မိုးကုတ်နှစ် ၈၀၀ ပြည့်

in #esteem7 years ago

မိုးကုတ် မိုးကုတ် ပတ္တမြားထွက်တာနဲ့ ရွာတည်လာတာ နှစ် ၈၀၀ ပြည့်ပြီပေါ့။ ကြုံတောင့်ကြုံခဲမို့  အထိမ်းအမှတ်ပွဲ လုပ်ကြတာ လာမဲ့ မတ်လ ၂၉ ရက်မှာ ဖွင့်ပွဲလုပ်ပြီး ၃၀ ရက် ၃၁ ရက် နေ့ ထိ သုံးရက်တိုင်ကျင်းပကြမည်ပေါ့။
နိုင်ငံကျော် အနုပညာရှင်များလည်း များပ ၊ အကယ်ဒမီမင်းသမီးများ လေးယောက်လောက်ရှိထင်ပ။ သူ၏တို့  ပုံတွေနဲ့  ပိုစတာမှာကြော်ငြာလိုက်တာပ။ဒါတောင် အကယ်ဒမီမရသေးပေမဲ့ ထင်ရှားနေကြတဲ့ အဆို အက ပညာရှင်များလည်းများတာမို့  ပွဲတော်မှာအားလုံး တီးမှုတ်ကခုန် ဧည့်ခံကြမယ်ပေါ့။
မေတ္တာနဲ့ လာသီဆိုပေးမဲ့ နိုင်ငံကျော်ပညာရှင်များလည်း ဖွင့်ပွဲ ပိတ်ပွဲတို့ မှာ ပါဝင်ကြမယ်ပေါ့။
ဗိုလ်ချုပ်ကြေးရုပ်တဲ့ နှစ်ရုပ်တောင်ဆိုဘဲ ။ မိုးကုတ်အရှေ့ ပိုင်း အနောက်ပိုင်း တပိုင်း တရုပ်ဆီ ဒီနေ့ ဘဲ မန္တလေး ကနေ သယ်ယူ နေကြလေရဲ့။ ဒယ်အိုးဆရာတော် က ဦးစီးလေရဲ့။ ပွဲတော်မှာကြေးရုပ်ဖွင့်ပွဲလည်း ကျင်းပကြမည်ပါသတဲ့။
နိုင်ငံခြား သံရုံးများ က သံတမန်များကလည်း လာချင်ကြလို့  အကြောင်းကြားလာတယ်။နိုင်ငံခြားသား သံများ များနဲ့ နိုင်ငံတော် အဆင့်ဧည့်သည်တော်များ နေထိုင်ရန် အဆင့်ရှိတဲ့ ရွှေလိပ်ပြာဟော်တယ်ကြီးရှိလို့ တော်သေးရဲ့ ပိုင်ရှင် ဦးယောဆက်ကို အပူပေးကြတာပေါ့။ သူ့ ကိုလည်း ဥက္ကဌခန့် ထားတော့  တာဝန်ယူရတာပေါ့။ ပြည်တွင်း ကဧည့်သည်တော်တွေတော့ ဟော်တယ်တွေမော်တယ်တွေမဆန့် လည်း ရန်ကုန် လာနေနေတဲ့ မိုးကုတ်သားတွေရဲ့အိမ်တွေမှာ တည်းကြရန် ခွင့်ပြုကြပါတယ်။ ဘုန်းကြီးကျောင်းတွေရိပ်သာတွေ မှာလည်း တည်းခိုလို့ ရတယ်လို့ စာရင်းပေးထားကြပါတယ်။ စေတနာရှိသလောက်ဘဲလှူရန် ပါဘဲ။ တည်းခိုရန် နေရာ စာရင်းကို ရန်ကုန် ရွှေလိပ်ပြာဟော်တယ် မိုးကုတ် နှစ် ၈၀၀ပြည့်ပွဲတော်ရုံးခန်းမှာ ရရှိမည်ဖြစ်ပါတယ်။
နေပြည်တော် က ဧည့်သည်တော်များ ကို ကြိုဆိုဧည့်ခံရန်ကတော့ နေပြည်တော် က ဒေါ်သက်သက်ခိုင် နဲ့  ဦးထွန်းရင် တို့ ကတာဝန်ယူပါမယ်။
မိုးကုတ်နှစ် ၈၀၀ ပွဲမှာ ဆိုင်ခန်းတွေလည်း ပြသရောင်းချကြပါမယ်။ ကျမကတော့ ဆေးကျော် သွေးဆေး ( မိုး ကုတ် ကြီးတော်ဖွား သွေးဆေး ) အတွက် ဆိုင်ခန်းယူထားပါတယ်။ ရွှေနန်းတော် ရတနာဆိုင်ကလည်း ဆိုင်ခန်း နှစ်ခန်း ယူထားပါတယ်။ ကိုုကာကိုုလာကေတာ့ လာသမ် လူ အလွဴ တိုုက္လိုုပါတယ္တဲ့။ မားမားခေါက်ဆွဲကလည်း ခေါက်ဆွဲတွေချက်ကျွေးချင်တာတဲ့။ဖိုဒ် ကားကတော့ ကျမတို့ ကို ဒစ်စကောင့်နဲ့  ရံပုံငွေကံစမ်းမဲ နဲ့ မဲဖေါက်ရန် ရောင်းပေးပါတယ်။ ဟွန်ဒါဆိုင်ကယ်လည်း ပါတယ်။ မဲပေါက်သူ က ကား ရမယ် ဆိုင်ကယ်ရမယ်ဖြစ်ပါတယ်။ MPT ကတော့ လူတွေများရင် လိုင်းကြပ်မဆိုးလို့  လိုင်းထပ်လွင့်ပေးမဲ့ ကားတစင်းလာထားပေးပါမယ်တဲ့။
ဂျပန် ကလက်ဆောင်ပေးတဲ့ ချယ်ရီပင်တွေကို ရှင်သန်လှပအောင်စိုက်ပျိုးရန်လည်း အရေးကြီးနေပါတယ်။ အင်းနခမ်းမှာ ချယ်ရီပင်တွေနဲ့  ကမ္ဘာကျော် နေရာဖြစ်လာမလားလို့ စိတ်ကူးယဉ်နေမိပါပြီ။
မိုးကုတ်ကို နိုင်ငံခြားသားတွေလည်းလည်ပတ်ခွင့်ရမှာပါ။ မန္တလေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း နှစ် ၈၀၀ ပွဲတော်ကို အားတက်သရော ကူညီပံ့ပိုးမှုတွေလုပ်ပေးနေပါတယ်။ ဟော်တယ်ခရီးသွားဝန်ကြီးဌာန ကလည်း စိတ်ပါလက်ပါကူညီပါတယ်။ ကျန်းမာရေးဝန်ကြီးကလည်း ဆေးရုံလာဖွင့်ပေးရန်စီစဉ်နေတယ်လို့ သိရပါတယ်။
ကမ္ဘာကျော် ရတနာမြေမိုးကုတ်ဟာ မိုးကုတ်မြို့နေပြည်သူများ သာမကမြန်မာ နိုင်ငံ တခုလုံးက ပြည်သူပြည်သားများ ဂုဏ်ယူရသော မြန်မာနိုင်ငံရဲ့ ဒေတခုဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ နိုင်ငံသား အားလုံး ဟာ မြို ခံတွေဖြစ်ပါတယ်။ အနာဂါတ်မှာ နိုင်ငံတကာ တိုးရစ်တွေလာရောက်တဲ့အခါမှာ လည်ပတ်ချင်စရာအေးချမ်းသာယာလှပသော ရာဇဝင်မှာ နာမည်တွင်သော မြို့ လေးအဖြစ် အားလုံး ဂုဏ်ယူစွာတင်ဆက်ကြရမဲ့ မြို့ လေးဖြစ်ပါတယ်။
မိုးကုတ် ကို လာလည်သောသူများ အတွက်ကျမတို့ စီစဉ်ထားတာကတော့ ပွဲတော်ရက်မှာ ဆိုပွဲကပွဲ များ အပြင် မြို့လည်ကအင်းကြီးကို ညအခါမှာ မီးများနဲ့  အလှဆင်ထားပါမယ်။ နံနက်အခါ ဆွမ်းတော်ကြီးလောင်းပွဲရှိပါမယ်။ အရပ်ပေါင်းစုံ လူမျိုးပေါင်းစုံပါဝင်သောဝင်းခင်းပွဲရှိပါမယ်။
အလှူပြုကြသူများရဲ့ စတုဒီသာ မဏ္တပ်များလည်းရှိပါမယ်။ ဖိတ်ကြားထားသောဧည့်သည်တော်များ အတွက်တော့ အကျွေး အမွေး ဖြင့်ဧည့်ခံသော နေရာများရှိပါမယ်။ မိုးကုတ်က စားသောက်ဆိုင်များကတော့ ဈေးလည်း ချို သလို အလွန်လည်း စားမြိန်ပါတယ်။ မိုးကုတ်ဒေသ အစားအစာများ ကို ရောက်တုန်းေ၇ာက်ခိုက် သုံးဆောင်ကြရန် တိုက်တွန်းပါတယ်။
လည်ပတ်စရာနေရာများ ကတော့ ဘုရားများရှိပါတယ်။ ရေတံခွန်လည်းရှိပါတယ်။ ကျောက်တွင်းများ တူးနေတာ အချို့နေရာများ မှာကြည့်ရှူနိုင်ပါတယ်.။ ပြခန်းများလည်းထားရှိပေးပါမယ်။ ကျောက်ဝယ်ရန် ဌာ ပွဲလည်း ရှိပါတယ်။
ဘာနတ်တောင်ဘက်သွားရင် ဘားနတ်စစ်သင်္ဂြိုင်းကတော့ ရာဇဝင် လေ့လာသူများ အတွက်ပါ။ အဲဒီဘက်မှာ နဂါရုံဘုရားလည်း ရှိပါတယ်။ လီဆူကျေးရွာများလည်း လည်ပတ်နိုင်ပါတယ်။ တောင်တက် တောင်ဆင်း ဟိုက်ကင်လည်းလုပ်နိုင်ပါတယ်။ ဟော်တယ်မှာ တိုး ဂိုက်တွေစီစဉ်ပေးပါမယ်။
ဆွမ်းကြီးလောင်းချင်ရင်လည်း သံဃာ အပါး ၂၀၀၀ ဆွမ်းလောင်းမည့်ပွဲမှာ ပါဝင်ရန် စီစဉ်ပေးပါမယ်။
ပွဲတော် က ကောက်ခံရရှိသော စပွန်ဆာ ငွေနှင့် အလှူငွေများ ကို မိုးကုတ်မြို့ အနာဂါတ် ဖွံ့ ဖြိုးရေးများအတွက် အသုံးပြုသွားမည်ဖြစ်ပါတယ်။ လူငယ်များ မူးယစ်ဆေးဝါး ကင်စင်စေရေး၊ ကျောက်မျက်လုပ်ငန်း ကျောက်သွေးလုပ်ငန်း၊ တိုးရစ်ဇင်လုပ်ငန်းတို့ ဖြင့် အသက်မွေးနို်င်ရေးတို့ ကို ဦးစားပေးလုပ်ကိုင်သွားမည်ဖြစ်ပါသည်။
မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော်တွင် လာရောက် ဆင်နွဲလို ကြသူများ တည်းခိုရေး နေထိုင်ရေး အဆင်ပြေကြစေရန် မိုးကုတ် နှစ် ၈၀၀ ပြည့်ကော်မတီရန်ကုန် မန္တလေး မိုးကုတ်မှ တာဝန်ယူနေပါတယ်။ အားလုံးကိုဖိတ်ခေါ်ပါတယ်။ ရန်ကုန်က သွားလိုသူများ လိုအပ်တာကို မိုးကုတ်ကော်မတီ ရန်ကုန် ရုံး ရွှေလိပ်ပြာဟော်တယ် ကို ဆက်သွယ်ကြပါ။ ကူညီပါရစေ။ ဖိတ်ခေါ်ပါတယ်။

ခင်ခင်ကျော့

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62571.47
ETH 2429.90
USDT 1.00
SBD 2.66