သမီး​ကျောင်းတက်​ချင်​​သေးတယ်​ အ​ဖေ

in #esteem6 years ago (edited)

သမီး​ကျောင်းတက်​ချင်​​သေးတယ်​ အ​ဖေ(၁)

နွေရာသီ​ကျောင်းပိတ်​ရက်​​လေးလည်း ကုန်​ဆုံးခါနီး​​​​​..........
အောင်​စာရင်း​တွေထွက်​တဲ့အချိန်​​လေး​အ​ရောက်​မှာ​တော့ ​အ​ပြေးအလွှားနဲ့............
မိယွန်းတစ်​​ယောက်​ အ​ဖေ...... အ​ဖေ သမီး ၉တန်း​အောင်​ပြီးအ​ဖေရဲ့

-​​ဟေ.... ဒါမှငါ့သမီးကွ
ဝမ်းသာပါတယ်​ သမီး​ကြီးရယ်​........

ဦး​သောင်းတင်​ပထမမှာ​တော့ ​​ပျော်​ရွှင်​​သောမျက်​နှာပုံစံမျိုး​​နောက်​ပိုင်းမှာ အနည်းငယ်​ညိုးသွားတာကို မိယွန်းသတိထားမိသွား​လေ​တော့သည်

အ​ဖေသမီး​ကျောင်းဆက်​မတကချင်​​တော့ဘူး

-ဘာ ......
ထိုစကားက ဦး​သောင်​တင်​ရင်​ထဲကို ​ဗြောင်းဆန်​သွား​အောင်​ခံရခက်​​စေခဲ့တယ်
-သမီး​ကျောင်းဆက်​တက်​ရမယ်​ မိယွန်း နင်​ကအခုမှက​လေးအရွယ်​ဘဲရှိတာ

အ​ဖေ ဒါ​ပေမယ့်​ သမီးတို့က

-​တော်​ပြီ......မိယွန်း နင်​ဘာမှဆက်​မ​ပြော​တော့နဲ့

နင့်​အ​ဖေ ငါအ​ကောင်းကြီးရှိပါ​သေးတယ်​ဟ နင်​သာ​ကျောင်းထွက်​ပြီးအလုပ်​လုပ်​​နေရင်
တမလွန်​က နင့်​အ​မေကို ငါဘယ်​လိုမျက်​နှာပြရမှာလဲ.........

ငိုသံပါ​သော​လေသံဖြင့်​ ဦး​သောင်းတင်​ ​ပြော​လေ​သည်

-အ​ဖေရယ်​...... သမီး​ကျောင်းဆက်​တက်​ချင်​တာ​ပေါ့
ဒါ​ပေမယ့်​ သမီးတို့​မောင်​နှမနှစ်​​ယောက်​ကို ပင်​ပင်​ပန်းပန်းလုပ်​ကိုင်​​ကျွေး​နေတာ မမြင်​ရက်​လို့ပါ.......ဆိုပြီ မိယွန်းစိတ်​ထဲက​နေ​ပြော​နေ​တော့သည်

မိယွန်းတို့​​နေထိုင်​သည်​မှာ မြို့နဲ့မနီးမ​ဝေး ခ​ရေ​ချောင်းဆိုတဲ့​ကျေးရွာ​လေး ဖြစ်​​လေသည်​ မိယွန်းတို့မိသားစု​လေးဟာ စီးပွား​ရေလည်း ​ပြေ​လည်​ရုံ​လောက်​သာဖြစ်​တယ်​ မိသားစု၃​ယောက်​ထဲမှာအငယ်​ဆုံး​မောင်​က​တော့ အဆိုးဆုံး​ပေါ့.........

အ​ဖေ သား​ပြန်​​ရောက်​ပြီ'

-​အေ ငါ့သား​အောင်​လား?

အင်​ ​အောင်​​တော့​ရောအ​ဖေက ​ကျောင်းဆက်​ထားနိုင်​​ပေးလို့လား?
ကျူရှင်​လည်းမတက်​ရနဲ့ သား​တော့မတက်​ချင်​​တော့ဘူး အ​ဖေ

-ဟဲ့ မင်း​ဇော်​ နင်​ ဘယ်​လို​ပြောလိုက်​တာလည်း ကိုယ့်​အ​ဖေကို လာ​တောင်းပန်​လိုက်​ အ​ဖေကို........

အိမ်​ပြန်​လာရင်​ နားကိုငြီး​​​နေတာဘဲ ​​​တော်​ပြီ အပြင်​သွားလိုက်​အုံးမယ်

-ဟဲ့ မင်း​ဇော်​ မင်း​ဇော်​ ...... ငါ​ပြောတာ မကြားဘူးလား.........
-အ​ဖေ သမီးလိုက်​သွားလိုက်​အုံးမယ်

မသွားနဲ့သမီး..... ထားလိုက်​နင့်​​မောင်​ကို

နောက်​တ​နေ့မနက်​မှာ​တော့ မနက်​​စော​စော ဦး​သောင်​တင်​ထ၍ မြို့တက်​ရန်​ပြင်​ဆင်​​နေသည်​ကို

-အ​ဖေ ဘယ်​သွားမို့လဲ.......

အော်​ သမီး အ​ဖေ မြို့တက်​မို့သမီးတို့​ကျောင်းတက်​ဖို့ကနီးပြီးမဟုတ်​လား?
သမီးလိုတာ​လေး​တွေ​ပြော​လေ အ​ဖေဝယ်​ခဲ့မယ်
အိမ်​အတွက်​လည်း လိုတာ​လေး​တွေသွားဝယ်​မို့

-မိယွန်းတစ်​​ယောက်​လည်းမှာချင်​တာ​လေး​တွေ​ရေးပြီးမှာလိုက်​​လေသည်
အ​ဖေ ​စော​စော ပြန်​လာ​နော်​.........

အင်းပါ

ဦး​သောင်​တင်​မြို့​ရောက်​​တော့ .........
-ချစ်​​အောင်​ ချစ်​​အောင်​​ရေ ​.........

ခြံ​ရှေ့မှာ​ခေါ်သံကြားတယ်​ သမီး ​ကြွေလွှာ ခြံတံခါးသွားဖွင့်​လိုက်​စမ်း.......

-ဟာ ​ဖေကြီးတို့ကလည်း သမီးမအားဘူး.....ဂိမ်း​ဆော့​နေတယ်
ဟဲ့ မိ​ကြွေ အ​ဖေခိုင်း​နေတာကို အတွန့်​တက်​ပြန်​ပြီး သွားဖွင့်​စမ်း အခုချက်​ချင်း

-ဟာ.......... ပြီး​ရော သွားဖွင့်​​ပေးပါမယ်​ စိတ်​ဆိုးဆိုးဖြင့်​အိမ်​ထဲကထွက်​လာလိုက်​သည်
ခြံတံခါးဝနား​ရောက်​လာ​တော့ ဦး​လေး ဘယ်​သူနဲ့​တွေ့ချင်​လို့လည်း.........

အော်​.... ဒါ ချစ်​​အောင်​တို့အိမ်​ မဟုတ်​လား

-အင်​ ဟုတ်​တယ်​​လေ....
သမီးအ​ဖေနဲ့​တွေ့ချင်​လို့ပါ

သမီး ဘယ်​သူလဲ တံခါးမဖွင့်​​ပေး​သေးဘူးလား?
-ဟုတ်​ ဖွင့်​​​​ပေးလိုက်​ပြီ......

အိမ်​ထဲ​ရောက်​​တော့ .........
ဟာ..... ​သောင်းတင်​ မ​တွေ့တာ​တောင်​ကြာပြီကွာ မင်းပိန်​သွားလိုက်​တာ

-​အေကွာ

အော်​ ​သောင်းတင်​ကို မင်း သားနဲ့သမီး​ရောဘယ်​နှစ်​တန်း​ရောက်​ကုန်​ပြီးလည်း

ဟုတ်​ မ​လေး​.....အဲ့ကိစ္စဘဲဒီလာတာ

အေကွာ ငါလည်း ငါ့ညီမဆုံးပြီးတည်းက မလာဖြစ်​​တော့ဘူးကွာ အကူညီလိုတာ​ပြော​ပေါ့ကွာ ကူညီနိုင်​တာ​တော့ ကူညီ​ပေးရမှာ​ပေါ့...........

ဟင့်​.........ဟင့်​ ​သောင်းတင်​ ​သောက်​ပါအုံး သံပုရာ​ဖျော်​ရည်​​လေး

-ဟာ မ​လေးတို့ကလည်း မလုပ်​ပါနဲ့ဆို ဧည့်​သည်​​တွေမှမဟုတ်​တာ.......

အေ ​ပြောပါအုံး မင်းကိစ္စ​လေး

-​အော်​.......ဟိုဟာကွာ ငါ့သမီး ဒီနှစ်​ ၁၀တန်းတက်​မို့ အဲ့ဒါ မင်းတို့အိမ်​က​နေ​ကျောင်းတက်​လို့ရမလားလို့ လာအကူညီ​တောင်းတာ..........

ဟာ မင်းကလည်း ​ပြောစရာလိုလို့လားကွာ လာထား ငါတို့မှာလည်း ဒီမိသားစု ၃​ယောက်​ကလွဲလို့ ထမင်း ဟင်းချက်​​ပေးတဲ့ အ​ဒေါ်ကြီးတစ်​​ယောက်​ရယ်​ဒါဘဲရှိတာ............

ဒီလိုနဲ့ ဦး​သောင်​တင်​နဲ့ဦးချစ်​​အောင်​တို့ စကား​တွေ​ပြောဖြစ်​ခဲ့ရာ ​နေ့လည်​ ​တောင်​​ရောက်​လို့နီး​မှာ​တော့

ချစ်​​အောင်​ ငါပြန်​လိုက်​အုံးမယ်​ကွာ ငါ့သမီး​ကျောင်းတက်​ဖို့ကိစ္စလည်းအဆင်​​ပြေပြီဆို​တော့

-​အော်​....... ​အေ......မင်းကလည်း​ရောက်​တုန်းထမင်း​လေးဘာ​လေးစားသွားပါလား.........

-​နောက်​တစ်​ခါမှ​ပေါ့ကွာ.......
ငါလည်းသွားစရာရှိ​သေးလို့ပါကွာ

အေ ​အေ ပြီး​ရော..........မင်းသမီး​ကျောင်းတက်​ရင်​​နေဖို့မပူနဲ့သိလား အဆင်​​ပြေသွားပြီလို့သာမှတ်​လိုက်

-​အေပါ ချစ်​​အောင်​ရာ........

မ​လေးကိုလည်း ငါပြန်​ပြီးလို့ နုတ်​ဆက်​သွားတယ်

လို့လည်း​ပြော​ပေးအုံးကွာ.......

အေ ရပါတယ်​ကွာ

ဒီလိုနဲ့ ဦး​သောင်းတင်​မြို့မှပြန်​လာရာ အိမ်​​ရောက်​​တော့...........

အ​ဖေ ပြန်​လာပြီးလား........
အ​ဖေပြန်​လာတာနဲ့ ​တော်​​သေးတယ်​ အ​ဖေ့သားပြဿနာရှာပြန်​ပြီ​လေ

မိယွန်းရဲ့​ပြောစကား​ကြောင့်​ ဦး​သောင်းတင်​ ခင်​ဗျာ အ​မော​မ​ဖြေရှာဘူး အုပ်​ချုပ်​​ရေးမှူးရုံးသို့အတူလိုက်​သွား​လေ​တော့သည်

ရုံး​ရောက်​​တော့ အုပ်​ချုပ်​​ရေးမှူးက
-ကဲအုပ်​ထိန်းသူ​တွေ​ရောက်​လာကြပြီဆို​တော့ ကိစ္စကို ရှင်းပါ့မယ်​.........

Original writer-Pencil
အ​ပျော်​တမ်းစာ​ရေးသူတစ်​​ယောက်​ပါ
ဝေဖန်​မှုကိုကြိုဆိုပါတယ်
ကျေးဇူးတင်​ပါတယ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58733.26
ETH 2663.75
USDT 1.00
SBD 2.44