ဘဝရဲ့ သင်​ခန်းစာ

in #esteem7 years ago

တစ်​ခါတုန်းက လူကြီးတစ်​​ယောက်​မှာ သား​လေး​ယောက်​ရှိတယ်​။
သူက သူ့သား​တွေကို ကိစ္စတစ်​ခုကို လျင်​လျင်​မြန်​မြန်​ ဆုံးဖြတ်​ချက်​ မချလိုက်​​စေချင်​ဘူး။
တစ်​​နေ့မှာ သူက သူ့​သား​တွေကို သူတို့အိမ်​နဲ့ အလှမ်း​ဝေးတဲ့​နေရာက သစ်​​တော်​သီးပင်​ကြီးဆီကို တစ်​​ယောက်​စီ အလှည့်​ကျ သွားကြည့်​ခိုင်းခဲ့တယ်​။

အကြီးဆုံးသား ​ရောက်​တဲ့​နေ့မှာ အပင်​ကြီးက ရာသီဥတု ​အေးလို့ ​ဆောင်းခို​နေချိန်​လို ဖြစ်​​နေခဲ့တယ်​။
ဒုတိယသား ​ရောက်​တဲ့​နေ့မှာ အပင်​ကြီးက အသီး​ကင်း​လေး​တွေ စသီး​နေခဲ့တယ်​။
တတိယသား ​ရောက်​တဲ့​နေ့မှာ အပင်​ကြီးက အသီးအပွင့်​​တွေနဲ့ ​ဝေဆာ​နေခဲ့တယ်​။
သားအငယ်​ဆုံး​ ​ရောက်​တဲ့​နေ့မှာ အပင်​ကြီးက ​ကြွေကျချိန်​ ဖြစ်​​နေခဲ့တယ်​။

သား​လေး​ယောက်​လုံး ပြန်​​ရောက်​လာတဲ့အခါ ဖခင်​ဖြစ်​သူက ​မေးတယ်​ _
"ကဲ ... သားတို့ ... မင်းတို့​တွေ့ခဲ့တဲ့ အပင်​ကြီးရဲ့ အ​ခြေအ​နေကို ​ပြောပြကြပါဦးကွ"

အကြီးဆုံးသားက _
"အာ ... ​ပြောမ​နေပါနဲ့ အ​ဖေရာ ... အပင်​ကြီးက ရွက်​​ခြောက်​​တွေနဲ့ တွန့်​လိမ်​​နေတာပဲ၊ ဘာအသီးအပွင့်​မှလည်း မရှိဘူး ​ခြောက်​ကပ်​ကပ်​ကြီး" လို့ ​ဖြေတယ်​။

ဒုတိယသားက _
"အကိုကြီးက ​​သေချာမကြည့်​ခဲ့ပုံပဲ ...အပင်​ကြီးက အသီးကင်း​လေး​တွေ စသီး​နေပါပြီဗျ" လို့ ဝင်​​ပြောတယ်​။

တတိယသားက _
"အကိုတို့ နှစ်​​ယောက်​လုံးမှားတယ်​ ... တကယ်​​တော့ အပင်​ကြီးက အပွင့်​အသီး​တွေနဲ့ လှချက်​ဗျာ ... အ​ဖေ့အတွက်​​တောင်​ ခူးလာချင်​​ပေမဲ့ အပင်​ကြီး အလှပျက်​မှာစိုးလို့ ကျွန်​​တော်​ဖြင့်​ မခူးရက်​ဘူး" လို့ ဝင်​ငြင်းလိုက်​တယ်​။

သားအငယ်​ဆုံး​က _
"ဟူး ... မျက်​စိ​ကောင်းကြ​သေးရဲ့လား ငါ့အကိုတို့ရယ်​ ...
သေချာမကြည့်​ခဲ့ကြဘူးလားဗျ ... အ​ဖေ​ရေ တကယ်​ပါ ... အပင်​ကြီးက ​ခြောက်​​သွေ့​နေတာလည်းမဟုတ်​ဘူး ... အသီးကင်းထွက်​​နေတာလည်းမဟုတ်​ဘူး ... အသီးအပွင့်​ ​ဝေဆာ​နေတာလည်းမဟုတ်​ဘူး ... အမှန်​က အသီး​တွေ ​ကြွေကျပြီး အပင်​​အောက်​မှာ ရစရာမရှိ​အောင်​ ပုပ်​​နေတာဗျ ... ကျွန်​​တော့်​ယုံ" လို့ ဝင်​​ပြောပြန်​တယ်​။

အဲ့ဒီမှာ အ​ဖေဖြစ်​သူက _
"​အေး ... အဲ့ဒါ မင်းတို့ကို အ​ဖေ လွှတ်​လိုက်​ရတဲ့ အ​ကြောင်းရင်းပဲ။
မင်းတို့ အားလုံးမှန်​ကြတယ်​။
ဘာလို့လဲဆို​တော့ အ​ဖေက မင်းတို့ကို တစ်​ချိန်​စီခွဲပြီး အပင်​ကြီးဆီကို လွှတ်​လိုက်​တာကိုးကွ။
မင်းတို့​တွေကို သင်​ခန်းစာယူ​စေချင်​တာက အပင်​ပဲဖြစ်​ဖြစ်​ လူပဲဖြစ်​ဖြစ်​ တစ်​ခဏ​လေးမြင်​လိုက်​ရတဲ့အမြင်​​ပေါ် မူတည်​ပြီး မြန်​မြန်​ဆန်​ဆန်​ ​ကောက်​ချက်​ချ ဆုံးဖြတ်​မှု မလုပ်​​စေချင်​တာပဲ။
လူတစ်​​ယောက်​ကို ခဏ​လေး​လေ့လာပြီး ​ကောင်းတယ်​ ဆိုးတယ်​ မသတ်​မှတ်​ကြဖို့ သင်​ခန်းစာယူကြပါ သားတို့" လို့ ဆုံးမလိုက်​တယ်။

အားလုံးပဲ သင်​ခန်းစာရရှိနိုင်​ကြပြီး အလျင်စလို ဆုံးဖြတ်​ချက်​ မချမိကြပါ​စေနဲ့​နော်​။
အထူးသဖြင့်​ လူသား​တွေကို ​ကောက်​ချက်​ချရတာ သိပ်​ခက်​ပါတယ်​​။
ဟန်​​ဆောင်​မျက်​နှာဖုံး​တွေ ဖုံးထားတတ်​ကြလို့ပါ။
ကိုယ့်​တဒင်္ဂမြင်​လိုက်​ရတဲ့ အမြင်​တစ်​ခု​ကြောင့်​ အမြဲ​ဒီလူဟာ ဒီအတိုင်းပဲလို့ မဆုံးဖြတ်​မိကြပါ​စေနဲ့လို့ ဆု​တောင်း​ပေးရင်း ...
image

ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

Congratulations @yadanarpoekyuu! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Congratulations @yadanarpoekyuu! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @yadanarpoekyuu! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemFest³ - SteemitBoard support the Travel Reimbursement Fund.

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @yadanarpoekyuu! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 2000 upvotes. Your next target is to reach 3000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Trick or Treat - Publish your scariest halloween story and win a new badge
SteemitBoard notifications improved

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @yadanarpoekyuu! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @yadanarpoekyuu! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.25
JST 0.038
BTC 96656.73
ETH 3341.70
USDT 1.00
SBD 3.20