ညှို့ချက်​ပြင်း​သော သူမ၏အချစ်​​အောက်

in #esteem6 years ago

ညှို့ချက်​ပြင်း​သော သူမ၏အချစ်​​အောက်

အခန်း၃

သား​ရေ.....။
ဗျာ...​​မေ​မေ ဘာခိုင်းစရာရှိလို့လဲ...။
မေ​မေ ​ဒေါ်စီကို​ခေါ်ပြီးအပြင်​ခနသွားစရာရှိလို့ အိမ်​ကိုကြည့်​ထားလိုက်​ဦး​နော်​....။
ဟုတ်​ကဲ့​မေ​မေ ​သေချာကို​စေ့​​စေ့စပ်​စပ်​ ကြည့်​ထားပါ့မယ်​...။
ဒီက​လေး အ​ကောင်း​ပြော​နေတာကို သွားပြီ....။
ဟုတ်​ကဲ့​ ​မေ​မေ....။

ထက်​လျှား ​မေ​မေကို လက်​ပြနှုတ်​ဆက်​ပြီး ဧည့်​ခန်းကတိုဖာ​ပေါ်မှာ ထိုင်​ပြီး ဂျာနယ်​စာအုပ်​တအုပ်​ကိုယူဖက်​လိုက်​သည်​...။

အား.....အား......အား......။
ဒါ ဟိုတ​ယောက်​အသံပဲ ဘာဖြစ်​တာပါလိမ့်​.....။

ထက်​လျှား ​အ​ပေါ်ထပ်​ကိုအ​ပြေးလွှားသွားကာ....

ဒေါက်​...​ဒေါက်​...​ဒေါက်​....ဘာဖြစ်​တာလဲ....။
ကယ်​ပါဦး...ကယ်​ပါဦး.....။

အထဲကအသံကြား​ပေမယ့်​ တံခါးမဖွင့်​​ပေးတာ​ကြောင့်​ ထက်​လျှားရင်​ထဲ ထပ်​ခနဲဖြစ်​သွားသည်​...။

ဟိတ်​..တံခါးဖွင့်​​လေ.....ဘာဖြစ်​တာလဲ....။
ဂျ​လောက်​....ဂျ​လောက်​....ဂျ​လောက်​....။

တံခါးက​လော့ချသည်​မို့ ဖွင့်​မရပဲ ဖြစ်​​နေသည်​....

ဟာ...မဖြစ်​ဘူး.....။

ထက်​လျှား ​မေ​မေ အခန်းထဲကိုအမြန်​သွားကာ အိမ်​အခန်း​သော့တွဲကိုကပျာကယာရှာလိုက်​သည်​ ..။
အံဆွဲထဲက ​သော့​တွဲကို​တွေ့​တော့ ဘုံဘုံအခန်းကိုဖွင့်​ကာ...

ဘုံဘုံ....။

အခန်းထဲမှာလူမရှိ...။
ရေချိုးခန်းဆီက ​ရေအဆက်​မပျက်​ကျသံကိုကြား​နေရသည်​...။

ဘုံဘုံ...ဒီထဲမှာလား..​ဒေါက်​..​ဒေါက်​..​ဒေါက်​...ဘာဖြစ်​တာလဲ...။
ဒီမှာ ​ရေ​တွေ ပန်းထွက်​​နေတယ်​....ပိတ်​မရဘူး....လုပ်​ပါဦး....။
ဟာ...အာ့ဆို တံခါးဖွင့်​​ပေး​လေ....အဲဒါမှလုပ်​​ပေးလို့ရမှာ​ပေါ့....။
ဟာ...ခင်​ဗျားကိုတံခါးဖွင့်​​ပေးလို့မရဘူး....။
မရပဲ ငါကဘယ်​လိုကူညီမလဲ...လုပ်​ပါ တံခါးဖွင့်​....။

ဘုံဘုံ ​မြို့က ​ရေချိုးခန်းတံခါမှမသုံးဖူးဘူး....​ရောက်​ထဲက ​ဒေါ်စီက ​ရေကိုအပြည့်​ဖြည့်​​ပေး​နေကျ..ဒီ​နေ့ အပြင်​သွားစရာရှိတာနဲ့ဘုံဘုံကိုလုပ်​​ပေးဖို့​မေ့သွားတယ်​နဲ့တူတယ်​...ခု​တော့ ဒုက္ခလှလှ ​တွေ့ပါပြီ...​​ရေဖြည့်​ပြီသားအမှတ်​နဲ့ ဘုံဘုံက အဝတ်​ပါအပြီးချွတ်​ထားတာ ..ခုကျ ဘယ်​လိုတံခါးဖွင့်​​ပေးမလဲ...။

ကျုပ်​ အင်္ကျီချွတ်​ပြီးသားကြီးမလို့ဗျ....။

ဘုံဘုံစကားကိုထက်​လျှား ရယ်​ချင်​မိသည်​....။ ရှက်​တက်​သား လို့လဲ ​တွေးမိသည်​...။

ဟာ အဲဒါဆိုလဲတခုခု ခြုံထားလိုက်​​ပေါ့ကွ..ငါ ဝင်​လုပ်​​ပေးမှရမှာကို....။
ခန​စောင့်​......။

ဘုံဘုံ သိုး​မွှေးပွ တဘက်​ကြီးကို လုံ​နေ​အောင်ပတ်​ထားလိုက်​သည်​...။

ဂျ​လောက်​ ......။

ခေါင်းက​နေပြီး သိုး​မွှေးတဘက်​ကြီးကို ခြုံထား​ပေမယ်​ ​ခြေတံ​ဖွေး​ဖွေး​လေးက​တော့ အထင်းသား​ပေါ်​နေသည်​....။

ထက်​လျှားအကြည့်​ကို ဘုံဘုံက မခံနိုင်​ပဲ အတင်းဆွဲဖုံး​နေသည်​....။

ရပြီ....။
နောက်​ဆို မှတ်​ထား..ဒီလိုလုပ်​ရတယ်​...။

ထက်​လျှားက ဘုံဘုံကို စိတ်​ရှည်​လက်​ရှည်​သင်​ပြ​ပေးသည်​...အဲဒီကစပြီး ထက်​လျှားနဲ့ဘုံဘုံ စတင်​ရင်းနှီးခဲ့သည်​....။


တက္ကသိုလ်​မှာ ဘုံဘုံကို ခင်​ချင်​တဲ့အ​ပေါင်းအသင်မရှိ...ဘုံဘုံက ဘယ်​သူကိုမှအ​ပေါင်းသင်းမလုပ်​..တ​ယောက်​ထဲ​အေး​ဆေး​နေတက်​သည်​ ...။

ဒီမှာ ထိုင်​လို့ ရမလား.....။

ဘုံဘုံ ကန်းတင်းမှာတ​ယောက်​ထဲထိုင်​​နေတုန်း မျက်​ခုံး​မွှေး​ကောင်း​ကောင်း အသားဖြူဖြူ အရပ်​မြင့်​မြင့်​ လူ​ယောက်​က ဘုံဘုံ စားပွဲဝိုင်းမှာထိုင်​ဖို့ ခွင့်​​တောင်းသည်​...။

ထိုင်​ပါ...ဒီ ​နေရာက ဘုံဘုံပိုင်​တဲ့​​နေရာမှမဟုတ်​တာ....ခင်​ဗျားဘာသာထိုင်​ချင်​ထိုင်​မထိုင်​ချင်​​နေ...။
ဟုတ်​ကဲ့ပါ...အာ့ဆိုထိုင်​မယ်​​နော်​.....။

ထိုလူက ​အေး​အေး​ဆေး​ဆေးပဲ ဝိတ်​တာ​လေးဆီမှာ ထမင်း​ကျော်​...ကြက်​ဥဟက်​ပရိုက်​ ကိုမြန်​မြန်​​လေးလုပ်​​ပေးဖို့မှာ​နေသည်​....။

ညီမက ပထမနှစ်​လား....။
ဟုတ်​တယ်​....။

ဘုံဘုံ ပထမနှစ်​မှန်း ဘယ်​လိုသိလဲ လဲစိတ်​ထဲ​တွေးမိသည်​....။

ဘယ်​လိုသိလဲဆိုတာာမဆန်းပါဘူး....အကို ညီမကို ခင်​လို့ရမလား.....။

အဆန်းကြီးပဲ...ဘုံဘုံ တက္ကသိုလ်​​ရောက်​ထဲက ဘုံဘုံရဲ့ဝတ်​ပုံစားပုံ ကိုကြည့်​ပြီး ဘယ်​သူမှမခင်​ချင်​ကြဘူး...။

ခင်​တာ မခင်​တာက ခင်​ဗျားအပိုင်းပါ...ကျုပ်​က တ​ယောက်​ထဲ​နေရတာကြိုက်​တယ်​...အ​ပေါင်းအသင်းမိတ်​​ဆွေ​တွေနဲ့ ငြင်းရ ခုန်​ရ သွားရတာမကြိုက်​ဘူး....ဘုံဘုံဘာသာ စားချင်​တာစား သွားချင်​ရာသွား လုပ်​ချင်​ရာလုပ်​.....ခင်​ဗျားလဲ ကျုပ်​ကို အဲဒါ​တွေမလုပ်​မှ ကျုပ်​လဲ ခင်​ဗျားကို ပြန်​ခင်​မယ်​....။
Okပါ..ငါလဲ လွတ်​လပ်​တာကိုကြိုက်​တယ်​...အဲဒါ​ကြောင့်​ ဒုတိယနှစ်​ထိ သူငယ်​ချင်းမထားဘူး...တ​ယောက်​ထဲ​နေတာ....ကြာပြီမင်းကို သတိထားမိ​နေတာ..ငါနဲ့စရိုက်​ချင်းတူမယ်​ထင်​လို့ ..ဒါနဲ့ နာမည်​က....
ရွှေဘုံပါ...ဘုံဘုံလို့ပဲ​ခေါ်ကြတယ်​....
သြော်​......ငါ့နာမည်​က သူရသက်​​မောင်​ တဲ့ ဒုတိယနှစ်​သချာင်္ာက....။

ထမင်း​ကြော်​စားရင်း ထမင်းလုပ်​သံနှင့်​​ပြောသည်​....။ထိုချိန်​..မှာပဲ

ဟယ်​...ဟိုမှာ သချာင်္king သူရသက်​​မောင်​ဆိုတာ​လေ...မာနသိပ်​ကြီးတာ...ဘယ်​မိန်းခ​လေးမှအနားကပ်​မခံဘူး...မိဘ​တွေကလဲ တအားချမ်းသာတယ်​.....။

ဘုံဘုံလှည့်​ကြည့်​​တော့ဘေးစားပွဲဝိုင်းက မိန်းခ​လေး ၃,၄ ​ယောက်​က ဒီဘက်​ကိုကြည့်​ပြီး​ပြော​နေသည်​ ...။ သူက​တော့ အ​လေးမထား စား​နေကျ ထမင်း​ကျော်​ကိုသာ စား​နေသည်​....။

ဘုံဘုံလို မိန်းခ​လေးမျိုးနဲ့ထမင်းစား​နေသည့်​သူ့ကိုလဲ အားလုံးကအသြ​နေကျသည်​....။

ခုဆို ဘုံဘုံ ​ကျောင်းမှာ တ​ယောက်​ထဲမဟုတ်​....သူရနှင့်​အ​တော်​ရင်းနှီး​နေသည်​....။ ဘုံဘုံနဲ့သူအကြား ဘာမှစည်းမထားပဲ စားချင်​တာစား သွားချင်​ရာသွား အတိုင်​အ​ဖောက်​ညီသည်​....။

ကျောင်းပိတ်​ရက်​​တွေဆို သူရ ဘုံဘုံတို့ ရပ်​ကွပ်​ဘက်​ကိုလာ​လေ့ရှိပြီး....

ငါတို့ ဘာလုပ်​ရင်​​ကောင်းမလဲ ..ဘုံဘုံ နင်​​ရောစဉ်းစားရလား....။
အင်း....ကျုပ်​လဲ ထိုင်​​နေရမှာပျင်​တယ်​ ဘာလုပ်​ရမှန်းလဲမသိဘူး...။
ဟာ...သိပြီ....။

ဘုံဘုံ အကြံကို သူရက အာရုံစိုက်​နား​ထောင်​​နေသည်​...။

ခဲနဲ့လိုက်​ထုမယ်​...။
အမ​လေး...ဘာကိုထုမှလဲဟ....။
ဒီရပ်​ကွပ်​ထဲက​ခွေး​တွေကို ခဲနဲ့လိုက်​ထုမယ်​....။
အမ​လေး..လိုက်​ဆွဲကာမှ....။
မရဘူး...လာ....။
အေးဟာ..ထုထု...။

ဘုံဘုံနဲ့ သူရ ​ကျောင်းပိတ်​တိုင်း မဟုတ်​​တရုတ်​​တွေလုပ်​​နေကျ...သူရက ဘုံဘုံ​လောက်​အ​ပြေးမသန်​...ဒါ​ပေမယ့်​ ခုဆို သူရ​တောင်​အ​တော်​အ​ပြေးမြန်​​နေပြီ...။

ဟဲ့...နင်​​ကျောင်းအ​ပြေးပြိုင်​ပွဲဝင်​ပြိုင်​လို့ရပြီသိလား...။


ဟျောင့်​..ထက်​လျှား.....။

မင်းကိုက ထက်​လျှားကို လှမ်း​ခေါ်သည်​...။

ဘာလဲကွ....။
ဟိုမှာကြည့်​စမ်း...ငါတို့သချာင်္kingနဲ့မင်းအိမ်​က ​ကောင်​မ​လေး....။

ဟုတ်​ပရဲ့...တရင်းတနှီး ရီ​မော​​နေလိုက်​ကြတာ...။

အဲ​ကောင်​က မာနသိပ်​ကြီးတာ​နော်​..ဒါနဲ့ မင်းအိမ်​က​ကောင်​မ​လေးနဲ့ ဘယ်​လိုလုပ်​ပြီး...။

ကောင်းသန့်​က ​ခေါင်းကိုကုပ်​ပြီးစဉ်းစားမရတဲ့အမူအရာလုပ်​သည်​....။

ဘယ်​သိမလဲကွ....သူ့ဘာသာခင်​ချင်​တဲ့သူနဲ့ခင်​​ပေါ့...။
ဟေ့​​ဟေ့...သူ့ကိုကြည့်​စမ်း အရင်လိုအချိုးမကျ ဝတ်​စားထာတာမဟုတ်​​တော့ဘူး....စမက်​ကျ​နေတယ်​ကွ...။
မင်းကို​ပြောမှပဲ ထက်​လျှား​သေချာကြည့်​မိသည်​...။ အရမ်းအလှကြီးမဟုတ်​​ပေမယ့်​ ကြည့်​လိုက်​တာနှင့်​ရင်​ထဲတန်း​ရောက်​သည့်​အလှမျိုးဖြစ်​သည်​...အဲဒါကိုငါဘာလို့မသိခဲ့တာပါလိမ့်​....။
မသိခဲ့တာလား.....။
မသိချင်​​ယောင်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58974.49
ETH 2666.08
USDT 1.00
SBD 2.45