ဟာသအတိုအထွာ ရယ်မောစရာ (၈)
ထီးတစ်လက်၏ ဖြစ်ပုံ
ပထမလူ ။ ။ "ဟိုရက်က ကျွန်တော့်ဆီက ခင်ဗျားငှါးသွားတဲ့ ထီးလေး ပြန်လိုချင်လို့ပါ"
ဒုတိယလူ ။ ။ "အဲ့ဒါမှ ဒုက္ခပဲဗျာ ...မနေ့က သူငယ်ချင်းတစ်ယောက်က အိမ်အလည်လာရင်း အပြန်မိုးရွာတာနဲ့ ထီးမပါလာလို့ ငှါးသွားတယ် ...
သူ့ဆီကနေ ဒီမနက်ကျ သူ့ယောက်ဖက ထပ်ငှါးသွားလို့တဲ့ ... ဘယ်လိုလုပ်မလဲ အားနာလိုက်တာဗျာ"
ပထမလူ ။ ။ "ဟုတ်လား ... ဘယ်တတ်နိုင်မလဲ ...
ကျွန်တော်ကလည်း အဲ့ဒီထီးကို သူများဆီက ငှါးလာတာဗျ ...
အဲ့ဒီလူကလည်း သူ့ယောက္ခမထီးကို ငှါးလာခဲ့တာတဲ့လေ"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄