မျှော်လင့်ချက်

in #esteem5 years ago (edited)

19622922_1441598789233647_3194954922281926656_n.jpg

အသက်ဆိုတာ ရှင်သန်နေသေးသရွေ့ လူတိုင်းမျှော်လင့်ချက်ဆိုတာရှိနေသင့်တယ်။
ဘဝဆိုတဲ့အဓိပ္ပါယ်ကိုက အသက်ရှင်သန်ခြင်းတဲ့
ရှင်သန်နေမှတော့ မျှော်လင့်ချက်ဆိုတာ ရှိသင့်တယ် ထားသင့်တယ်
လူတွေအသက်ရှင်နေကြတယ် လူငယ်တွေပြောပြောနေကြတဲ့ အချစ်ကြောင့်သက်ရှင်တယ်တဲ့
မှားလား မမှားဘူးလို့ပြောနိုင်ပေမယ့် အဓိက လူတွေရဲ့အသက်ကိုဆွဲဆန့်နိုင်တာ မျှော်လင့်ချက်ဆိုတဲ့အကြောင်းတရားတွေကြောင့်
မျှော်လင့်ချက်ကိုသာအကြောင်းပြု သူ့နောက်ကနေပြီး ယုံကြည်ချက် ငြိမ်းချမ်းမှု လူငယ်တွေပြောပြောနေကြတဲ့ ချစ်ခြင်းမေတ္တာ အစရှိသည်တို့သည် ထာဝရ ရှင်သန်နေနိုင်ကြပါလိမ့်မယ်။
လူတွေပြောပြောနေကြတယ် မျှော်လင့်ချက်တွေမဲ့နေတယ် ပျောက်နေတယ် မရှိတော့ဘူး အဝေးသို့ရောက်သွားပြီ စသည်ဖြစ်နဲ့
တကယ်တမ်းတော့ လူတွေကသာ မျှော်လင့်ချက်ကို ဥပေက္ခာပြု သတိမမှု
မျှော်လင့်ချက်ကတော့ လူတွေအနား တဖါးဝါးမှမခွါ တွယ်ကပ်နေတယ်ဆိုတာ
လူစိတ်ကပါလာတဲ့ အကြောက်တရားများကြောင့် မျှော်လင့်ချက်မဲ့တယ် ပျောက်တယ် မရှိတော့ဘူး စွန့်ခွါသွားတယ် ဒါတွေကိုတွေးပြီး လက်ခံနေမှာလား
မျှော်လင့်ချက်ကိုထား မျှော်လင့်ချက်ကြောင့် အိမ်မက်တွေဖြစ်လာမယ်
အိမ်မက်တွေကို ရုပ်လုံးဖော် ရရှိလာမယ့်လမ်းစကိုအစပြု ရဲရဲကြီးသာဆက်လျှောက်ပေတော့
ခက်တယ်ခဲတယ် ဒီပြသနာ လူတိုင်းနေ့စဉ်ကြုံနေရတယ်
သိပ့်တော့ဆန်းကျယ်လှတဲ့စကားမဟုတ် ခက်ခဲတာတွေကို တွေးကြောက်နေရင် ရှေ့လာမည့် အလားအလာကောင်းတွေနဲ့ဝေးရမယ်
ပင်ပန်းတာကို မဆွေး ရှုံးနိမ့်ခဲ့တာကို ထပ်ခါထပ်ခါ စမြုပ်ပြန်မနေပဲ မည်သို့ ဆက်လျှောက်သွားရမယ်ဆိုတာကိုသာ
မျှော်လင့်ချက်တခုကိုအစပြုပြီး တစိုက်မက်မက်လျှောက်လှမ်းပေလော………
author:@thura
photo:google images

Sort:  

Image Source ထည့်ပေးပါ ဘရို။

"အဲ"
ကျုပ် အ တဲ့အကြောင်းလိုရင်းပြောရတော့မယ်အစ်ကိုကြီးရေ
image sourceကို မြန်မာတွေ မည်သို့မည်ပုံ ပြုလုပ် ထည့်သွင်း ဖော်ကြကြောင်းကို တစ်ချိန်က လေ့လာခဲ့ခြင်းမရှိ စတီးမစ်နဲ့ အဆက်အသွယ်ပျက်ခဲ့မိတယ်ဗျ။google imagesဟုသာအလွယ်ထည့်ခဲ့ရတယ်။image sourceနဲ့မှ အဆင်ပြေနိုင်မယ်ဆိုရင်တော့ မည်သို့ပြုလုပ်ကြောင်းကို လေ့လာပြီးမှပဲ ထည့်နိုင်တော့မယ်ဗျ။
လိုအပ်ချက်အတွက် တောင်းပန်ပါတယ်အစ်ကိုကြီရေ

ထည့်တက်အောင်တော့ လေ့လာကြည့်ပါ
မလုပ်တက်ရင်လဲ ကိုယ်ပိုင်ပုံလေးတွေ အဆင်ပြေအောင် ရိုက်ပြီးထည့်ပေါ့ဗျာ
လူသာတွေအကြောင်းရေးတာ လူသားတွေရဲ့ မျက်မြင်ကိုယ်တွေ့ ပုံတွေ ဖန်တီးလို့ရပါတယ်

အေးဗျာ ဒီစိတ်ကူးအကြံမဆိုးဘူးဗျ
ကျုပ် ဓါတ်ပုံရိုက်တာ သင်ယူရင်းနဲ့ အကြောင်းအရာအသစ်အဆန်းလေးတွေဖန်တီးပြီ ရေးကြည့်ဦးမယ်ဗျာ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57151.22
ETH 3067.19
USDT 1.00
SBD 2.32