နေတက်သလိုလေးနေလိုက်ကြပါတော့

in #esteem5 years ago

gumqlw7xup.jpg
လက်ညိုးကြီးတထိုးထိုးနဲ့မြန်မာမကောင်းကြောင်းဖောက်သည်ချနေမိတဲ့ကျုပ်ဒီနေ့အတွက်ကတော့ဘာမှရေးဖြစ်တော့မယ်မထင် နေ့တိုင်းရေးနေလို့လည်းမဖြစ် မကောင်းကြောင်းဆိုတာကလည်းအမြဲပြောနေမိမယ် တွေးနေမိမယ် ရေးနေမိမယ်ဆိုရင် မိမိရဲ့စိတ်ကလည်း အဆိုးမြင်သံသရာထဲတဝဲလည်လည်နဲ့ ဒါပေမယ့်လည်းလက်တီးလက်မောင်းတန်းပြီးရေးခဲ့ခြင်းမဟုတ်ဘူးဆိုတာကိုတော့ ရေးခဲ့သောစာဖတ်ကြည့်တာနဲ့ပေါ်လွန်နေတယ်လေ။ခက်နေတာကလူစိတ်ဆိုတာကလည်းမကောင်းသောအရာ၌ပျော်မွှေ့တက်လေတဲ့ မကောင်းတာကိုမကြိုက်နှစ်သက်ကြပေမယ့်လည်းမကောင်းတဲ့အရာလေးတွေကိုအမြဲပြုမှုနေတက်ကြတာကလည်းသဘာဝလို့ထင်ပါရဲ့ မကောင်းတဲ့အကြောင်းအရာကိုအဖန်တလဲလဲထပ်ခါထပ်ခါပြောနေမိတက်ကြသော်လည်း ကောင်းတာလေးတွေဆိုရင်တော့မရှိရှိတာရှာကျန်ပြောကြဖို့ဝန်လေးနေတက်ကြတယ်တဲ့ …………………………………………
ကျုပ်ကမကောင်းတဲ့စိတ်အမြဲမရှိပါဘူး မဟုတ်ရင်မခံတက်တက်တဲ့စိတ်လေးရှိနေလို့ပါ။ကျုပ်ကိုမတရားတာလာမလုပ်နဲ့ မတရားတဲ့ကိစ္စဆိုရင်လက်ပိုက်ကြည့်နေမယ့်ကောင်မဟုတ်ဘူး။ကျုပ်နဲ့မဆိုင်လည်းဝင်ပါရမှာပါပဲစသည်စသည်ဖြင့်မဟုတ်မခံစိတ်များဖောက်သည်ချနေသောလည်းဟုတ်ရင်ကောဝန်ခံမှာလားဆိုတော့ ဒါကတော့ဗျာ လူဆိုတာအသက်နဲ့လူလုပ်နေတာမဟုတ်ဘူးအရှက်နဲ့လူလုပ်နေတာ ဟုတ်လည်းဝန်မခံနိုင်ဘူးဗျာ ဟုတ်ပါတယ်ဆိုပြီးဝန်ခံလိုက်ရင် ကျုပ်အရှက်ကွဲသွားမှာပေါ့ အသက်သာအသေခံမယ်အရှက်တော့အကွဲမခံနိုင်ဘူး………………………………………………
အတ္တဆိုတာလူတွေရဲ့ဖြစ်ချင်သောစိတ်ကိုတွန်းအားပေးနိုင်ပါတယ်။အတ္တကိုသာရှေ့တန်းတင်သွား မဖြစ်နိုင်ပါဘူးကွာဆိုတဲ့အရာတွေကိုတောင်အတ္တစိတ်ကဖြစ်မြောက်အောင်ဦးဆောင်သွားပါလိမ့်မယ်။အတ္တစိတ်မပါပဲနဲ့တော့လူလောကမှာဖြစ်နေတဲ့အတိုင်း သင်ဟာဖြတ်သန်းနေရပါဦးမယ်……………………………
author: @thura
photo:cedit google images

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ပေးပါ့မလားဆိုပြီးမျှော်နေရတယ်ဗျာ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 65862.35
ETH 3444.22
USDT 1.00
SBD 2.68