ချစ်​​သောထိုနှင်းဆီ

in #esteem6 years ago

ချစ်​​သောထိုနှင်းဆီ

Part (2)
သမီးကြီး​တွေ သမီးငယ်​​တွေ​ပြောလာ​တော့ ဦးစိုးမိုးသူက အံ့သြ​နေသည်​။သူသိထားတာက ဦးဘ​သောင်းမှာသားသမီးမထွန်းကားသည်​ဟု...
ဒေါ်မြက​တော့ ထမင်းပွဲသိမ်း​နေတုန်း ဝင်​လာ​သောနုနုယဉ်​ယဉ်​ပုံစံနှင့်​မိန်းခ​လေးကိုလှမ်းကြည့်​၍ရှင်းပြလိုက်​သည်
``အဲ့ဒါသမီးကြီး​လေ စံပါယ်​ဖြူတဲ့ ဒီနှစ်​ပဲအ​ဝေးသင်​နဲ့ဘွဲ့ ရတာ ​ဟောဒီရွာမာ လက်​ချိုး​ရေလို့ရတယ်​ ကြွားတယ်​လို​တော့မထင်​နဲ့ လူ​လေး​ရေ အဘွားတို့မှာဒါ​လေးပဲဂုဏ်​ယူ​နေရတာ.."

နှစ်​​ယောက်​စလုံးဘွဲ့ ရ​စေချင်​​ပေမဲ့..."နင်​ကလဲ က​လေးအ​ကြောင်းကို ထည့်​​ပြောအုံးမယ်​၊ဒါပဲမပါမပြီး..."
ဦးဘ​သောင်းက ကွမ်းအစ်​ကြီးကို​ရှေ့ မှာချ၍ ကွမ်းညှပ်​ကင်းမကြည်​လင်​သည့်​မျက်​နှာနှင့်​....
သူက​တော်​တာပဲဥစ္စာ၊လူကြီး​တွေကဆက်​မတက်​ခိုင်းလို့မတက်​ခဲ့ရတာ" ဘယ်​သူ့ကို​ပြော​နေမှန်းမသိ​တော့ လင်​မယားနှစ်​​ယောက်​မျက်​နှာကိုတလှည့်​စီကြည့်​ရင်း အမည်​​ဖော်​မှာကို​စောင့်​​နေမိသည်​။ ဦးဘ​သောင်းက ဦးစိုးမိုးသူ ကြည့်​​နေသည်​ကိုပြန်​ကြည့်​ကာအငယ်​မ​လေးကအရမ်းခ​လေးဆန်​တာကွ..မူလတန်းက​နေအလယ်​တန်း​ကျောင်း၊အလယ်​တန်းက​နေအထက်​တန်း​ကျောင်းထားတဲ့အထိစာလည်းအရမ်း​တော်​တာ ဘယ်​​ရောက်​​နေ​နေစာ​တော်​လို့ဆရာတိုင်းကချစ်​တယ်​"

ဘွဲ့ မရတာသူလား.."အင်း ဆက်​တက်​ရရင်​​တော့ ခုဆို​နောက်​ဆုံးနှစ်​​ပေါ့၊ဆယ်​တန်းကို ​လေးဘာသာဂုဏ်​ထူးနဲ့ ​အောင်​ထားတာ..."
ဟင်​!.." ဒီလိုရွာ​လေးမှာဂုဏ်​ထူးရှင်​ရှိသည်​ဆို​တော့ဦးစိုးမိုးသူ အြံဥွားသည်​။ပြီး​တော့ ​လေးဘာသာဂုဏ်​ထူး....။အဲ့ဒါဆက်​မ​ဖြေ​တော့ပူး​ပေါ့..."
ပထမနှစ်​​ဖြေပြီးပြီး၊​နောက်​မှဆက်​မတက်​​တော့တာ"ဘာဖြစ်​လို့လဲ..."
ဝ.. ​တောင်​ပိုင်းက ဦး​လေးဖြူတို့လာ​ခေါ်​နေတယ်​" ​ပြော​နေတုန်းစကားကပြတ်​သွားသည်​။ဘွားမြသမီးဘာလုပ်​​ပေးရမလဲဟင်​"
ကဲပါ​အေ ၏်းပန်းကန်​​ဆေးမလို့ ဟန်​ပြင်​​နေတာကျုပ်​သိပါတယ်​၊မလိုပါပူး အပြင်​မှာ​အေး​ဆေး​နေစမ်းပါ၊အငယ်​မက ပါမလာပူးလား" စံပါယ်​​ဖြေမလို့ ပြင်​လိုက်​စဉ်​ ဖျတ်​ခနဲ​မော့လာသည့်​မျက်​နှာတခု​ကြောင့်​ နှုတ်​ခမ်း​တွေဟရင်း ​ပြောဖို့​မေ့​နေ၏ ဦးစိုးမိုးသူသတိထားမိကာ သူမကြည့်​သည့်​မျက်​လုံး​တွေ​နောက်​ကိုလိုက်​ကြည့်​​တော့ ထမင်းဝိုင်းမှာ ရှုံ့  ရှုံ့ မဲ့မဲ့နှင့်​လက်​စသတ်​၍ သူ့​ကျော​နောက်​မှာ စာအုပ်​တအုပ်​ ဟိုလှန်​ဒီလှန်​လုပ်​ရင်း တိတ်​တိတ်​ဆိတ်​ဆိတ်​ရှိ​နေသည့်​ချစ်​​သော.... သူမစက္ကန့်​များစွာ စူးစိုက်​သွားခဲ့စဉ်​ ချစ်​​သောကမျက်​နှာလွှဲသွားပြီဖြစ်​သည်​။ပြီး​တော့နှုတ်​ခမ်း​တွေမှာ ခပ်​တွန့်​တွန့်​ပြုံးစိစိနှင့်​....။ စံပါယ်​ဖြူဆိုတာ ဆံပင်​​တွေအရှည်​ကြီးနှင့်​အရပ်​အ​နေ​တော်​ အသားညိုညို ယဉ်​စစ​လေးပါပဲ ဒါ​ပေမဲ့..... သူမကိုမြင်​လိုက်​တာနှင့်​ ခုနကပန်းကန်​ထဲမှာဘာကြီးမှန်းမသိလို့ ဟိုလှန်​ဒီလှန်​ တွန်း​ရွေ့ ခဲ့မိ​သော တို့ဟူးဆိုသည့်​ ​လေး​ထောင့်​စပ်​စပ်​ ဟင်းတံးကိုသတိရ၏ ပါးပြင်​မို့မို့ညိုညိုမှာ ပါးကွက်​ကြီး​တွေတင်​ထားတာ တို့ဟူးတုန်းကြီး​တွေအတိုင်း...။ချစ်​​သောမချိုမချဉ်​ဖြစ်​သွားတာ​ရော မိန်းခ​လေးရှက်​သွားတာ​ရော ဦးစိုးမိုသူဖျတ်​ခနဲ​ဝေ့ကြည့်​ပြီး မမြင်​သလို​နေလိုက်​သည်​။ပြီးမှ...အငယ်​မ​လေးက ပညာ​တော်​တာပဲ၊ဘာဖြစ်​လို့ဆက်​မ​ဖြေတာလဲ မြင်​​တောင်​မြင်​ဖူးချင်​လာပြီ"
ဒေါ်မြက​တော့ ​ရေ​နွေးကရား​လေးပါသည့်​ဗန်းနှင့်​လက်​ဖက်​သုပ်​ သူတို့​ရှေ့ ချ​ပေးရင်း....
မြင်​ဖူးရင်​​တော့ ​မျောက်​မူးလဲ​လေးပါလားလို့ တန်းသိသွားမှာပဲ" ​ပြောရင်းရယ်​​သေးသည်​။ပြီး​တော့...အကြီးမနဲ့က​တော့လုံးဝဆီနဲ့​ရေပဲ​ဟေ့ ​ပြောစရာရှိလဲ ဘယ်​မျက်​နှာမှမကြည့်​ပူး၊ဘာလုပ်​လုပ်​ အ​ကြောက်​အလန့်​ကလဲနည်းကာ့ ကိုယ့်​ရပ်​ရွာမို့လို့​ပေါ့ မဟုတ်​ရင်​မလွယ်​ပူး၊အဲ့ဒါ​ကြောင့်​ခက်​​နေတာ​ပေါ့ကွယ်​၊​ပြောလဲမ​ပြောချင်​ပူး"
ဆိုပြီး တကယ်​မ​ပြော​တော့ဘဲ​နေသဖြင့်​ ထပ်​​မေးရ​ကောင်းနိုး​ကောင်းနိုးနှငိ့ ဦးစိုးမိုးသူနှုတ်​ဆိတ်​​နေရပြန်​သည်​။ဒါ​ပေမဲ့သတိရလိုက်​ကာ
ဒေါ်မြတို့က က​လေးမ​မွေးခံဘူးထင်​တာ"​အော်​ ငါ့တူကလဲကျုပ်​ကသားသမီးမထွန်းကားပါပူး ကျုပ်​တူမခ​လေး​တွေပါ ငယ်​ငယ်​ကတည်းကသူ့ မ​မေကတီဘီနဲ့ဆုံးတာ​လေ အဲ့ဒါနဲ့​ခေါ်​မွေးစားထားတာ"
ခ​လေး​တေကလဲရိုးသားကြိုးစားတယ်​"ဟုတ်​တယ်​ဟုတ်​တယ်​ အဲ့ဒါ​တော့​သွေးထွက်​​အောင်​မှန်​တယ်​ အကြီးဆိုရင်​သူ့ကိုယ်​သူ အငယ်​မ​လောက်​ဥာဏ်​မ​ကောင်းဘူးဆိုပြီး စာ​တွေအရမ်းကျက်​တာ အငယ်​မကြ​တော့လဲ စာအုပ်​ခါးကြားထိုးရန်​ဖြစ်​ရင်း​မေးလိုက်​ရင်​ ရသွားပြီ၊ကျက်​ပြီးပြီဆိုတာချည်းပဲ"

ရန်​ဖစ်​တယ်​ ဟုတ်​လား"ဖြစ်​ပြီ​ငေါ လူ​လေး​ရေ..ဘာ​ပြော​ပြောအမြီးအ​မောက်​လွတ်​တယ်​မှမရှိတာ၊​တော်​ရုံလူကဘယ်​ခံနိုင်​မလဲ"
ဘာလဲအဘွား..သူက​ယောက်ျား​လေးလို​နေတာလား.."အဲ့ဒိလိုပဲ​ပြောရမလား၊ရည်းစားသနာထာယမှာလည်းညီအမနှစ်​​ယောက်​စလုံး ပူစရာမလိုပူး..... "
ဒီစကားကြား​တော့ စိတ်​မပါဘဲစာအုပ်​လှန်​​နေသည့်​ချစ်​​သော ပခုံးတွန့်​ရင်း ​ရေရွတ်​မိ၏။ကြိုက်​တဲ့​ကောင်​​တော့သွားပြီ.....။
ဟဲ့...ခ​လေး၊​မြေးရယ်​တိတ်​လှချည်​လား၊ဒီဘက်​လှည့်​ပါဦး"ဗျာ!.."
တိတ်​တိတ်​​လေး အသံမထွက်​​အောင်​တ​ယောက်​တည်းအတင်းတုတ်​​နေပါတယ်​ဆိမြှ တိုက်​တိုက်​ဆိုင်​ဆိုင်​​ခေါ်လိုက်​​တော့ ပျာပျာသလဲကြီးထူးမိသည်
ဒီဘက်​လှည့်​ပါ၊လက်​ဖက်​သုပ်​​လေး စားပါဦး"အဟွန်း...မကြိုက်​လို့ပါ"
``ကြိုက်​သွားမှာပါကွယ်​၊အကြီးမက လက်​ဖက်​သုပ်​ဆိုရင်​လက်​ရာသိပ်​​ကောင်းတာကွဲ့ ၊ကြည့်​ကြည့်​​တောသုပ်​မဟုတ်​ပူး၊စပ်​စပ်​ချဉ်​ချဉ်​​လေးရယ်​.."
ရယ်​​နေရင်း ချစ်​​သောမျက်​နှာမချိုမချဉ်​ဖြစ်​၏၊မျက်​လုံးထဲမှာ ပါးကွက်​ကြီးနှစ်​ဖက်​နဲ့ တို့ဟူးတုံးကြီး​တွေပဲ ကွင်းကွင်းကွက်​ကွက်​​ပေါ်လာတာဘယ်​လို​ဖျောက်​မလဲ....။
ြေ ပာ​တော့ ​တောသုပ်​မဟုတ်​ပူးတဲ့။ကြည့်​လိုက်​​တော့ြို့မှာအမည်​တပ်​ကြသည့်​ လက်​ဖက်​အဘိုးကြီးသုပ်​...........။

#အမှားပါရင်​ခွင့်​လွှတ်​ပါ 😙😙

Original Writer @babylay

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
SBD 2.30