တိုတောင်တဲ့ဘဝကိုဂရုစိုက်ပါ
တိုတောင်တဲ့ဘဝကိုဂရုစိုက်ပါ
ဖြစ်လာမယ့်ပြဿနာကို ကြိုတွေးနိုင်တာ ဉာဏ်ရှိလို့ပါနော်။
ဖြစ်လာမယ့်ပြဿနာကို ကြိုမတွေးနိုင်လို့ လူတွေဒီလောက်ဒုက္ခများနေတာ။ သူငယ်ချင်းမိတ်ဆွေတွေကို လုပ်ဖော်ကိုင်ဖက်တွေကို မိသားစုတွေကို ပြဿနာထဲ ဆွဲခေါ်ပြီး စိတ်ဆင်းရဲမှုတွေ စိတ်ဒုက္ခတွေ အများဆုံးပေးနိုင်တာ အခြေအနေကို ကြိုမတွေးတတ်တဲ့သူတွေပဲ။
ကြိုတွေးတာ ကောင်းပါတယ်နော်။ နည်းနည်းစိတ်ပူတတ်တာလည်း ကောင်းပါတယ်။ အဲဒါကြီးကိုတော့ ပြဿနာကြီး ထပ်တော့ မလုပ်နဲ့တော့နော်။
ဟုတ်တယ် ငါက စိတ်ပူတတ်တယ် လို့ လက်ခံထားပါ။
ပူစရာတွေ တွေးနေပြီ ဆို သိပြီးတွေးမယ်နော်။ တွေးနေတုန်းမှာ တွေးနေတာကို သိဖို့ကြိုးစားမယ်။ အတွေးတွေကြောင့် ရင်ထဲမှာ ဒိုင်းခနဲ ဒိုင်းခနဲ ဗုံးတွေဖောက်သလို ဖြစ်သွားရင်လည်း ရအောင် လိုက်သိနေမယ်။
သိနေတဲ့အခါလည်း ငါက ဒီလိုကြီး ဖြစ်တတ်တာကိုး မကြိုက်ပါဘူး လို့ဆိုပြီး အပြစ်ယူတဲ့စိတ်နဲ့ မတွေးပါနဲ့။ ငါ ဆိုတဲ့ နေရာက သိရမှာ မဟုတ်ဘူး။ ငါမဟုတ်တဲ့ နေရာကနေ ကြည့်ရ သိရမှာနော်။ ငါ့စိတ် ငါ့အတွေး ငါမကောင်းဘူး လို့ မြင်နေရင် စိတ်သဘာဝကို သေချာ သိလိုက် မြင်လိုက်မှာ မဟုတ်ဘူး။
အင်မတန်တည်ငြိမ်တဲ့ တန်ခိုးရှင်ကြီးတစ်ပါးလို စိတ်မျိုးနဲ့ သိရမှာ ။ ဘာမှ ဝင်မစွပ်ပဲနဲ့ ဖြစ်လာတဲ့ စိတ်သဘာဝကို နက်နက်နဲနဲ သိဖို့ ကြိုးစားရမှာနော်။
စိတ်ပူစရာတွေ တွေးပြီးပြီလား ..တွေးပြီးပြီဆို ခဏအသာထားလိုက်တော့ ... စိတ်အေးအောင် ထားအုံးမယ် ...
အဆိုးဆုံးဘာဖြစ်နိုင်သလဲ။ ဖြစ်လာမယ့်အဆိုးဆုံးကို ဘယ်လိုတည်တည်ငြိမ်ငြိမ်ကိုင်တွယ်ပြီး အဆုံးသတ်လိုက်မလဲ တွေးပါ။
တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းသွားနေတယ် ဆိုတဲ့ ကိုယ့်ရဲ့ Image ကိုယ်ကိုယ်ကိုယ်မြင်ပုံကို သေသေချာချာ အာရုံပြုပါ။ အဲဒါသိပ်အရေးကြီးပါတယ်။
စိတ်ရဲ့သဘာဝက reason ကို သိပ်နားမလည်ဘူး။ image ကို နားလည်တယ်။ ခေါင်းအေးအေးနဲ့ တည်တည်ငြိမ်ငြိမ် လုပ်ကိုင်နေထိုင် ပြောဆို နေတာကို မကြာမကြာ အာရုံပြုပါနေိာ။
ကိုယ်ပေးချင်တဲ့ image ကို ကိုယ့်စိတ်မှာစွဲနေအောင် ပေးနေရတယ်။ အကျင့်လုပ်နေရတယ်။ ခဏလုပ်ရုံနဲ့လည်း မရဘူး။ အမြဲတမ်းတစိုက်မတ်မတ် လုပ်နေရတယ်။ ကြာလာတဲ့အခါ ငြိမ်းချမ်းနေတာ ငါပဲ တည်ငြိမ်နေတာ ငါပဲ။ ထင်ထားတဲ့ ပြဿနာရော ထင်မထားတဲ့ ပြဿနာရော ရင်ဆိုင်ရပြီဆိုရင် ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်တာ ငါပဲ။
ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်မြင်ရတဲ့ image က ကိုယ့်တစ်နေ့တာကို guide လုပ်သွားနေတယ်။
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ guide လုပ်နေတယ်။
ကိုယ့်ဘဝတစ်ခုလုံးကိုလည်း ကိုယ့်ကိုယ်ကိုယ်မြင်တဲ့ အမြင်ကပဲ ပြဌာန်းသွားနေတယ်။
အဲဒီတော့ တရားအားထုတ်တယ်လို့ မတွေးပါနဲ့ ... သတိလေးကပ်ပြီး စိတ်ကို အတွေးတွေရှင်းအောင် လုပ်လိုက်တယ် .. .တည်ကြည် ငြိမ်းချမ်းတဲ့အာရုံလေးကို အာရုံပြုတယ် .. စိတ်ကလေး ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ တစ်နေ့တာကို ဖြတ်သန်းသွားနေတယ်... အလုပ်တွေလည်း အများကြီးလုပ်နေတယ်... အလုပ်တွေလည်း အများကြီးပြီးတယ်....အခက်အခဲတွေကိုလည်း ရယ်ရင်းမောရင်း ပျော်ပျော်ရွှင်ရွှင် ဖြေရှင်းသွားနေတယ်...လုပ်ဖော်ကိုဖက်တွေ အပေါင်းအသင်းတွေနဲ့လည်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ပြောရင်းဆိုရင်း နေသွားနေတယ်...
အဲလို သတိကို အလေ့အကျင့်လုပ်ရင်း စိတ်ကိုလည်း လေ့ကျင့်ပါနော်။ Habit is second nature. လို့ ဆိုတယ် မဟုတ်လား။ ကိုယ့်သဘာဝ ဖြစ်လာလိမ့်မယ်။
Stress ရှိတော့လည်း ရှိမှာပေါ့ .. လူတိုင်းရှိပါတယ်။ ဘာ stress မှ မရှိချင်ရင် ဘာအလုပ်မှ မလုပ်ပဲ နေမှပဲ။ ဒါတောင် အလုပ်မရှိတဲ့ stress က လာအုံးမယ် သေချာတယ်။
Mindfullness သတိနဲ့နေတဲ့အကျင့် ရှိနေတဲ့ကြားက stress ရှိလည်း ခံသာတဲ့ stress ပဲ ဖြစ်လိမ့်မယ် ကိုယ့်ကို ပို ကျစ်လစ် မာကျော စေလိမ့်မယ် ပို မေတ္တာကရုဏာကြီးတဲ့သူ ဖြစ်စေလိမ့်မယ် ခွင့်လွှတ်တတ်တဲ့သူ ဖြစ်စေလိမ့်မယ် ....
photo : facebook