ဟာသအတိုအထွာ ရယ်မောစရာ (၁၆)
ဟာသအတိုအထွာ ရယ်မောစရာ (၁၆)
ဘာကြောင့် သူအလုပ်မြဲ
ဝန်ထမ်း ။ ။ "ဆရာ ... ကျွန်တော် ဆရာဆီမှာ လုပ်လာတာကြာပါပြီဗျာ၊
တစ်ခါမှ လစာတိုးပေးဖို့ မပြောဖူးပါဘူး"
သူဌေး ။ ။ "အေးလေ ... ဒါကြောင့်လည်း မင်း ငါ့ဆီမှာ အလုပ်မြဲနေတာပေါ့ကွ"
ယုံစရာလား
သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်ဆိုင် ထိုင်နေကြစဉ် ...
ပထမသူငယ်ချင်း ။ ။ "ဟေ့ကောင် ... မင်းသိပြီးပြီလား ... ဟိုအဆိုတော်လင်မယား ကွဲသွားပြီတဲ့ဟ"
ဒုတိယသူငယ်ချင်း ။ ။ "အလကား ... အာပလာတွေ ...
ယုံမနေစမ်းပါနဲ့ကွာ ... မနေ့ကလေးတင် သူတို့နှစ်ယောက် အတူဆိုတဲ့သီချင်း ရေဒီယိုမှာ ငါနားထောင်လိုက်ရသေး"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄