သွေးတိုးတာကာကွယ်​နည်း

in #esteem7 years ago

သွေးတိုးရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားရအောင် သွေးပေါင်ချိန်ကို လွယ်ကူရိုးရှင်းတဲ့ နည်းလမ်း တွေနဲ့ ဘယ်လိုထိန်းချုပ်နိုင်သလဲဆိုတာကို လေ့လာကြည့်ရအောင်။
နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလိုက်ပါသွေးတိုးရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားရအောင် သွေးပေါင်ချိန်ကို လွယ်ကူရိုးရှင်းတဲ့ နည်းလမ်း တွေနဲ့ ဘယ်လိုထိန်းချုပ်နိုင်သလဲဆိုတာကို လေ့လာကြည့်ရအောင်။
နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလိုက်ပါ

(၁) တနေ့လျှင် မိနစ် သုံးဆယ်ခန့် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ။

(၂) အ၀မလွန်အောင် ထိန်းသိမ်းပါ။ ကိုယ်အလေးချိန်ငါး ပေါင်ခန့် ကျဆင်းအောင်ပြုလုပ်ခြင်းက အပေါ်သွေး ပမာဏကို ကျဆင်းစေတယ်လို့ Mayo Clinic မှာဖော်ပြထားပါတယ်။

(၃) ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်သုံးခြင်းက သွေးကြောနံရံတွေကို မာကျောစေပြီး သွေးဖိအား ကိုမြင့်တက်စေပါတယ်။

(၄) သွေးပေါင်ချိန်စက်ဝယ်ထားပြီး အိမ်မှာအမြဲတိုင်းတာပါ။ သွေးပေါင်ချိန်ပမာဏနှင့် ပတ်သက်၍ နေ့စဉ်မှတ်တမ်း ထားရှိပေးပါ။

(၅) အငန်ဓာတ်လျော့စားပါ။ ဟင်းလျာများထဲတွင် ဆားလျော့ထည့်ပါ။ ငါးပိ၊ ငါးခြောက်၊ တာရှည်ခံအောင်ပြု လုပ်ထားတဲ့ အစားအစာများ၊ ပြုပြင်ထားတဲ့အစားအစားများမှာ ဆားပါဝင်မှုနှုန်းများပြားပါတယ်။

(၆) သွေးတိုးရောဂါဖြစ်ပွားခြင်းကို ရပ်တန့်ရန်အတွက် သင့်တော်တဲ့ စားသောက်မှုပုံစံကတော့ တနေ့လျှင် နှစ်ကြိမ်ခန့် ဟင်းသီးဟင်းရွက်စားပေးပါ။ နေ့လည်စာ (သို့မဟုတ်) ညစာတွင် သစ်သီးပါဝင်အောင်စားသုံးပေးပါ။ သစ်သီးခြောက်များကို သွားရေစာအဖြစ် စားသုံးနိုင်ပါတယ်။ တနေ့လျှင် အသားပမာဏ ခြောက်အောင်စထက်ပိုပြီး စားသုံးခြင်းကိုရှောင်ကြဉ်ပါ။ အဆီထုတ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများကို ဦးစားပေးစားသုံးပါ။ အရက်၊ ဆိုဒါရည် စတာတွေက သွေးတိုးစေတာကြောင့်ရှောင်ရှားပါ။