အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုး

in #esteem5 years ago (edited)

ကျုပ်တွေးနေမိတယ် ဘာတွေတွေးသလဲ အခြားတော့မဟုတ်ပါဘူး လွန်ခဲ့တဲ့လေးလခန့်ကအချိန်ကိုပါ အားလုံးကိုအတိအကျမမှတ်မိပေမယ့် အကြမ်းအားဖြင့်လောက်တော့မှတ်ထားမိတယ်။ပြီးဆုံးသွားခဲ့ပြီတဲ့လေးလသောအချိန်ရဲ့တစ်ဝက် နှစ်လခန့်လောက်သာစတီးမစ်မှာပုံမှန်လေးအချိန်ပေးခဲ့ပါတယ်။အဲ့ဒီနှစ်လဟာ ပုံမှန်လေးအလုပ်လုပ်ခဲ့တယ်ဆိုသော်လည်း ကျုပ်အတွက်ကတော့ အချိန်ကိုအမိအရဖမ်းစုပ်ပြီးကျားကုတ်ကျားခဲလုပ်ခဲ့ရတာပါ။ကျားကုတ်ကျားခဲဆိုလို့အခြားမဟုတ် ကျုပ်လုပ်နိုင်တာ လုပ်တက်တာ နားလည်တာ စာရေးပို့စ်တင်တာလေးလောက်ပါပဲ။နှစ်လလောက်လည်းကျော်လွန်တော့ ကျုပ်လုပ်နိုင်ရည်စွမ်းအားကိုမချချက်ပဲလျော့ချလိုက်ပါတော့တယ်။မြန်မာလူငယ်များရဲ့ပါးစပ်၌ရေပန်းစားနေသော လူလည်းအရိုးပဲရှိတော့တယ်။အဲ့ဒီစာသားလေးလိုပါပဲ ပြောရမလောက် လူလည်းအဖိုးကြီးသာသာ မျက်တွင်းတွေညိုမည်းပြီး အားအင်တွေမရှိလောက်တော့အောင် ဒီခန္ဒာ ဒီရုပ်ဟာ အရင်ကနဲ့မတူ ပိန်လိုလာခဲ့လေတော့ ထိုအချိန်ကရင်ဖွင့်ဟခဲ့သည့်အတိုင်း နှစ်ရက်ဆိုတဲ့လေးဆယ်ရှစ်နာရီကိုကောင်းစွာဖြတ်သန်းနိုင်ပါသော်လည်း သုံးရက်မြောက်ကိုကျော်လွန်ချိန်၌ အိပ်ရာထဲမှထနိုင်တော့မယ်မထင် ဒီလိုစိတ်နဲ့စတင်ဈေးမကောင်းတာကတစ်ပိုင်း နှစ်ခုထဲကတစ်ခုကိုဆုံးဖြတ်ချက်ချကာ နေ့စဉ်ဝမ်းတစ်ထွာအရေးကိုဦးစားပေးကာ စတီးမစ်ကိုဖြတ်တောက်ခဲ့ရပါတယ်။ထိုသို့ရွေးချယ်ခဲ့ခြင်းဟာ စတင်းဈေးမြေကြီးထဲထိုးစိုက်နေခြင်းကြောင့်တော့မဟုတ် တစ်ခုခုကိုလိုချင်ရင်တစ်ခုခုတော့မင်းစွန့်လွှတ်ရလိမ့်မယ်ဆိုတဲ့စကားအတိုင်း တောင်မရောက်မြောက်မရောက်မဖြစ်ရလေအောင် စတီးမစ်အပေါ်ရူးသွပ်နေတဲ့စိတ်ကိုခေတ်တလောက်ငြိမ်းသက်သည့်သဘောဖြင့် မေ့မေ့ပျောက်ပျောက်နေလိုက်ခြင်းပါပဲ။ခြုံငုံ၍ပြောရလျှင် ဝမ်းရေးအတွက်အဓိကအသားပေး၍စတီးမစ်ကိုစွန့်ခွာခဲ့ခြင်းကြောင့်ဆိုးကျိုးနဲ့ကောင်းကျိုးဟာ ကျုပ်ဆီသို့တွယ်ကပ်ပြီးလိုက်ပါခဲ့ပါတော့တယ်။ဥာဏ်ပညာ၌သာမန်အဆင့်လောက်သာရှိပါသောကျုပ်ဟာ လောဘစိတ်နဲ့ပတ်သက်လာရင် ရေကုန်ရေခမ်း ကျားကုတ်ကျားခဲ မရပ်မနား စိတ်စွမ်းအင်ကိုထုတ်လွှတ်ကာ လုပ်နိုင်သမျှလုပ်တက်သလိုစွဲလမ်းကြီးစွာ ဇွဲမလျော့စတန်းနဲ့လုပ်လေ့လုပ်ထရှိပါတယ်။ပြီးဆုံးသွာခဲ့ပြီဖြစ်သောလေးလသာကာလတစ်ခု၌ ကျုပ်ထားရှိခဲ့ပါသော ဖြစ်ချင်သောလောဘစိတ်သည် အရင်ကနဲ့မတူတစ်ခုခုကိုအမိအရဖမ်းစုပ်နိုက်ရမည် လွတ်သွားလို့မဖြစ် လက်လွှတ်လိုက်ရလျှင် ကြိုးစားခဲ့သမျှ ထိုက်သင့်သောကောင်းကျိုးခံစားရမည်မဟုတ် လွဲချော်သွားလို့မဖြစ် ကျုပ်ပစ်လွှတ်လိုက်သောမြှားဟာ ဆုံမှတ်ဗဟိုတည့်တည့်မှန်မှ ကျုပ်ကျေနပ်စိတ်ဖြစ်မည်။ကျုပ်ပစ်လိုက်သောမြှားတစ်စင်းဟာ
ယခုတော့ တက်သိနားလည်လုပ်ခဲ့သလောက် ပစ်မှတ်ကိုထိမှန်ခဲ့ပြီးပါပြီ။ဒါဟာဝမ်းရေးအတွက်ဦးစားပေးခဲ့လို့ရရှိခဲ့တဲ့ကောင်းကျိုးတစ်ခုပါပဲ။ကောင်းကျိုးပြီးတော့ဆိုးကျိုးအကြောင်းလေးဆက်လက်ရေးချရင်လျှင်ကျုပ်ဘာလုပ်လုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားခဲ့တယ်။စတင်းဈေးအကျဘက်၌အလေးသာနေသောအချိန်ဈေးမပြောင်းလဲပေမယ့်ပြောင်းလဲသွားခဲ့တာတွေကတော့နည်းပညာတွေပင် တိုးတက်စွာပြောင်းလဲသွားခဲ့၏။ကျုပ်ရဲ့ဥာဏ်တစ်ထွာလေးလောက်နဲ့လိုက်လို့မမှီတစ်ခုပြီးတစ်ခုအသစ်ပသစ်တွေထပ်လို့နေ၏။ထိုပြောင်းလဲမှုတွေကိုအသစ်ကနေစပြီးလေ့လာနေရသေး၏။ကျုပ်ကသာမမှီမကမ်းလေ့လာနေရတုန်းဆိုသော်လည်း ပြောင်းလဲခြင်းတွေကိုအမိအရဖမ်းဆုတ်တစ်ခုမှမလွတ်အောင်လုပ်ဆောင်ကာ စတီးမစ်၌မြန်မာတက်ပျောက်မသွားရလေအောင်နေ့စဉ်နှင့်အမျှကြိုးစားနေကြသောသူတွေကိုမြင်မိလေတော့အားရမိပါ၏။ထိုသူတို့သည်စတီးမစ်၌မြန်မာတက်ပျောက်မသွားရလေအောင်ကာကွယ်စောင့်လျှောက်သောသူတွေဟုသာလိုရင်းအမြင်တိုရှင်းစွာပြောလိုက်ပါတယ်။သွားကြသွားကြနောက်မကျအောင် ကျုပ်တစ်ယောက်နှေးကွေးသောလိပ်ခြေလှမ်းများနဲ့ဖြေးဖြေးလေးနောက်ကလိုက်ခဲ့မယ်။
author: @thura

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66521.28
ETH 3454.20
USDT 1.00
SBD 2.67