မိန်းမရပြီးရင်တော့ ကိုယ် ဈေးသွားမယ်...😝😝
မိန်းမကို ဈေးမလွှတ်ချင်ဘူး...ဘာဝယ်ရမှန်းမသိဘဲ စိတ်ရှုပ်စွာဈေးထဲမှာလည်နေရတာမျိုး ကိုယ့်မယားကိုမဖြစ်စေချင်လို့ပါ...
တနေ့တနေ့ ဘာတွေကိုဘယ်လိုတွဲဖက်ပြီးချက်ပြုတ်ရကောင်းမလဲလို့ စဉ်းစားပြီးစိတ်ရှုပ်နေရတဲ့ဒုက္ခမျိုး ကိုယ့်မိန်းမကို မခံစားစေချင်ဘူး...
ဈေးထဲမှာလည်ပြီး ဘာဝယ်ရကောင်းမလဲလို့စဉ်းစားဆုံးဖြတ်ရတဲ့စိတ်ရှုပ်ထွေးမှုကို ကိုယ်တစ်ယောက်တည်းသာ ခံစားလိုက်ချင်တယ်...ကိုယ့်မယားကိုတော့ အိမ်မှာပဲစိတ်အေးချမ်းသာစွာ ယောက်ျားဝယ်လာတဲ့ဈေးခြင်းကို မျှော်နေစေချင်တာ...
ဘာဝယ်ရမှန်းမသိတဲ့ဒုက္ခနဲ့ ဈေးထဲမှာလည်နေတဲ့မိန်းမတွေတွေ့ရင် ကိုယ် အရမ်းသနားတာပဲ...အသားတွေငါးတွေရောင်းနေတဲ့ ဈေးတန်းတွေထဲမှာ ဈေးခြင်းလေးကိုလက်တစ်ဖက်မှာချိတ်လို့ ထမီကိုလက်တစ်ဖက်ကမကာ အသားဝယ်ရကောင်းမလား ငါးဝယ်ရကောင်းမလား အသီးအရွက်တွေပဲဝယ်ပြီး သက်သက်လွတ်စားလိုက်ရကောင်းမလားလို့ ဆုံးဖြတ်ချက်မကျနိုင်တဲ့မိန်းမတွေအများကြီးပဲ...
ယောက်ျားက ငါးမကြိုက်ဘူး...ကလေးတွေက အသီးအရွက်မစားချင်ဘူး...အသားကလည်း နေ့တိုင်းလိုလိုကြက်သားချည်းပဲစားနေရတာမို့ လူတွေလည်းကြက်ရုပ်ပေါက်နေပြီဆိုကာ ဘာဝယ်လို့ဝယ်ရမှန်းမသိဘဲ စိတ်ရှုပ်နေကြတဲ့မိန်းမတွေဟာ သိပ်သနားစရာကောင်းတယ်...
မိသားစုကိုအဟာရပြည့်ဝတဲ့အစားအစာတစ်ခွက်တည်ခင်းဧည့်ခံရတဲ့အလုပ်ဟာ မလွယ်ပါဘူး...အိမ်မှာရှိတဲ့မိသားစုအကုန်လုံးနဲ့အဆင်ပြေမယ့် ဟင်းလျာတစ်ခုစီမံချက်ပြုတ်ရတဲ့အလုပ်ဟာ စစ်ပွဲတစ်ခုကိုဦးဆောင်တိုက်ခိုက်နေရသလို စိတ်ပင်ပန်းစရာကောင်းလှတယ်ဆိုတာကို ကိုယ် သိနေတယ်...
အလုပ်ဆိုရာမှာတော့ ဘယ်အလုပ်မှလွယ်တယ်လို့တော့မရှိပါဘူး...ဒါပေမဲ့ မိသားစုအားလုံးရဲ့စိတ်သဘောတွေအကုန်လုံးနဲ့ထပ်တူကျတဲ့ဟင်းလျာတစ်ခွက်စီမံရတာဟာပိုခက်မယ်လို့ ကိုယ်တော့ထင်တယ်...
အပျင်းထူတဲ့အမေတွေအနေနဲ့ တကူးတကအားထုတ်ကြိုးပမ်းမှုမရှိပဲ အလွယ်တကူချက်ပြုတ်ကျွေးတာမျိုး ဝယ်ကျွေးလိုက်တာမျိုးတွေက စိတ်ပင်ပန်းမှုမဖြစ်စေနိုင်ပဲ မိသားစုကိုအဟာရတန်ဖိုးပြည့်ဝတဲ့ဟင်းလျာတွေကိုမှ ချက်ပြုတ်တည်ခင်းချင်တဲ့မိခင်တွေဆိုရင်တော့ ပင်ပန်းကြမှာအသေအချာပဲ...
မနေ့က ဘာချက်ပြီးပြီ...တနေ့တုန်းက ဘာချက်ခဲ့တယ်...ဒီနေ့ဘာလေးချက်ရင်ကောင်းမယ်...မနက်ဖြန်ကျရင် ဘာချက်စားမယ်ဆိုတဲ့ ရွေးချယ်မှုတွေဟာ အတော်ကိုခေါင်းစားရမယ့်ကိစ္စတွေပဲမဟုတ်လား...
လင်ယောက်ျားက ပြည့်ပြည့်စုံစုံရှာဖွေမပေးနိုင်တဲ့အိမ်ထောင်ရှင်မတွေ ပိုပင်ပန်းကြအုံးမယ်...အနည်းငယ်မျှသောငွေကြေးပမာဏလေးနဲ့ မိသားစုအားလုံးအတွက်လောက်ငှအောင်စီစဉ်ရတာဟာ စာရင်းကိုင်မန်နေဂျာတစ်ယောက်လောက်နီးနီးခက်ခဲပင်ပန်းနေမှာပဲ...
လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ ငွေစအနည်းငယ်နဲ့ တနေ့တခြား မိုးကောင်းကင်ပေါ်ကိုပဲထိုးတက်နေတဲ့ကုန်စည်ဈေးနှုန်းတွေအကြား ဈေးသွားနေတဲ့မိန်းမတွေ ရူးမသွားသေးတာဟာ တော်တော့်ကိုခံနိုင်ရည်အားပြည့်ဝလို့ပဲဖြစ်ရမယ်...
အိမ်ထောင်ကျပြီးရင်တော့ ကိုယ့်မယားကို အဲ့လိုဒုက္ခတွေမခံစားစေရဘူး...ဒီဒုက္ခတွေကို သူ့ရှေ့ကနေကိုယ်ပဲခါးစည်းခံယူလိုက်တော့မယ်...ရူးခြင်းရူး ကိုယ်ပဲရူးပါစေ...ကိုယ့်မယားကိုတော့ စိတ်ခွန်အားနဲ့မမျှတဲ့ ရှုပ်ထွေးနောက်ကျိမှုတွေမခံစားစေချင်လို့
အိမ်ထောင်ကျပြီးတဲ့အခါ ကိုယ် ဈေးသွားမယ်...
Credit###
🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹🌼🌹