group (Kotsopoulos, 2010; Leikin & Zaslavsky, 1999; Walmsely & Muniz, 2003). According to Kotsopoulos (2010), in order to have individual accountability, students must be aware of the fact that what they are learning will be needed or assessed in the future. When there is a high level of individual accountability, contributions to the group are individually quantifiable (Slavin, 1980). When there is little individual accountability, or what Slavin (1980) refers to as substitutability, all group members have the same task and can substitute for one another. Without individual accountability, the group goal may still be achieved while some group members may not participate (Slavin, 1980).

အဖွဲ့ ဝင်တစ်ဦးစီတွင်အဖွဲ့ကို အထောက်အပံ့ပြုရန်တာဝန်တစ်ခုရှိပြီးအဖွဲ့ ၏ သင်ယူလေ့လာခြင်းတိုးတက်မှုအတွက်လည်းတာဝန်ရှိပါသည်။ထို့ကြောင့်ကျောင်းသားကျောင်းသူတစ်ယောက်ချင်းတွင် တာဝန်ယူမှု တာဝန်ခံ များရှိသင့်ပါသည်( ကော့ဆိုပူးလို့ စ် ၂၀၁၀| လီကင်နှင့် ဇက်ဆလက်ဗ်စကီး ၁၉၉၉| ဝမ်စလီနှင့် မန်းနစ်ဇ ၂၀၀၃) ။ကော့ဆိုပူးလို့ စ် ၂၀၁၀ အရ တစ်ဦးချင်းတာဝန်သိတတ်မှာ ရှိရန်အလို့ ငှာ ကျောင်းသားကျောင်းသူများသည် ၎င်းင်းတို့ သက်ယူလေ့လာနေသောအရာကို လို အပ်လိမ့်မည် (သို့ မဟုတ်) အနာဂတ်တွင် အကဲဖြတ်ချင့်တွက်မည်ဟူသော အချက်ကို သတိပြုရပေမည်။တစ်ဦးချင်းတာဝန်သိတတ်မှု မြင်မားသောအဆင့်တစ်ခုသို့ ရောက်ရှိသောအခါ အဖွဲ့ အတွက် အထောက်အပံ့ပြုမှုများကို တစ်ဦးချင်းတိုင်တာနိုင်သည်(စလက်ဗင် ၁၉၈၀ ) ။ တစ်ဦးချင်းတာဝန်သိတတ်မှု နည်းပါေးသာအခါ (သို့ မဟုတ်) စလက်ဗင် ၁၉၈၀ မိန့်ဆိုခဲ့သောအရာသည် အစားထိုးနိုင်စွမ်းရှိမှု ကို ရည်ညွှန်းသောအခါ အဖွဲ့ ဝင်အားလုံးသည် တူညီသော အလုပ်ကိုယ်စီရှိပြီး တစ်ဦးနှင့်တစ်ဦးအစားထိုးဆောင်ရွက်နိုင်ကြသည်။ တစ်ဦချင်းတာဝန်သိမှု မရှိ အဖွဲ့ ဝင်အချို့ ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲနှင့်လည်း အဖွဲ့ ၏ပန်းတိုင်သည်ဆက်လက် ရောက်ရှိအောင်မြင်နေနိုင်သေးသည်(စလက်ဗင် ၁၉၈၀)။

Lastly, there must be group accountability or rewards (Kotsopoulos, 2010; Walmsley & Muniz, 2003). Having group rewards gives students a reason to work together. When group rewards are in place, students are more likely to care about each other’s success, listen better and value alternative solution methods to mathematics problems (Walmsley & Muniz, 2003). When individuals are only rewarded if other members of the group succeed, high achievers are prevented from dominating the group. Students are forced to take responsibility for their learning, as well as for their classmates’ learning (Whicher, Bol, & Nunnery, 1997).

အဆုံးတွင် အဖွဲ့ လိုက်တာဝန်သိမှု သို့ မဟုတ် ထိုက်တန်သော ဆုလာဘ်များ ရှိရပါမည်( ကော့ဆိုပူးလို့ စ်၂၀၁၀| ဝမ်စလေ နှင့်မန်းနစ်ဇ် ၂၀၀၃) ။ အဖွဲ့ လိုက် ဆုလာဘ်များ ချီးမြှင့်ပေးခြင်းသည် ကျောင်းသားကျေင်းသူများ အတူတကွ အလုပ်လုပ်ကိုင်ရန် အကြောင်းအချက်ကို ဖြစ်ပေါ်စေသည်။အဖွဲ့ လိုက်ဆုလာလ်များချီမြှင့်ပေးအပ်သောကြောင့်ကျောင်းသားကျောင်းသူများ တစ်ဦးနှင့်တစ်ဦး၏ အောင်မြင်မှုများကို ပိုမို ဂရုစိုက်လာကြသည်| ပို၍ ကောင်းစွာ နားထောင်တတ်လာကြသည်| သချာင်္ပုစ္ဆာပြသနာများ အပြန်အလှန်ဖြေရှင်းနည်းများအား ပို၍တန်ဖိုးထားလာကြသည် (ဝမ်စလေနှင့် မန်းနစ်ဇ် ၂၀၀၃)။အခြားအဖွဲ့ ဝင်များ အောင်မြင်ကြ၍ ၎င်းတို့ ကိုသာ ဆုလာဘ်ချီးမြှင့်သည့်အခါ အောင်မြင်သူများသည်အဖွဲ့ ကို ထိန်းချုပ်စိုးမိုးခြင်းမှ တားဆီးခံကြရသည်။ကျောင်းသားကျောင်းသူများသည် သင်ယူလေ့လာခြင်းအပြင် မိမိတို့ အတန်းဖော်များ၏ သင်ယူလေ့လာခြင်းကိုပါ တာဝန်ယူရန် တွန်းအားပေးခြင်းခံကြရသည် ( ဝစ်ချာ| ဘော နှင့် နန်နရီ ၁၉၉၇)။

Without implementing each of these aspects, cooperative learning will not occur. Most importantly, there must be both individual and group accountability (Kotsopoulos, 2010; Walmsley & Muniz, 2003; Whicker, Bol, & Nunnery, 1997). When there are proper reward structures in place, the rest of the characteristics will fall into place.

ပူးပေါင်းသင်ယူလေ့လာခြင်းသည်ထိုအချက်တစ်ခုချင်းစီကိုအကောင်အထည်မဖော်ဘဲနှင့်ဖြစ်ပေါ်လာမည်မဟုတ်ပါ။ အရေးအကြီးဆုံးမှာ တစ်ဦးချင်းတာဝန်သိမှုနှင့် အဖွဲ့ လိုက်တာဝန်သိမှုတို့ရှိရပါမည်(ကော့ဆိုပူးလို့ စ် ၂၀၁၀|ဝမ်စလီနှင့် မန်းနစ်ဇ် ၂၀၀၃| ဝစ်ချာ |ဘော နှင့် နန်နရီ ၁၉၉၇ )။ သင့်လျော်သောဆုလာဘ်ဖွဲ့ စည်းပုံများရှိနေလျှင် ကျန်သော စရိုက်လက္ခဏာများ သူ့ နေရာနှင့်သူ အံဝင်ခွင်ကျ သွားပါလိမ့်မည်။

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67443.68
ETH 3234.73
USDT 1.00
SBD 2.65