၁၈+ သင်္ကြန်
မနေ့မနက်က အငယ်ကောင်ကို တီးဆိုင်တစ်ဆိုင်ရှေ့က အုန်းလက်မဏ္ဍပ်လေးတစ်ခုကိုရေပက်ဖို့ လိုက်ပို့တယ်။
ကားလမ်းပေါ်တက်မပက်ဖို့ ဝေးဝေးကပက်ဖို့ သူ့ကိုစောင့်ကြည့်ပြောနေတုန်း တီးဆိုင်ကအစ်မက ရေခဲဝယ်ပေးဖို့အကူအညီတောင်းတာနဲ့ သွားဝယ်ပေးရော။
ဝယ်တာကတော့ ရေခဲ ၁၀၀၀ ဖိုးပဲ။ရေခဲဆိုင်ကလဲ ကိုယ်နဲ့ခင်နေတော့ ပေးလိုက်တဲ့ရေခဲတုံးဆိုတာ နဲတာကြီးမဟုတ်ဘူး။
ဆိုင်ကယ်နောက်ကတင်ဖို့ တုပ်ကြိုးလဲပါမလာတော့ ဆိုင်ကယ်ရှေ့ခွကြားထဲတင်စီးလာမိတယ်။
အအေးဓာတ်က ပေါင်တစ်ခုလုံးကိုအေးလာတယ်။
နောက် ခန္ဒာကိုယ်အောက်ပိုင်း။
တီးဆိုင်ရောက်တော့ အစ်မကပြေးလာတယ် သူ့ယောင်္ကျားကလဲရေခဲတုံးကြီး လာ မ.တယ်။
"....မြန်မြန်ယူပါဗျ ဒီမှာပျောက်တော့မယ်...... "
ငှယ် ဘာတုန်းဟ မောင်နေရ... တဲ့ ။
ရီရော... ။
ဒီနေ့မနက် မုန့်လုံးရေပေါ်လုံးပြီး မိတ်ဆွေတွေကိုလိုက်ဝေကြတယ်။
ဒိုင်ခံလုံးတာက မဧဝနဲ့သမီးကြီး။
ဆိုင်ကယ်တစ်စီးနဲ့လိုက်ဝေတာက ကျွန်တော်။
အဲ့ဒီ့မှာ မရီးဖြစ်တဲ့အစ်မတော်က မုန့်ကြာစိစားချင်ပါသတဲ့။
သူ့အတွက်သီးသန့် မုန့်ကြာစိလုပ်ပေးရတယ်။
၁၂ မထိုးခင်ပို့ရမှာဆိုတော့ မုန့်လုံးရေပေါ်ချိုင့်တွေအဆင်သင့်လုပ်
အစ်မအတွက်မုန့်ကြာစိတစ်ချိုင့်အဆင်သင့်ထည့်ထားပေါ့။
ထန်းညက်ရေကျိုနေတုန်း မနက်စာလေးကမန်းကတန်းစား။
စားပြီးတော့ မုန့်ကြာစိချိုင့်ထဲထညက်ရေဆမ်းထည့်။
နောက်ဆုံးမှပို့ရမယ့်အိမ်ဆိုတော့ ထန်းညက်ရည်ဆမ်းထားတဲ့မုန့်ကြာစိချိုင့်က အောက်ဆုံးမှာ။
ငါးဆင့်ချိုင့်ကြီးနဲ့ ဆွဲလို့ ဆိုင်ကယ်တစ်စီးနဲ့ထွက်ခဲ့ရော။
စဉ်းစားကြည့်။
ဒီလောက်ရှုပ်ရှက်ခတ်နေတဲ့ သင်္ကြန်လည်ဆိုင်ကယ်တွေကြားချိုင့်ကြိးကိုလက်တစ်ဖက်ကကိုင် တစ်ဖက်ကို ဆိုင်ကယ်လက်ကိုင်ကိုင်...။
ဘယ်လိုမှ မဖြစ်ဘူး။
အဲ့ကျ ဘယ်လိုစီးရသလဲဆိုတော့ ချိုင့်ကို ဆိုင်ကယ်ခွကြားထဲထားရပြန်ရော....။
ဆိုင်ကယ်လက်ကိုင်ကို လက်နှစ်ဖက်ကကိုင်မှဖြစ်မှာကိုး....။
ချိုင့်ကို ခွကြားထဲထားပြန်တော့ အောက်ဆုံးအဆင့်က ထညက်ရည်အပူဒါဏ်က..............????
အိမ်း
မနေ့ကအအေးဒါဏ်
ဒီကနေ့ အပူဒါဏ်
ပြောပါတယ်.....
ဒီနှစ်သင်္ကြန်ဟာ လခွမ်းသင်္ကြန်ပါဆိုနေ..... 😃😃
....
Ngwe la min
Monywa
This post has received a 20.00 % upvote from @sureshot thanks to: @min2thant.
@sureshot is part of the @fivestargroup movement in collaboration with @block-buster Witness.