To Be Think

in #esteem6 years ago (edited)

အပြော လွယ်သလောက် တကယ်တော့
ဝေဖန်ရေး ဆိုတာ တကယ် ခက်ခဲတဲ့ ပညာရပ်တစ်ခုပါ
ဝေဖန်လိုတဲ့သူဆီမှာ ထိုက်သင့်တဲ့ အတွေးအခေါ် နဲ့ စဉ်းစားတတ်မှု တော့ ရှိဖို့လိုပါတယ်
.
မြန်မာဇာတ်ကားတွေ အညံ့တွေပါနေတယ်ဆိုတာလည်း သိပါတယ်
ဒါပေမယ့်....... ဇာတ်ဝင်ခန်းလေးတစ်ခန်း ဆင်တူရုံနဲ့တော့ ကူးချတယ်လို့ မဆိုနိုင်ပါ

  • စားသောက်ဆိုင်မှာ စားသောက်မယ်
  • ဘားမှာ ဘီယာ/အရက် သောက်မယ်
  • အိပ်ချိန်မှာ အိပ်တာ ပြမယ်
  • ကိုယ်ပိုင်ကား စီးချင်စီးမယ်။ bus လည်း စီးချင်စီးရမယ်
  • နေမကောင်းဖြစ်ချင်ဖြစ်မယ်
  • ဒဏ်ရာ ရချင် ရမယ်
  • သေနတ်မှန်ပြီး သေချင်သေမယ်
    ပြုတ်ကျသေချင်လည်း သေမှာပဲ
    ဒါတွေ တူတာကို ခိုးချတယ်လို့ ပြောရရင် လွတ်တဲ့ကား ရှိမှာကိုမဟုတ်တော့ပါ။
    တစ်ဇာတ်လုံး တူနေရင်တော့ ပြောပေါ့
    .
    မကြိုက်ရင် မကြိုက်ဘူး ပြောခွင့်ရှိပါတယ်
    ဒါက ပုဂ္ဂလိက ထင်မြင်ယူဆချက်မို့ လွတ်လပ်ပါတယ်
    .
    ဝေဖန်မယ် ဆိုရင်တော့ တာဝန်ပိုကြီးသွားပါတယ်
    ဘက်မလိုက်ဘဲ သင့်တင့်မျှတတဲ့ ဝေဖန်ရေးအမြင် ရှိဖို့လိုပါတယ်
    .

Photo Credit from original on facebook

image

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62007.73
ETH 2389.39
USDT 1.00
SBD 2.49