အားကိုးရာ

in #esteem5 years ago (edited)


စတင်းတွေရှာဖွေရတဲ့ဒီလောက $ဆိုတာလောက်တန်ဖိုးကြီးတာ ဘာမှမရှိဘူး။
ယုံကြည်မှုဆိုတာကို တည်ဆောက်တဲ့နေရာမှာ $မရှိပဲတည်ဆောက်လို့မှမရတာ $ဆိုတာစတင်းလောဘသားတွေရဲ့ အသဲနှလုံး တနည်းအားဖြင့်သဲခြေအကြိုက် $ရှိလျှင်တစ်ဦးနှင့်တစ်ဦး ယုံကြည့်နိုင်ဖို့ လုပ်ယူဖန်တီးရတာမခက်ခဲ စတင်းလောကမှာ ကျန်တာတွေကိုဘေးချိန် $သာလျှင်အဓိက $ရှိလျှင် စတင်းကမ္ဘာ၌ အင်ပါယာချဲ့နိုင်ဖို့မခက်ခဲလှ…………………………

ကျုပ်စတီးမစ်ကိုဘူးမသိ ဘာမသိနဲ့ စာရေးပို့စ့်တင်ရင်$ရမယ်ဆိုလို့သာ လုပ်ခဲ့တာ ဘာတစ်ခုမှနားလည်းထားခြင်းမရှိ စာကိုဘယ်လိုရေးရမလဲဆိုတာကိုလုပ်ရင်းကိုင်ရင်း ရေးရင်း တင်ရင်းနဲ့လုပ်လာခဲ့တာ ဟုတ်တယ် လိုရင်းတိုရှင်း တကယ်ကိုအံ့သြမတက် ကျုပ်စာရေးပို့စ်တင်လိုက်တိုင်း$ရခဲ့ပါတယ်။
$ရခဲ့မှာပေါ့ပရိုမိုးရှင်းတစ်ခုလုံးကတစ်ရက်တစ်ပုဒ်နှုန်းထားနဲ့ပေးလာခဲ့တာကိုးဗျ။
ဒီလိုနဲ့ကြိုးစားပြီးပရိုမိုးရှင်းတင်လာခဲ့တာ ကိုယ်ပိုင်spရလာပြီးနောက်ပိုင်း၌ ပြင်ပကနေ့စဉ်စပေါ့ပေးတယ်ဆိုတဲ့အသံကြားသိမြင်ရလေတော့ ကျုပ်နားလည်ထားသည့်အတိုင်း ပြင်ပကစပေါ့ကို ရှာကြံကြည့်တာပေါ့ဗျာ။
အဲသိပ့်မကြာလိုက်ဘူး ကျုပ်ကြိုးစားမှုတွေအရာထင်ခဲ့တယ်။စတီးမစ်လောကမှာ ထိုအချိန်ကesteemappကပေးတဲ့စပေါ့လောက် ပရိုမိုးရှင်းရှိတာကလွဲလို့ ဘယ်tagကမှသူ့လောက်အပေးမကြမ်း စတီးမစ်လောက၌ ပြိုင်ဘက်ကင်းappတစ်ခုအနေဖြင့် ရှေ့ဆုံးကနေရှင်သန်လာခဲ့သည်မှာ ဒီနေ့အထိပါပဲ။

စတင်းဈေးတွေကထိုးကျ ရပေါက်ရလမ်းတွေကမတွေ့ စတင်းတွေကျုပ်မှာရှိလို့ ကြေးစားငှားဘုတ်မယ်ဆိုရင်တောင် ဆုံးရှုံးမယ့်ကိန်းရှိနေတော့ စတီးမစ်မှာ ရေးတင်လိုက် မတင်လိုက် ဘာလုပ်ရမလဲကိုယ်မသိ မရမှာခြင်းအတူတူ အနားပေးခဲ့တာ အလုပ်တစ်ခုပေါ့တယ် နားခဲ့မိတယ် မှတ်မှတ်ရရနှစ်လကျော်မယ်ထင်ပါတယ်။
ဒါပေမယ့်ရလိုရစိတ်နဲ့စိတ်ကူးပေါက်ရင်တော့ ရေးချင်သလိုရေးခဲ့တယ်လေ။
မရတော့မရေးဖြစ် ရေးလိုက်မရေးလိုက်နဲ့ ထိုအချိန်တွေကိုဖြတ်သန်း good-karmaကလည်းကျုပ်ကိုပေးလိုက်မပေးလိုက် မရတာများလေတော့ စိတ်ကရေးချတင်ပြဖို့တောင်စိတ်ကပျက် ဒီသံသယာဝဲဂယက်၌ ရုန်းမထွက်နိုင် စိတ်ကဂယောက်ဂယက် တဝဲလယ်လယ်ဖြစ်နေရင်း တနေ့၌ esteem-myanmar tagကိုထည့်ရင်@mmunitedကတာဝန်ယူကာ အတက်နိုင်ဆုံးesteemappရဲ့စပေါ့ရလေအောင် ကူညီဆောင်မ ပေးမယ်ဆိုသောသတင်းစကား ကြားရလေတော့ အားတက်ပြီလေ ရမယ့်ကိစ္စ မှုနေလို့မှမဖြစ်တာ ဘဲဥမကွဲနိုင်ပဲ ဒီတိုင်းနေမယ့်အစား ရေးတင်ဦးမှ တကယ်ပါပဲ အရင်ကနဲ့မတူ စာရေးတင်တိုင်းရခဲ့လေသည်။
ကဲစိတ်ထဲရှိတာကိုတော့ လိုရင်းတိုရှင်းရေးချခဲ့ပြီ။နောက်ထက်ပေါ်လာရင်လဲရေးဦးမယ်ဗျို့ စာရေးအားကောင်းလာအောင် ပြန်လေ့ကျင့်သည့်သဘောပါပဲ
author:@thura
photo:my

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ရေးလက်စနဲ့ဆက်ရေးဦးမယ်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63622.11
ETH 2505.87
USDT 1.00
SBD 2.67