လေး​သောင်းတန်​မှကျွန်​​တော်​သို့

in #esteem6 years ago

image
Credit:photo
ငယ်ငယ်တုန်းက သားကြီးလာရင် ဘာလုပ်မလဲ မေးတဲ့အခါ အဖေအမေတွေ သင်ပေးတဲ့အတိုင်း ဆရာဝန်ကြီး လုပ်မယ် လို့ ဖြေတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ…
(ခဏရပ် .. စဉ်းစား.. ဟုတ်ရင် လက်ထောင်ကြည့်)

ဆယ်တန်းအောင်ကာစမှာ ရတဲ့အမှတ်နဲ့ တက်ချင်တာနဲ့ မမှီလို့ မတက်ရ.. ဆရာဝန် မဖြစ် ရေကြောင်းတက္ကသိုလ်မတက်ရတဲ့အချိန် .. ဘာလုပ်ချင်မှန်း ဘာဖြစ်ချင်မှန်း မသိဘဲ ယောင်ချာချာနဲ့ သူများက ဒီကောင်တော့ သွားပြီ အထင်ခံရချိန် တိုင်ပတ်ခဲ့ဖူးတာ ဘယ်နှစ်ယောက်ရှိလဲ…
(ခဏရပ် .. စဉ်းစား.. ဟုတ်ရင် လက်ထောင်ကြည့်)

တက်လိုက်တဲ့ ကျောင်းက စိတ်မဝင်စားတဲ့ဘာသာရပ်ဖြစ်နေတော့ ကျောင်းသွားရမှာပျင်း အိမ်မှာအိပ်နေ၊ ကျောင်းပြေး၊ မိဘအဆဲခံရ အိမ်ပေါ်က နှင်ချခံရလုလုဖြစ်တာ ဘယ်နှစ်ယောက်ရှိလဲ…
(ခဏရပ် .. စဉ်းစား.. ဟုတ်ရင် လက်ထောင်ကြည့်)

ကျောင်းပြီးတော့လဲ ရတဲ့ဘွဲ့နဲ့ ဘာလုပ်ရမှန်းမသိ.. သာမန်ဝန်ထမ်းလောက်ပဲ လျှောက်ရမယ့် ဘဝ .. ကိုယ့်ဝမ်းကိုယ် ဘယ်လိုကျောင်းရမှန်းမသိ .. မျက်စိသူငယ်နားသူငယ်နဲ့ မြို့ကြီးတက်လာ အလုပ်ရှာ.. ကျောသာပူသွား အလုပ်ပါး ခဲ့ရတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ..
(ခဏရပ် .. စဉ်းစား.. ဟုတ်ရင် လက်ထောင်ကြည့်)

အားမငယ်ပါနဲ့ ဘော်ဒါတွေ.. ကျုပ်လဲ ခင်ဗျားတို့နဲ့ အတူတူဖြစ်ခဲ့တာပါပဲ.. အဲဒီကနေ မှ ရုန်းရင်းကန်ရင်း၊ စားစရာမရှိရေသောက်ဗိုက်မှောက်ရင်း၊ သူများဆီက ပိုက်ဆံချေးစားရတဲ့ အဖြစ်ကနေ အခုတော့ နည်းနည်းပါးပါး အိုကေလာတဲ့ဆီရောက်လာပြီပေါ့လေ..

အခု ဒီနေရာကို ဘယ်လိုရောက်လာခဲ့လဲ.. ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ကာလအတွင်း ဘယ်အရာတွေက ကျွန်တော့်ကို ကူညီပေးခဲ့သလဲ…

  • နည်းပညာနဲ့ ပတ်သက်ရင် သိချင်စိတ် ပြင်းထန်မှု
  • အင်္ဂလိပ်စာ အတန်အသင့် ရေးတတ်ဖတ်တတ် ပြောတတ်မှု
  • အချိန်အခါကောင်းမှီမှု
  • အလုပ် (နည်းနည်း) ကြိုးစားမှု
  • မိတ်ဆွေကောင်းတွေရဲ့ စောင်မမှု စတဲ့ အကူအညီတွေ ကျနော်ရခဲ့ပါတယ်..

ခုချိန်မှာ ကျွန်တော့်လို လမ်းပျောက်နေသူ၊ ဘာဆက်လုပ်ရမှန်းမသိသူ၊ တိုင်ပတ်နေသူ၊ ရွေးချယ်ခဲ့တဲ့လမ်း မှားနေပြီလားလို့ ထင်နေသူများရှိခဲ့ရင် ကျွန်တော် ဒီနေရာကနေ ပြောပါမယ်..

I am the living example ပါ။

ဒါကြောင့် ဘာမှ စိတ်ဓာတ်ကျနေစရာမလိုဘူး၊ အထူးသဖြင့် Digital Marketing လောကက လူများ၊ ခင်ဗျားတို့ဟာ ခေတ်ကောင်းမှီနေတယ်၊ ခင်ဗျားတို့ အချိန်ကောင်းတယ်၊ ကြိုးစားပါ၊ တစ်ချိန်မှာ ကျွန်တော့်လို အဆင်ပြေလာမယ်လို့ ယုံကြည်တယ်..

နောက်တစ်ခုက ဝန်ထမ်းဘဝနဲ့ ဘယ်တော့မှ မချမ်းသာပါဘူး၊ ခင်ဗျားယုံပါ၊ နောက် နှစ် ၅၀ လောက်ကို လှမ်းကြည့်နော်.. ခင်ဗျား ဘယ်နေရာမှာနေချင်လဲ.. ကိုယ်ပိုင်လုပ်ငန်းလုပ်၊ သူဌေးမဖြစ်ရင်တောင်မှ စားလောက်သောက်လောက်တာလေးရ၊ အေးဆေးနေ၊ သေ (သို့) သူများအလုပ်လုပ်၊ ဘောနပ်စ်တစ်နှစ်တစ်ခါယူ၊ ခရီးလေးဘာလေးထွက်၊ သူများအလုပ်ပြန်လုပ်၊ ပင်စင်ယူ၊ သေ.. ဘယ်ဟာရွေးရင်ကောင်းမလဲ စဉ်းစားပါ..

ကျွန်တော်တောင် သူများအလုပ်မလုပ်တော့ဘူး၊ ကိုယ်ပိုင်လုပ်နေပြီ။ ငတ်ရင်ငတ်ပါစေ၊ ကိုယ်ပိုင်လုပ်တာက ပိုစိတ်ချမ်းသာတယ်လို့ ခံစားရတာအမှန်ပဲ။ ကျွန်တော်တောင် ဒီလိုလုပ်နိုင်ရင် ခင်ဗျားတို့က ပိုလုပ်နိုင်ရမှာပေါ့။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အင်တာနက်ဆိုင်လေးတစ်ဆိုင်မှာ တစ်လကို လစာ ၄၀၀၀၀ ကျပ်နဲ့ မနက် ၉ ည ၈ အလုပ်လုပ်ခဲ့ရတဲ့ လူတစ်ယောက်တောင် ဒီလောက်ဖြစ်ရင်.. ခင်ဗျားတို့က ပိုဖြစ်နိုင်ပါတယ်။ ကျွန်တော်ခင်ဗျားတို့ကိုယုံတယ်..

ကျွန်တော်တို့ဘက်ကလဲ ကျွန်တော်နဲ့ ကို Phyo Paing ဒီလူတွေကို ကူညီရင်း၊ ကျွန်တော်တို့သိထားတာကို ပြန်လည်မျှဝေရင်း၊ ခင်ဗျားတို့ရဲ့ မိတ်ဆွေကောင်းတွေ အဖြစ်နဲ့

  • ဘာမှမလုပ်ရသေးခင် idea စဉ်းစားခြင်း
  • Business တစ်ခု စတင်တည်ထောင်ဖို့ လိုအပ်တဲ့အခြေခံ Framework
  • Digital ကိုအသုံးချပြီး ဒီ Business ကို Growth ဖြစ်အောင် ဘယ်လိုလုပ်မလဲ
  • Copywriting & Content Creation စာရေးနည်း
  • Digital Strategy မှာ သိရမယ့်အချက် (၇) ချက်

စတာတွေကို Online သင်တန်းအဖြစ် ပြန်လည်မျှဝေပေးသွားမှာပါ.. 100% အွန်လိုင်းကနေ သင်ပေးသွားမှာ ဖြစ်ပါတယ်။ (အသေးစိတ်ကို ပြန်ပြောပါ့မယ်)

I believe in you. You can do it.

#AMC

Sort:  

FOLLOW⇆BACK⇉@a-0-0

good post

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57292.40
ETH 3073.43
USDT 1.00
SBD 2.32