ကိုကိုကိုချစ်တယ်

in #esteem6 years ago (edited)

ကိုကို ကိုချစ်တယ်

😍(part🍰🍰2)😍✌✌

''ရာရာ''

''ပာင်''

''ချစ်တယ်''

''တစ်နေ့ အခေါက်ပေါင်း၁၀၀၀ဒီစကား
ပဲပြောနေတယ်''

''ချစ်တာကို''

''မ ဟုတ်ဘဲနဲ့''

''သက်သေပြရမလားပြော''

နား နားတိုးတိုးလေးကပ်ခါပြောလိုက်တော့
အမရာ ခေါင်းလေးငုံ့ရှက်သွေးဖြာသွားကာ
''သွား. . .လူဆိုး''

''မသွားပါဘူး မင်းအနားမှာပဲနေချင်တာ''

''အဲ့စကား တွေဘယ်ကောင်မလေးတွေကို
ပြောပြီးပြီလဲ ပြော''

''ယုံပါ မင်းတစ်ယောက်ထဲကိုပဲ''

ရာရာ့လက်ကလေးကိုဆုပ်ကိုင်၍ပြောလိုက်
တော့ ရာရာနှုတ်ခမ်းလေးကပြုံးသွားပြီး
''ယုံပါတယ်''

''ဒါဆို လက်ထပ်ကြမယ်လေ''

''ပာင် မြန်မြန်ဆန်ဆန်ကြီး''

''ဘာလဲ လက်မထပ်ချင်လို့လား''

သူရိန် မျက်နာလေးပျက်ကာပြောတော့
''မဟုတ်ပါဘူး''

''ဒါဆိုလက်ထပ်ကြရအောင်လေနော်
ကိုယ်အဖေက မြေးချီချင်နေပြီ''

''အို သူနော်''

''ဒါလည်းရှက်တာပဲလား''

''ဒါပေါ့ ဆက်မပြောနဲ့တော့''

သူရိန် သဘောကျစွာရယ်မိလိုက်ပြီး
''မင်းလေးကိုလေ ကိုယ်မချစ်ဘဲနေလို့
မရဘူးသိလား''

''သိဘူး''

''ဒါဆိုသိအောင်. . .''

သူ့စကားတွေထပ်မထွက်လာခဲ. . .။သူမလည်း
စကားတွေမပြောနိင်အောင် အနမ်းတစ်စုံဖြင့်
သူဖန်တီးသွား၏။တကယ်ပေ မပြောပြတတ်
အချစ်နင့် အနမ်း နယ်ပယ်တစ်ဝိုက်ထဲတွင်
နလုံးသားနဲ့ချစ်ရတဲ့သူ သူမကကောရုန်း
ထွက်နိင်မှရုန်းထွက်နိင်လိမ့်မည်။သို့ပေမယ့်
လည်း ထိုအနမ်းတစ်စုံကို ကြည်ဖြူစွာဖြင့်. . ။

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

''မေမေ ပြောစရာရှိတယ်''

''ပြောလေသမီး''

ဒေါ် အိမ့်မှူး သူမရဲ့သမီး အမရာက စကားပလ္လင်
တွေ ခံနေသဖြင့် ထူးဆန်းနေသည်ကအမှန်ပင်။
''သမီးမှာ ချစ်သူရှိနေပြီမေမေ သူကအခု
သမီးကိုလက်ထပ်ခွင့်တောင်းထားတယ်''

''ပာင် ပာုတ်လား ကောင်လေးကဘယ်ကလဲ
သမီးရဲ့''

''သူလည်းသမီးလို ရှေ့နေပဲမေမေ နာမည်က
နေသူရိန်ပါမေမေ''

''မေမေကတော့ သမီးရွေးချယ်မှုကိုမှားတယ်
မှန်တယ်မဝေဖန်တော့ဘူးကွာ ငါ့သမီးလေး
လည်းအရွယ်ရောက်လာပြီပဲလေ ဒါပေမယ့်
လို့အကဲခတ်ရအောင် မေမေနဲ့တစ်နေ့တွေ့
ပေးသမီးရေ''

''ပာုတ်ကဲ့ပါမေမေ''

အမရာ ပီတြိဖစ်ရပါသည်။မေမေကြည်ဖြူ
သည်ကိုလည်း သူ့ကိုပြန်ပြောရချေပေဦးမည်။

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

''ငါ့သမီးနာမည်ကအမရာနော်'"

''ပာုတ်ပါတယ်ဦး''

အမရာ တရားသူကြီးရှေ့တွင် တရားခံအတွက်
ရဲရဲဝံ့ဝံ့လျှောက်တင် ခံသည်မှာ တစ်ခါမှမကြောက်
ရွံ့ဖူးခဲ့. . .အခုမှသူမအဖြစ်သည် တရားခံစစ်
အမေးခံနေရသော အကျဉ်းသားတစ်ဦးအလား။
သူ့ကိုလည်း မကြာခဏ မျက်စောင်းတွေထိုး
နေမိသည်အကြိမ်ကြိမ်ပင်။ဘယ်သွားမယ်
ဘယ်လာမယ်ဆိုတာ မတိုင်ဘဲ ခေါ်ချလာတော့
သူ့အိမ်ကိုပဲဖြစ်နေ၏။
အမရာ ကြောက်စိတ်ကြောင့် လက်ဖျားလေးတွေ
အေးစက်လာသည်မှာအမှန်ပင်လည်းဖြစ်သည်။

''အမရာ''

နာမည်ကိုကြာရှည်စွာခေါ်ပြီးမှသက်ပြင်းချကာ
''စိတ်မကောင်းစွာနဲ့ပဲတောင်းဆိုပါရစေ''

''ရှင်''

''ဦး သား နေသူရိန်ကိုမင်းလက်ထဲအပ်ပါတယ်ကွာ''

ထိုအခါမှ သူမရင်ထဲက ဆို့နစ်နေသောအပူလုံး
ကြီးကြသွားကာ. .

''ပာူတ်ကဲ့. . .ကျေးဇူးပါဦး''
''သား မင်းကောင်မလေးကိုခြံထဲလိုက်ပို့လိုက်ဦး''

''ပာုတ်ကဲ့ပါအဖေ''

သူရိန် ထိုအခါမှဝင်ပြောတော့ အမရာ မျက်စောင်း
ထိုးသည်။ထိုသည်ကိုပဲ သူရိန်ရယ်ကာ

''ကိုယ်အသည်းယားရင်ဘာလုပ်တက်လဲ
မင်းသိတယ်နော်''

''မသိဘူး လာမခေါ်နဲ့သွား''

''သိတယ်လူပ်လိုက်ပါ မင်းလေးရာ လာခြံထဲ
လိုက်ပြမယ် စိတ်ပြေနော်''

သူလက်တစ်ဖက်ကို ကမ်းပေးတော့အမရာ
လက်ကလေးကိုဆုပ်ကိုင်ထားရင်းခြံလေး
ထဲသို့ဆင်းခဲ့သည်။
ဒန်းလေးပေါ်တွင်ထိုင်ကာ ရာရာရဲ့ပုခုံးလေး
ကိုဖက်ထားလိုက်၍

''ကိုယ့်ကိုစိတ်ဆိုးသွားတာလား''

''မပာုတ်ပါဘူး ရုတ်တရက်ဆိုတော့လန့်သွား
တာပေါ့''

''ကိုယ်အဖေကတော့အလံဖြူပြပြီးတိုင်စိုက်
ပြီးသွားပြီ မင်းလေးရဲ့အမေကကော''

''မေမေကတော့ပြောရှာသား သူရဲ့သမက်
လောင်းလေးကိုတွေ့ချင်ပါတယ်တဲ့''

''တကယ် အခုသွားတွေ့မယ်လာထ''

''မနေ့ဖြန် ကျရင်အဒေါ်တို့အိမ်မှာတွေ့ဖို့
ချိန်းပေးမယ် အဒေါ်ကလည်း ရှင်လေးကို
အကဲခတ်ချင်လို့တဲ့လေ''

''ဆနါးပွင့်နေတာခေါ်မယ်နော်. . .
ကိုယ့်ကိုတမ်းတတဲ့သူတွေများနေလို့''

သူရိန်စကားကြောင့်အမရာ ရယ်တော့
''ရာရာ အဲ့ဒါမင်းလှောင်တာလားပြော''

''မပြောရဲပါဘူး''

''မရဘူး ပြောကွာ''

''စနေတာသိရဲ့သားနဲ့တကယ်ပဲ''

''သိသား. . .
ဒါနဲ့ အဒေါ်ကတစ်ယောက်ထဲလား''

''အင်း တစ်ယောက်ထဲမှာရှိတယ်လေ
အဒေါ်မှာသမီးရှိတယ် မွန်းချယ်ရီတဲ့''

''လှတယ်နာမည်လေးက''

''လူလေးလည်းချောတယ် ကိုယ်ရေ
ဒါပေမယ့်လည်း. . .''

''ဒါပေမယ့်လည်းဘာဖြစ်လဲ''

''ဂျစ်တီးဂျစ်ကန်လေးကိုယ်ရေ''

''အရမ်းဆိုးတာပဲလား''

''အွန်း ''

''ကိုယ်ကတော့တွေ့ချင်သား''

''ပာူတ်ပါပြီရှင် ပြန်တော့မယ်လေ လိုက်ပို့ပေးဦး
ဦးကိုတော့ မနှုတ်တော့ဘူးနော် နှုတ်ဆက်တယ်
ပြောပေး''

''okပါဗျာ. . okဗျာ''
သူပြောပြီး ရာရာ့ကိုပြန်ပို့ရန် တစ်ညနေတာ
အတွက် ဒုန်းဆိုင်းမိခဲ့တော့၏။

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

မွန်း စက်ဘီးလေးဖြင့် ကျောင်းကနေပြန်
လာချေ၏။မွန်းရဲ့ အိမ်ခြံလေးထဲတွင်
နောက်ကျောပေး ရပ်နေသောလူတစ်ယောက်
ကြောင့် မွန်း မျက်မှောင်လေးကြုံ့သွားကာ
''ဧည့်သည် လားမသိဘူး''

ပြောလည်းပြော မွန်း စက်ဘီးလေးကို
တွန်းကာ ခြံလေးထဲသို့ဝင်လာခဲ့၏။

''ပော့ မင်းဘယ်သူလဲ''

သူ၏ အသံ ကြောင့် မွန်းလှည့်ကြည့်မိလိုက်
လေတော့ ရုတ်တရက် ဘာမှမပြောတက်
မဆိုတက် ဆွံ့အသွားသည်။
မြင့်မားလှသောအရပ် ဆွဲဆောင်မှုရှိသော
ကိုယ်ပာန်အနေအထား စူးရှလှသော
သူရဲ့အကြည့်တစ်စုံ ထူထပ်လှသော
မျက်ခုံး နင့် ကော့ရွှန်းလှသည့် မျက်တောင်
တို့က မွန်းအား ရင်ခုန်သံတွေမြန်စေလွန်း၏။
နှုတ်ခမ်းလေးများလည်းစိုရဲ၍ ထိုနှုတ်ခမ်းကို
ပဲ မွန်းစိုက်ကြည့်နေမိသည်။

''ပော့ မင်းဘယ်သူလဲလို့''

လူကိုပဲ အတန်ကြာ မျက်တောင်မခတ်စိုက်ကြည့်
နေတော့ သူရိန် မေးရသည်ကိုပဲအိုးတိုးအမ်းတမ်း
နဲ့ပင်. . .။
မွန်း မပြေပြစ်လှသောစကားတစ်ချို့က

''မွန်းက ဒီအိမ်ကလူ အဲ့ကကော''

''ဒီအိမ်ကလူ''

''ပာုတ်တယ် အဲ့ကကောဘယ်သူလဲ''

''မွန်းဆိုတော့ မွန်းချယ်ရီဆိုတာ မင်းလား''

သူက သူမနာမည် သိနေသည်သတဲ့လား. . .
သူမကတော့ သူအကြောင်းဘာမှမသိခဲ့။
''အင်း ပာုတ်တယ်''

''ချာတိတ် ကိုယ်က မင်းရဲ့အမ အမရာရဲ့
ချစ်သူ''

ရင်ခုန်သံတွေ ခဏရပ်တန့်သွားသည်။
''သြော်. . .''

''ကိုယ်ကြားတာ ချာတိတ်မင်းအရမ်းဆိုး
တာဆို''

''မမကအဲ့အတိုင်းပြောတာလား''
''ဒီလိုပဲသိထားတာပါ''

''သြော် မမနဲ့ချစ်သူဖြစ်တာကြာပြီလား''

''သိပ်တော့မကြာသေးဘူးကွ ရင်းနီးခဲ့တာ
တော့ကြာပြီ''

''မမရဲ့ချစ်သူဆိုတော့မွန်းရဲ့အစ်ကိုပေါ့နော်''

''ဒါပေါ့ ချာတိတ်ရ''

''ဒါဆိုကိုကို လို့ခေါ်မယ် ရမလား''

သွက်လက်လှသော သူမရဲ့စကားကိုဘဝင်
မကျလှပေမယ့်လို့

''ခေါ်လေ''

''အွန်းကျေးဇူး မွန်းအိမ်ထဲဝင်တော့မယ်''

''ကောင်းပြီ ချာတိတ်''

သူ မွန်းကိုပြောပြီး အကြည့်တွေရုတ်ခွာသွား
သည်။
အနားသတ်မျဉ်းပြိုင်နစ်ခုက ထပ်တူမကျခြင်း
အမှန်ပေလား။ထပ်တူကျလို့ ဝင်ရိုးတစ်ခုထဲမှာ
တူယှဉ်တွဲပြီး မျဉ်းပြိုင်တစ်ခုထဲတည်ဆောက်
လို့မရဘူးသတဲ့လား။သွားထားစမ်းပါ
ထိုမျဉ်းပြိုင်တစ်ခုကို တည်ဆောက်ဖို့က
ကိုယ်တစ်ယောက်ထဲနဲ့တင်လုံလောက်သည်
မို့. . .။

မွန်းဒီလောက်ပဲရေးနိင်တော့တယ်ခွင့်လွှတ်အသည်း
တို့ရေ မျက်လုံးလည်းကျိန်းစပ်နေပြီ မနက်ဖြန်
ညကျမှ part😘3ပြန်ဆက်မယ်နော် စာပေချစ်
အသည်းတို့ကိုအစဉ်လေးစားစွာဖြင့်. . .

                              စာရေးသူ #@Moon#
Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by thiha from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58974.49
ETH 2666.08
USDT 1.00
SBD 2.45