မိန်းကလေးသဘာဝ
တချို့ယောက်ျားတွေကပြောတတ်ကြတာ....
" မိန်းမတွေက အသက်တွေပဲ(၅၀)ကျော်(၆၀)ဖြစ်နေတာကို လှချင်ကြသေးတယ်..ဘယ်ယောက်ျားမှလည်းစိတ်မဝင်စားတော့တဲ့ဟာကို..."..တဲ့...။
လွဲပါတယ်..။
ယောက်ျားတွေစိတ်ဝင်စားဖို့အတွက် အလှပြင်နေတာမဟုတ်ပါဘူး..။
နောက်ပြီး(၅၀)ကျော်နဲ့(၆၀)ဆိုတာ ဆယ်ဂဏန်းပဲကွာပေမယ့်မတူဘူး..။
(၃၀)ကျော်နဲ့(၄၀)ကျော်မတူသလိုပေါ့...။
ဒါကပြဿနာမရှိပါဘူး...။
အဘွားကြီးဆိုလည်း အဘွားကြီးပေါ့...။
အဘွားကြီးဖြစ်လာတဲ့အခါ အလှအပပြင်တာ ယောက်ျားတွေအတွက်လို့ ဘယ်သူကပြောတုန်း.?
ကိုယ်လှဖို့ကိုယ်ပြင်နေတာလေ..။
ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး ကျေနပ်နေချင်လို့ပြင်နေတာ..။
သဘောပေါက်မလွဲကြပါနဲ့..။
ယောက်ျားတွေအတွက်လုံးဝမဟုတ်ပါဘူး...။
နောက်တစ်ခုက ဒီအရွယ်တွေဆိုတာ အတွေ့အကြုံဗဟုသုတတွေစုံနေပြီမို့ တော်ရုံ မျောက်ပေါက်စသာသာလောက်ယောက်ျားတွေက ကွိကွိကွကွတွေအော်နေလည်း တိရစ္ဆာန်ရုံထဲက မျောက်ရုံရှေ့ရောက်နေသလို...
" ဟယ် မျောက်ကလေး ချစ်စရာလေး...ထီးနဲ့ပိတ်ထိုးလိုက်ရ.." ဆိုတာမျိုး မျောက်တွေနဲ့ပတ်သက်ရင် ခံစားချက်သိပ်ရှိနေတော့တာလည်းမဟုတ်ပါဘူး..။
ဘဝမှာက ပြည့်စုံနေပြီလေ...။
ဘယ်ဟာမှလည်း လုမယူချင်တော့သလို တော်ရုံတန်ရုံဟာလောက်လည်း သိပ်ကောင်းတယ်မထင်တတ်တော့ဘူး..။
အကောင်းဆုံးတွေချည်းရလာခဲ့ပြီး လူ့ဘဝသက်တမ်းတစ်လျှောက် ဇိမ်ကျလာခဲ့တဲ့အခါ တော်ရုံတန်ရုံကိစ္စတွေဟာ ကျောကုန်းယားလို့ကုတ်နေရသလောက်တောင် ဖီလင်မလာတော့ဘူးဆိုတာပဲ..။
အဲဒါလာပြောတာပါ....အိပ်ပြီနော်...။
Credit### ယုမိကို