ကြွေလွင့်ရွက်လွှာ အပိုင်း(၈)
ကြွေလွင့်ရွက်လွှာ အပိုင်း(၈)
တီ..တီ..တီ´´.....ငြိမ်သက်နေသော..အိပ်ခန်းလေးအတွင်း..နာရီနိုးစက်လေးက.စတင်ပြီးအသက်သွင်းပေးလိုက်၏...။...တစ်ဖက်ခန်းက..ဒေါ်မြင့်မေတစ်ယောက်..အံ့သြနေမိသည်...သူ့မ သားအကြောင်း သူမအသိဆုံး.နိုးစက်နာရီကိုသူမဝယ်ပေးထားပေမယ့် ဘယ်သောအခါမှမသုံး....။သူမက..စောစောထဖို့နိုးစက်ပေးခိုင်းလျှင်လည်း..ကိုယ့်အသိစိတ်နှင့် ကိုယ်ထမည်ဟု..ဆင်ခြေအမြဲပေးနေကြ...နိုးနေ လျှင်လည်းမထ အိပ်ရာပေါ်ဝယ်ဇိမ်ယူပြီးအိပ်နေမြဲပင် သူမကိုယ်တိုင်သွားနိုးမှထနေကျ..။အခုတော့....ထူးခြားနေပါလား...။အဝတ်လဲနေရင်း...တစ်ဖက်ခန်းရဲ့ အသံကိုသူမ နားစွင့်နေမိသည်...။ ဟော.....ရေသံတွေကြားနေရတယ် ...ရေချိုးနေပုံပဲ....သူမလဲအဝတ်လဲပြီး..အခန်းထဲမှထွက်ကာ...အောက်ထပ်ဆင်းပြီး..မနက်စာပြင်နေလိုက်၏..။နာရီဝက်လောက်ကြာသောအခါ....လှေကားမှခြေသံကိုကြားလိုက်ရ..သည်.။...သူမ...အိမ်ရှေ့သို့ထွက်လိုက်ပြီး...
ဘယ်လဲသား...´´...အမေ....သားတို့ ဒီနေ့ ပရဟိတ ကွင်းဆင်းလေ့လာရေးရှိတယ်...နေ့လည်ကျရင်တော့ကျောင်းကိုသွားမယ်...အမေ ဘာခိုင်းအူးမလဲ...´´...
မခိုင်းပါဘူးကွယ် ငါ့သားကိုအမေဒီနေ့မနိုးရပါလား..နှိုးစက်သံလဲအမေကြားမိလို့.....´´...အဖွဲ့တူတူလုပ်ရမယ့်ကောင်မလေးတေစ်ယောက်နဲ့ချိန်းထားလို့အမေ စသိသိချင်းကိုယ့်ဘက်ကနောက်ကျနေမှာဆိုးလို့..´´ ဘွတ်ဖိနပ်ကြိုးချည် ရင်း...သူ့အမေ ကိုရှင်းပြနေလေသည်..။...နာရီကိုလှမ်းကြည့်တော့..ခုနစ်နာရီခွဲ....ချိန်းထားတာက ရှစ်ခွဲ....နောက်ကျတော့မယ်...ဝသန်တစ်ယောက်တည်းသူ့ကိုစောင့်နေပေလိမ့်မည်..။...
အမေ..မနက်စာကို..အပြင်မှာပဲစားတော့မယ်..´´ဟုပြောပြီး.......ခြံထဲမှအပြေးတစ်ပိုင်းထွက်သွားသောသားရဲ့...ကျောပြင်ကိုကြည့်ကာ...အံ့သြနေဆဲ..လင်းရောင်ဆိုတာက...ဘယ်အရာမှသူ့သဘောနှင့်သူဆောင်ရွက်ခဲသည် ယခုပရဟိတကလည်းသူမနားချထားလို့ပင်..လင်းရောင်က..တိုက်တွန်းမှ..လုပ်လေ့ရှိသောသူ...ဆူးခက်နှင့်တွေ့ဖို့သွားတိုင်း ယခုလောက်မတက်ကြွ....သူမကဘေးက..တွန်းနေရသည်...နောက်ကျလည်းအရေးမလုပ်....ထို့ကြောင့်လည်းဆူးခက်နှင့်မတည့်...။ခုတော့ လင်းရောင်မဟုတ်သည့်အတိုင်း...တက်ကြွနေလိုက်တာ..... ..။
ဆက်ရန်