ရေကန်​လိုစိတ်​မျိုးရှိ​စေချင်

in #esteem7 years ago

တစ်​ခါတုန်းက ပါ​မောက္ခကြီး တစ်​​ယောက်​ဆီကို ပြသနာ​တွေနဲ့ရင်​ဆိုင်​​နေရပြီး မ​ပျော်​ရွှင်​နိုင်​ဖြစ်​​နေတဲ့ တပည့်​က​ ​ရောက်​လာပြီး သူ့ဘဝက စိတ်​မချမ်း​မြေ့စရာဖြစ်​​ကြောင်း ရင်​ဖွင့်​ခဲ့တယ်​။
အ​ကြောင်းစုံ နား​ထောင်​ပြီး​တော့ ဆရာကြီးက _
"ကဲ ​ရော့ ... ဒီဖန်​ခွက်​ထဲကို ​ဟော့ဒီက ဆား မင်းလက်​တစ်​ဆုပ်​စာ ထည့်​လိုက်​၊ ထည့်​ပြီး ဇွန်းနဲ့​မွှေလိုက်​​" လို့ခိုင်းလိုက်​တယ်​။

ဆရာကြီးခိုင်းတဲ့အတိုင်း တပည့်​ဖြစ်​သူက လုပ်​လိုက်​တယ်​။
"​မွှေပြီးပါပြီ ဆရာ"

"ပြီးပြီဆိုရင်​ မင်း အဲ့ဒီ​ရေကို လက်​နဲ့တို့ပြီး မြည်းကြည်​ပါဦး" လို့ ဆရာကြီးက ထပ်​ခိုင်းလိုက်​တယ်​။

တပည့်​ဖြစ်​သူက မြည်းကြည့်​ပြီး မျက်​နှာရှုံ့တွသွားရင်​ _
"အား ... ငန်​လိုက်​တာ"လို့ ပြန်​​​ဖြေတယ်​။

ဆရာကြီးက _
"ဒါဆို အဲ့ဒီ ဆားထုပ်​ယူပြီး ငါ့​နောက်​လိုက်​ခဲ့" ဆိုပြီး တပည့်​ကို ​ရေကန်​တစ်​ခုစီ ​ခေါ်သွားတယ်​။

ရေကန်​ဆီ​ရောက်​​တော့ ဆရာကြီးက _
"ခုနကအတိုင်းပဲ ဆားလက်​တစ်​ဆုပ်​စာ ​ရေကန်​ထဲ ထည့်​ပြီး ​မွှေလိုက်​ ငါ့တပည့်​" လို့ ခိုင်းလိုက်​တယ်။

တပည့်​ဖြစ်​သူကလည်း ​ရေကန်​ထဲကို ခုနကအတိုင်း လက်​တစ်​ဆုပ်​စာ ဆားထည့်​ပြီး ​မွှေလိုက်​တယ်​။

"ခု ​သောက်​ကြည့်​ဦး" လို့ ဆရာကြီးက ​ပြောလိုက်​တယ်​။
တပည့်​ကလည်း ​ရေကန်​ထဲက ​ရေကိုနည်းနည်းခပ်​​သောက်​လိုက်​တယ်​။

"ကဲ ... ဘယ်​လို အရသာရှိတုန်း"လို့ ဆရာကြီးက ​မေးလိုက်​တယ်​။

တပည့်​ဖြစ်​သူက _
"​သောက်​လို့​ကောင်းပါတယ်​ ဆရာ" လို့ ပြန်​​ဖြေတယ်​။

"အခုကျ မငန်​​တော့ဘူးလား၊ ဆားအရသာမရ​တော့ဘူးလား ငါ့တပည့်​ရ" လို့ ဆရာကြီးက​မေးလိုက်​တယ်​။

"ဟုတ်​ကဲ့၊ လုံးဝမငန်​​တော့ပါဘူးဆရာ" လို့ တပည့်​က ပြန်​​ဖြေတယ်​။

ဆရာကြီးက တပည့်​ရဲ့​ဘေးမှာဝင်​ထိုင်​ရင်း _
"တကယ်​​တော့ ဘဝရဲ့ နာကျင်​မှု ​လောကဓံ​တွေဆိုတာ တကယ့်​ကို ဆားပဲကွ၊ နာကျင်​မှုရဲ့ ပမာဏက အတူတူပါပဲ၊ ပိုခံစားရတယ်​ သိပ်​မခံစားရဘူးဆိုတာ နာကျင်​မှုရဲ့ အရသာကို ငါတို့ခံစားဖို့ ထည့်​ထားတဲ့
စိတ်​ဆိုတဲ့ အရာ​ပေါ်မူတည်​သွားတာ၊ ​လောကဓံက​ပေးတဲ့ နာကျင်​မှုကို ထည့်​ခံစားဖို့ ငါတို့ရဲ့စိတ်​က ဖန်​ခွက်​အရွယ်​ဆို နာကျင်​မှူဆားရဲ့ အရသာကို ငါတို့ပိုခံစားရမယ်​၊ ​ရေကန်​လို စိတ်​မျိုးနဲ့ နာကျင်​မှုဆားကို ထည့်​ခံမယ်​ဆိုရင်​​တော့ ခံစားရတာ မရှိသ​လောက်​​ပေါ့ တပည့်​ရာ၊ ​ဖန်​ခွက်​ကို အခုကစ​မေ့လိုက်​ပြီး ​ရေကန်​လိုစိတ်​ပဲ​မွေးထားပါ"လို့ ဆုံးမစကားဆို​ပေးလိုက်​တယ်​။
image
ရေကန်​လိုစိတ်​မျိုးနဲ့ နာကျင်​မှုဆား​တွေကို ​ပျော်​ဝင်​နိုင်​ကြပါ​စေ ​မျှော်​လင့်​လျက်​ ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by yadanarpoekyuu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.24
JST 0.037
BTC 96184.84
ETH 3331.18
USDT 1.00
SBD 3.21