ဟာသအတိုအထွာ ရယ်မောစရာ (၁၁)
ဟာသအတိုအထွာ ရယ်မောစရာ (၁၁)
ယဉ်လား ရင်လား
အမျိုးသမီးတစ်ဦးမှ ရဲစခန်းသို့ ဖုန်းဆက်စဉ် ...
"ကလင် ... ကလင် ... ကလင်"
စခန်းမှူး ။ ။ "ဟုတ်ကဲ့ ... ဘာများ အကူအညီ ပေးရမလဲ ခင်ဗျာ"
အမျိုးသမီး ။ ။ "ကျွန်မ ဝယ်လာတဲ့ အဝတ်အစားတွေ နေ့လည်က စီးခဲ့တဲ့ taxiပေါ် ကျန်ခဲ့လို့ပါရှင်။
အိင်္ကျီတစ်ထည်တင် ၃သောင်းကျော်တယ်ရှင့်။"
စခန်းမှူး ။ ။ "ဟုတ်ကဲ့ပါ ... စိတ်မပူပါနဲ့ ... ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်ပေးပါ့မယ်။
အမျိုးသမီး ။ ။ "ကျေးဇူးတင်လိုက်တာ ဆရာရယ် ... ကူညီပါဦးနော်"
စခန်းမှူး ။ ။ "ရပါတယ်ဗျာ ... ဒါ ကျွန်တော်တို့ တာဝန်ပဲလေ ...
ဒါနဲ့ ယာဉ်နံပါတ် မှတ်မိလိုက်လားဗျ"
အမျိုးသမီး ။ ။ "အော် ... ဟုတ်ကဲ့ ... မှတ်မိပါတယ်ရှင့် ... ရင် ၃၆၊ ခါး ၂၅၊ တင် ၃၈ပါ ဆရာ"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄
Congratulations @waiyanwin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP