သိက္ခာရှိမှ ချစ်မြတ်နိုးရာ
နေ့စဉ် မင်္ဂလာဖြင့် မျက်နှာသစ်နည်း
စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်-ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည်။
အမှုမဲ့ အမှတ်မဲ့ စဉ်းစားလျှင် သတ်မည်, ခိုးမည်, စသော စိတ်ယုတ်စိတ်ယိုင်းများ မထားသဖြင့် မိမိသည်ကား မကောင်းမှုအကုသိုလ်မှ ကင်းသည်-ဟု ထင်မှတ်ရန်ရှိသည်။
သို့သော် ပိသုဏ, ဖရုသ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ စသော နှုတ်မှု စိတ်မှုတို့သည်လည်း ဒုစရိုက်တွင် အပါအ၀င်ဖြစ်ရာ ထိုသိမ်မွေ့သော ( ဖြစ်ရန် လွယ်ကူသော ) မကောင်းမှုများကိုလည်း မဖြစ်ပွားစေရန် သတိတရား ထားရမည် ဖြစ်ပါသည်။
ထို့ကြောင့် တနေ့တာအဖို့တွင် တတ်နိုင်သလောက် အရိယဓမ္မသီလ လုံခြုံစေရန် အိပ်ရာထ မျက်နှာသစ်ချိန်မှစ၍ ကုသိုလ်တရား ပွားများရန် နှိုးဆော်လိုက်ပါသည်။ မင်္ဂလာနှင့် မျက်နှာသစ်ခြင်းဖြင့် တနေ့တာကို စတင်လိုက်ပါက တနေ့လုံး စိတ်သန့်ရှင်းလျက် မျက်နှာကြည်လင်ပြီး တွေ့မြင်ရသော လူတကာကို စိတ်ရွှင်လန်း ကြည်နူးစေပါလိမ့်မည်။
နံနက်အိပ်ရာထတွင် ရေကြည်ရေအေးတခွက် ခပ်ယူပြီးနောက် ဤသို့ဆောင်ရွက်ရန် ဖြစ်ပါသည်။
မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း
(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။
.
(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။
.
(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။
.
(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။
.
(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာ၀နာပွါးလိုက်ပါ။ ဒါဆို အသုဘဘာ၀နာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာ၀နာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။
အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက ်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။
ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။
(ဆရာတော်ရေ၀နွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှေ၀ခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည