some person
လူတစ်ချို့က
အခြားသူဘဝတွေကိုသာ
ပန်းချီဆရာတစ်ယောက်လို
ပုံဆွဲကြည့်ချင်ကြတာ
ကိုယ့်ဘဝကိုတော့ ပုံရိပ်ဖမ်းဖို့
မေ့လျော့နေကြပုံပဲ
လူတစ်ချို့်က
ကမ္ဘာကြီးကိုသာ ကယ်တင်ချင်ကြတာ
ကိုယ့်မိသားစု အနာဂတ်အတွက်တော့
အနာဂတ် အစီအစဉ်တွေ
ရေးဆွဲဖို့မေ့လျော့နေကြပုံပဲ
အဓိကကို အဓိကထားပြီး
မလုပ်တတ်နေသမျှတော့
ဘဝအတွက် အလွန်အရေးကြီးတာတွေ
သဲထဲရေသွန်သလို ဖြစ်နေအုံးမှာပါပဲ