အောင်မြင်မှု့ဆိုတာ ကြိုးစားခြင်းရဲ့ ရလဒ်

in #esteem6 years ago

image
မရေရာ မသေချာတဲ့ လောကကြီး သေချာတာတစ်ခုတော့ပြောချင်တယ် မင်းကိုငါ ဘယ်တော့မှအရှုံးမပေးဘူး ကိုယ့်​အ​ပေါ် သစ္စာမရှိတဲ့သူကို ဆက်​ပြီးချစ်​​နေဖို့ထက် သတိမရဖို့က ပိုပြီးအ​ရေးကြီးတယ်​။ အချစ်​မှာ ပုံ​သေနည်း​တော့မရှိဘူး ဒါ​ပေမယ့်​ အချစ်​​ကြောင့် မျက်​ရည်​ကျရတာက​တော့ ​သေချာတယ်​​လေ အလွမ်း ဆိုတာ လက်​ဆုပ်​လက်​ကိုင်​ ပြသလို့​တော့မရဘူး ဒါ​ပေမယ့်​ လူမသိသူမသိ တိတ်​တိတ်​​လေး ​လောင်​ကျွမ်း​နေတာ အလွမ်းဆိုတဲ့ အရာပဲ​လေ သံ​ယောဇဉ်​ ဆိုတာ ထုတ်​​ဖော်​ပြလို့​တော့ မရဘူး ဒါ​ပေမယ့်​ အချိန်​ကြာလာ​လေ တင်းကြပ်​ပူ​လောင်​လာတာ သံ​ယောဇဉ်​ ပဲ​လေ အမုန်း ဆိုတာ မချစ်​​တော့လို့ မုန်းခဲ့တာမှ မဟုတ်​တာ အစွန်း​ရောက်​​အောင်​ချစ်​ခဲ့မိလို့ နာကျင်​မှု​တွေ စုပြုံ​နေတဲ့ အရမ်းကြီးမားတဲ့ အစိုင်​အခဲပဲ​လေ အချစ်​ အမုန်း အလွမ်း သံ​ယောဇဉ်​ ဆိုတာ နှလုံးသားရှိတဲ့ သတ္တဝါတိုင်း ​ကျော်​ဖြတ်​ရမည့်​ မဟာတံတိုင်းကြီး​တွေပါ သံ​ယောဇဉ်​​ကြောင့်​ ဖြစ်​လာတဲ့ ပူ​လောင်​မှု ၊ လှိုင်းတံပိုး​တွေကို ပညာသားပါပါနဲ့ ပါးနပ်​စွာ ​ကျော်​ဖြတ်​လာနိုင်​ရင်
သင်​ဟာ ရင့်​ကျက်​သူတစ်​​ယောက်​ပါပဲ ပိုင်ဆိုင်ဖို့ ကံပါမလာရင် စွန့်လွှတ်နိုင်အောင် ကြိုးစားပါတဲ့
ရယူပြီးမှ ပြန်ပေးလိုက်ရတဲ့ ခံစားချက်မျိုး ဘဝမှာ ခံရအခက်ခဲဆုံး ဆိုတာ ကိုယ့်တိုင်ကြုံဖူးမှ သိတာ ဒါကြောင့် အချို့ ကံတရားတွေက အစထဲကလွဲဖယ်သွားခဲ့ရင်လည်း အကောင်းသား။ ရှေးဘဝက ရေစက်သာရှိရင် ဘယ်လောက်ဝေးဝေး ဆုံနိုင်တယ်တဲ့ ဆုံခဲ့ရပြီးမှ ဝေးကွာသွားရတဲ့ သံယောဇဉ်မျိုး ဘဝမှာ လက်ခံဖို့မလွယ် နိုင်ဘူးဆိုတာ မမေ့နိုင်တဲ့ သူမျိုးတွေအတွက် သိပ်ခံရခက်လွန်းတယ် ဒါကြောင့် မဆုံနိုင်မှန်းသိရဲ့သားနဲ့ အစထဲက မတွေ့ခဲ့ရရင် အကောင်းသား။
image
နားမလည်ချင်တော့တဲ့တစ်နေ့ ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါတဲ့
ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေက အချိန်တွေမို့ လွယ်လွယ်နဲ့ သင်ပုန်းချေဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှဘူး ပြုသူနဲ့ ခံရသူက ဘယ်သူ ပိုနာကျင်စေရပါသလဲ ဒါကြောင့် အချို့ပတ်သတ်မှုတွေက အစထဲ မရင်းနှီးမဆက်ဆံခဲ့ရရင် အကောင်းသား။ မမေ့နိုင်ခဲ့ရင်တောင်မှ ခွင့်လွတ်ဖို့ ကြိုးစားပေးပါတဲ့ သူပျော်ပါစေဆိုတဲ့ စိတ်နဲ့ လွတ်တင်ခဲ့ဖူးတဲ့ မိုးပျံဘောလုံးလေးလို
သူကိုယ့်အနားက အဝေးကိုရောက်သွားတိုင်း ကိုယ့်ပျော်ရွှင်မှုတွေလည်း ပါသွားခဲ့ရတဲ့ ဒဏ်ရာမျိုး ပေးဆပ်ဖူးသူတိုင်း ကြုံဖူးမှာပါ ဒါကြောင့် အချို့အရာတွေက သူပျော်ပါစေဆိုပြီး ကိုယ့်ပျော်ရွှင်မှုတွေကို လမ်းခင်းပေးခဲ့ရတဲ့ အဖြစ်တွေ အစထဲက အလေးမထားမိခဲ့ရင် အကောင်းသား။ကိုယ့်အပေါ် စိမ်းကားသွားသူကို သူစိမ်းတစ်ယောက်လိုသဘောထားပါတဲ့
အရာဝတ္တုတွေကို လွယ်လွယ်နဲ့ မေ့နိုင်ပေမယ့် စိတ်ထဲက အမှတ်တရ တွေကိုတော့ အချိန်တွေအများကြီးရင်းပြီးမှ မေ့ဖျောက်ရတာမို့ အစွဲအလန်းကြီးမိသူတိုင်း ခံစားဖူးမှာပါ ဒါကြောင့် သူစိမ်းဆိုတာ တစ်ချိန်က အရင်းအနှီးဆုံးသူတွေကမှ ဖြစ်တည်သွားတတ်တာမျိုးမို့ အစထဲက ဘဝထဲဝင်မလာခဲ့ရင်လည်း အကောင်းသား။ စိတ်ဓါတ်မကျလိုက်ပါနဲ့ မင်းရည်ရွယ်ချက် အတွက် မင်းခြေလှမ်းတွေ ခရီးဆက်နေတာ ဘာကြောင့်ရပ်ပြစ်လိုက်မှာလဲ အချစ်အတွက်ဆိုတဲ့ ခေါင်းစဉ်အောက်က
ခပ်ညံ့ညံ့ဝါကျတွေနဲ့ဘဝကိုလှဲထပ်မလို့ လား
အချစ်ကအချစ် ဘဝမဟုတ်ဘူးလေ ရောမွေလို့ ပဏာမသင့်ရင် ခွဲဖြစ်အောင်ခွဲရမှာပေါ့
ဆွဲနစ်ပြစ်ရလောက်အောင်တော့ မချစ်သင့်ဘူးလေ လျှောက်ခဲ့တဲ့လမ်းက ပန်းခင်းလမ်းမှမဟုတ်တာ ခရီးလည်းတစ်ဝက်ရောက်ခဲ့ပြီးပြီ
အချစ်ကြောင့် ဆက်မလျှောက်ဖြစ်ရင်
မင်းလောက်မိုက်တဲ့သူရှိပါ့မလား ခံစားချက်နဲ့ရည်မှန်းချက် ဘဝအတွက် ဘယ်အရာအလေးသာသလဲ မင်းဟာလူသား နှလုံးသားပါသလို ဦးနှောက်လည်းရှိနေတာ သတိရလိုက်ပါအုံး။ ပတ်ဝန်းကျင်မှာ အမြဲတွေ့ရတာကတော့ ခလေးက နည်းနည်း အပြစ်လုပ်တာနဲ့ ပြောဖို့ထက် လက် နဲ့ ပဲဖြစ်ဖြစ် တုတ်နဲ့ပဲဖြစ်ဖြစ် ဆွဲရိုက်တော့တာပါပဲ။
image
တစ်ချို့ကိစ္စတွေက နားလည်အောင်ရှင်းပြတာနဲ့ ရပါတယ် ရိုက်မှရင်ထဲစွဲပြီမှတ်မိတာပါမဟုတ်ပါ။ ရိုက်လိုက်မှပဲ ခလေးရဲ့ ရွဲတတ်တဲ့စိတ်ကို နိုးကြားလာအောင်လုပ်လိုက်တာနဲ့ အတူတူပဲ ပြီးတော့ ခလေးကို ရိုက်လိုက်လို့ ကြောက်သွားတာ မဟုတ်ပါဘူး ခလေးက တုတ်ကို ကြောက်တာပဲရှိတာပါ လူကို မကြောက်တတ်တော့ပါဘူး ရိုက်လိုက်တဲ့ အတွက် ခလေး နဲ့ မိဘကြားမှာ ဆိုးကြိုးတွေ အများကြီးရှိလာနိုင်ပါတယ်။ ကျွန်မဆိုလိုတာက ခလေးကို သွန်သင်ဆုံးမလို့ မရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ခလေးတွေကို ရိုက်လို့တော့ရပါတယ် ဒါပေမယ့် ဒေါသတကြီး ဆွဲရိုက်တာမျိုးမဟုတ်ပဲနဲ့ ဘာလုပ်လို့ရိုက်တယ် ဘာကြောင့် ရိုက်ခံရတယ်ဆိုပြီး နားလည်အောင်ပြောစေချင်တာပါ ဒေါသကြောင့်ရိုက်ရင် ခလေးက ငိုလေ ဒေါသကပိုထွက်လေ ပိုရိုက်လေဖြစ်ပြီး ခလေးက ကိုယ်ဘာကြောင့်ရိုက်ခံရတယ်ဆိုတာကို မသိတော့ပဲ နာတာကိုပဲသိပြီး ဆိုကြိုးတွေ ဖြစ်လာနိုင်လို့ပါ။ ခလေးတွေကို ဓလေ့ထုံစံတွေနဲ့လိုက်လျှောညီထွေနေတတ်အောင် ၊ အမှုအကျင့်ကောင်းတွေနဲ့ ကြီးပြင်အောင်၊ ဘယ်လိုလုပ်ရင် အန္တရာယ်ရှိတယ် ဘယ်လိုလုပ်ရင် အန္တရာယ် မရှိဘူးဆိုတာသိအောင်၊ လိုချင်တာကို ခိုးယူတာမျိုးမဟုတ်ပဲ တောင်းယူတတ်အောင်၊ လူကြီးမိဘတွေကို ရိုသေတတ်အောင် သေချာ ရှင်းပြပြောဆိုတတ်ဖို့လိုပါတယ် အဲလိုမှ မဟုတ်ပဲ ကိုယ့်စိတ်ထဲမတွေ့တာနဲ့ ခလေးကို နင်ဒီလို လုပ်စရာလာဆိုပြီး ဆွဲမရိုက်သင့်ပါဘူး။
image
ဘာလို့ဆို ကိုယ့်က မသင်ပြထားရင် ခလေးက မသိနိုင်တာမို့ ခလေးရဲ့ အပြစ်မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ခလေးတွေ ဆိုတာ လောက အသစ်ကို စတင်ဝင်ရောက်ပြီး စူးစမ်းလေ့လာနေကျပြီး သူတို့ရဲ့ ဦးနှောက် ဥာဏ်မှီသလောက်ကို သူတို့လုပ်ချင်တာကို စမ်းသပ်လုပ်ကြည့်နေကြတာ အဲဒါကို ကိုယ့်က သူတို့ မှားရင်တောင် အမှားထဲက သင်ခန်းစာယူတတ်အောင် ရှင်းပြသင်ကြားပေးမှ မှန်မှာလေ အဲလိုမဟုတ်ပဲ ရိုက်လိုက်မယ်ဆိုရင် ခလေးက ကိုယ့်ကို ရွံ့ကြောက်ကြီး ကြောက်သွားနိုင်သလို ခလေးရဲ့ ဥာဏ်ရည်ကိုလဲ တုံးအောင်လုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။
ရိုက်နှက်ခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ မိဘ နဲ့ သားသမီးကြား ချစ်ခင်လေးစားခြင်းတွေ၊ မိဘ အလိုကျလုပ်ပေးချင်တဲ့စိတ်လေးတွေ ပျောက်ပြီး ရွံ့ကြောက်ကြီးကြောက်ပြီး ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်လာတတ်ပါတယ်။ ခလေးဟာ သူများကိုလဲ ရိုက်နှက်လိုက်ဖို့ ၀န်မလေးတော့ပါဘူး ကိုယ်ရိုက်ခံရသလို သူများကိုလဲ ရိုက်ချင်တဲ့စိတ်လေးတွေ ကိန်အောင်းလာတတ်ကာ သူငယ်ချင်းတွေ ကြားမှာ အဆင်မပြေဖြစ်လာတတ်ပြီး ပေါင်းသင်းဆံဆက်ရေးညံ့လာတတ်ပါတယ်။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Boaungdean from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58192.51
ETH 2295.28
USDT 1.00
SBD 2.50