ကျွန်တော်သာ အနာဂတ်ကို တစ်မိနစ် ကြိုသိခွင့်ရလျှင်

in #esteem7 years ago

ကျွန်တော်သာ အနာဂတ်ကို
တစ်မိနစ် ကြိုသိခွင့်ရလျှင်

image

အချစ်ဆုံးသူရဲ့ ရက်စက်တဲ့စကားလုံးတွေဆီက
သီသီလေး ကျော်လွှားနိုင်ပါလိမ့်မယ်

အမုန်းဆုံးသူရဲ့ မုသားချိုချိုအပြောအဆိုတွေဆီမှ
ပွတ်ကာသီကာ ရှောင်လွဲနိုင်ပါလိမ့်မယ်

ကိုယ်တန်ဖိုးထားချစ်မြတ်နိုးတဲ့သူတွေရဲ့ နောက်ဆုံးဘ၀ခရီးကို
အေးချမ်းစွာပို့ဆောင်ပေးနိုင်ပါလိမ့်မယ်

ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့သူရဲ့လိုအပ်ချက်တွေကို
သူမပြောရပဲ ကိုယ်တတ်စွမ်းသလောက်
ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်

ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက
ပြဿနာတွေကို အရင်ထက်ပိုဖြေရှင်းပေးနိုင်ပါလိမ့်မယ်

ကိုယ်ကိုယ်တိုင် အသက်ဘေးမှလည်း သီသီလေး လွတ်ကင်းနိုင်လိမ့်မယ်

သေမယ်ဆိုရင်တောင် ကိုယ်ဘယ်လိုဘယ်ပုံသေမယ်ဆိုတာ တစ်မိနစ်ကြိုသိခွင့်ရမယ်

ယုတ်စွအဆုံး ကိုယ့်ဘ၀ရဲ့နောက်ဆုံးအချိန်မှာ
ဘယ်သူတွေ ဘယ်မိတ်ဆွေတွေ ဘယ်သားသမီးတွေက
ဟန်ဆောင်ဝမ်းနည်းငိုကြွေးနေမလဲဆိုတာ
ပြုံးပြုံးကြီးနားလည်သဘောပေါက်သွားနိုင်ပါတယ်

         # Present By

@uoomyothant

I am Waiting Upvote From

@good-karma

@fruz

@hr1

@esteemapp

**bold**image

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68180.36
ETH 2642.05
USDT 1.00
SBD 2.70