ဟာသအတိုအထွာ ရယ်မောစရာ (၁၃)
ဟာသအတိုအထွာ ရယ်မောစရာ (၁၃)
သဘောပေါက်လိုက်
လူတစ်ယောက် အမှုကိစ္စဖြင့် ရှေ့နေနှင့် ဆွေးနွေးနေစဉ် _
ရှေ့နေ ။ ။ "ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါမယ်"
တရားခံ ။ ။ "ကျေးဇူးတင်ပါတယ် ... အားကိုးပါတယ်ဗျာ"
ရှေ့နေ ။ ။ "ဒါပေမဲ့ တစ်ခုတော့ရှိတယ် ... ခင်ဗျား ဖြစ်ပျက်ခဲ့သမျှအကုန် ကျွန်တော့်ကိုတော့ အမှန်အတိုင်း ပြောပြထားမှဖြစ်မယ်"
တရားခံ ။ ။ "ရှေ့နေကြီးကလည်း ... ဒီအမှုအတွက် ဈေးကြီးကြီးပေးပြီး ရှေ့နေကြီးကို ငှါးထားထဲက သဘောပေါက်သင့်နေပြီလေ"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄