စိတ်ပျက်နေပြီလား ကောင်လေး

in #esteem5 years ago

i9gney2hdo.jpg
စိတ်၏ သဘောနဲ့မနောက ကောင်းလွန်းပြီး ပွင့်လင်းစွာဆက်ဆံခဲ့လေသမျှ ကန်းတက်လာခဲ့ကြတာ အားလုံးပါပဲဆိုပြီး မင်းပြောခဲ့တယ်။
အားနည်းချက်တစ်ခုကြောင့် မပြေမလည်ဖြစ်နေရတဲ့ဘဝတစ်ခုအတွက် ပူဆွေးမနေပါနဲ့ ကောင်လေး။
ဒီတစ်နှစ် မင်းကြိုးစားခဲ့တယ် ကျားကုတ်ကျားခဲ ရေကုန်ရေခမ်း လက်ပမ်းကျမတက်ပေါ့။
မင်းရဲ့စိတ် ဘယ်လောက်မာသလဲဆိုတာ ငါအသိဆုံးပါကွာ။
့မင်းတကယ်ဖြစ်ချင်နေတဲ့ မင်းစိတ်ကူး မင်းအိမ်မက် မင်းအခြေအနေ မင်းအနေအထားဆိုတာ ဥုံဖွဆိုပြီးတော့ ချက်ခြင်းကြီး မဖြစ်လာနိုင်ဘူးလေကွာ။
တခါတလေမှာ ကိုယ်ထင်ထားတာတွေနဲ့ ကိုယ့်ရဲ့မျှော်လင့်ချက်တွေနဲ့ တလွဲဖြစ်သွားတက်တယ်ကွ။
အိမ်မက်ကြီးကြီးမက်သူတိုင်းရဲ့ မလွဲမသွေ ကြုံတွေ့ခဲ့ဖူးကြတဲ့ အတွေ့အကြုံတစ်ခုပါ။
ဒါကြောင့် သောကတွေ ဝေနေဖို့မလို သိထားဖို့လောက်တော့လိုအပ်တယ် ကောင်လေးရေ။
မာပါတယ်ဆိုတဲ့မင်းရဲ့စိတ် ဒီလောက်အထိတောင် ကြိုးစားလာခဲ့ပြီးမှ ပွဲတွေ ပွဲတွေ တစ်ပွဲမှမလွတ်အောင် နွှဲလာခဲ့ပြီးမှ အလျော့ပေးပြီး ဒူးထောက်လိုက်တော့မယ်ဆိုရင်တော့ ရှုံးနိမ့်ခြင်းများနဲ့သာ မင်းကြုံတွေနေရပါလိမ့်မယ် ကောင်လေး။
မင်းကြိုးစားခဲ့တယ် မင်းရုန်းကန်လာခဲ့ရတယ် မင်းအောင်မြင်မှုတစ်ခုကိုရှိလာခဲ့တယ်။
အဲ့ဒီ အောင်မြင်မှုကို ဖက်တွယ်လာရင်းနဲ့ ချိန်တွက်ထားတာတွေက အခန့်မသင့် တလွဲတချော်တွေဖြစ်လို့ စိတ်ပျက်ပြီး နောက်ဆုံးကျမှ မင်းလက်လျော့လိုက်တော့မယ်ဆိုရင် မင်းကြိုးစားလာခဲ့သမျှ သဲထဲရေသွန်ရင်တောင် အရာလေးတောင်မကျန် ဖြစ်တော့မပေါ့ကောင်လေး။
author:@thura

Sort:  

ဖိုင်တင်း ကိုသူရ တစ်ခါတရံမှာ ခါးသီးလဲ ကျော်ဖြတ်လိုက်ဟေ့

ခါးသီးနေ့ရက် ဖြတ်ကျော်ရင်းလေ နာရီတိုင်းမှာ စာနာမယ့်သူမရှိဘူးလေ
မင်းကလွဲပြီး ဆက်မချစ်နိုင်တော့ပေ ဆိုလားဆိုလား ဒီသီချင်းကိုအမှတ်ရမိလိုက်တယ် ခါးသီးတယ်ဆိုလို့ပါဗျာ ဟဲဟဲ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အီးစတင်းရေ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56570.01
ETH 3028.13
USDT 1.00
SBD 2.29