သိုင်းသမားတစ်ယောက်၏ အတ္ထုပ္ပတ္တိ (5)
သိုင်းသမားတစ်ယောက်၏ အတ္ထုပ္ပတ္တိ (5)
ဖေ့စ်ဘွတ် မှ ကူးယူပါ၏
facecbook တွင်ကြည့်ရှုပါမည်
ဆက်လက်၍ဖတ်ရုချင်လျှင် အောက်တွင်ဖတ်ပါ ⏬⏬
သမားတော် ကွေ့မု၏ အိမ်မှာ မီးတဟုန်းဟုန်းတောက်လာသောကြောင့် သေမင်းခေါ်သံတို့ လန့်ဖြန့်သွားကြ၏။
"ဟာ မီး မီး"
"ဟာ ဘယ်လိုဖြစ်တာလဲ "
"ငြိမ်းကြစမ်း မြန်မြန် "
သေမင်းခေါ်သံတို့ တစ်ယောက်တစ်ပေါက်ပြောကာ အလောတကြီး တွေ့ရာနှင့် မီးအားငြိမ်းသတ်ရန် ကြိုးစားကြသော်လည်း အရာကား မထင်ပေ။တဖြည်းဖြည်းနှင့် အိမ်လေးအား မီးက ဝါးမြိုသွားတော့လေသည်။သေမင်းခေါ်သံတို့ မျက်စိမျက်နှာပျက်လျက်ရှိနေကြတော့သည်။သူတို့မှာ ပြသနာအကြီးအကျယ်နှင့် ရင်ဆိုင်ရပြီ မဟုတ်ပါလား။ဂိုဏ်းချူ ပ်က သူတို့အား ယုံကြည်သောကြောင့် သူ့အချစ်ဆုံးဇနီးအား သူတို့နှင့် လက်လွှဲခဲ့သည်ဖြစ်ခြင်းပင်။ပို၍ ဆိုးရွားသည်က ကုပိုကျောက်၏ ရင်သွေးကလေးပင်။ကုပိုကျောက်တွင် ဇနီးနှစ်ယောက်ရှိသော်လည်း ဇနီးကြီးမှာ ကလေးမရနိုင်ပေ။ထို့ကြောင့် ယဲ့ချင်းအား ချစ်မြတ်နိုးပြီး ယဲ့ချင်းတွင် သူ၏ရင်သွေးရှိသည့်အချိန်မှ ပို၍ ဂရုစိုက်လာကာ အစွမ်းကုန်အလိုလိုက်ခဲ့သည်။ယခုလည်း ဂိုဏ်းတွင်းရှိသမားတော်များအား ပြသချိန်တွင် မီးဖွားလျှင် ယဲ့ချင်း၏အသက်ဆုံးရှုံးနိုင်သည်ဟု သိရသောကြောင့် သိုင်းလောကရှိ အတော်ဆုံးသမားတော်ထံ သူတို့အား ပို့ဆောင်ရန် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ဦးကြီးယဲ့က မျက်စိမျက်နှာပျက်လျက်
"ကျူ ပ်တို့တော့ ခွေးတွေလောက်တောင် အသုံးမကျတော့ဘူး။ဂိုဏ်းချူ ပ်ကြီးက ကျူ ပ်တို့ကို ယုံကြည်လို့ ဂိုဏ်းချူ ပ်ရဲ့ အကြီးကျယ်ဆုံးအလုပ်ခိုင်းခဲ့တာ။အခုတော့ "
ဦးကြီးယဲ့သည် သေဆုံးရမည်ကို ကြောက်၍မဟုတ်သော်လည်း ဂိုဏ်းချူ ပ်က သူတို့အား ထားသော ယုံကြည်မှု့ကို မထိန်းသိမ်းနိုင်သောကြောင့် မျက်နှာမှာ ၂ဆခန့် အိုမင်းရင့်ရော်သွားတော့သည်။သို့သော် သေမင်းခေါ်သံတို့ထဲမှ သေမင်း ၈က
"အကိုကြီး ကျူ ပ်စိတ်ထဲမှာတော့ ဒီအိမ်ထဲမှာ လျို့ဝှက်မြေအောက်ခန်းရှိမယ် ထင်တယ်"
သေမင်းခေါ်သံတို့သည် အမှတ်စဉ်ဖြင့် ရေတွက်ခေါ်ဆိုကြ၏။ထိုထဲတွင် သေမင်း ၈ သည် စဉ်းစားတွေးတောဥာဏ် အလွန်ကောင်းသူ ဖြစ်လေ၏။သူ၏စကားကြောင့် ဦးကြီးယဲ့ ခေါင်းထောင်လာကာ မျက်နှာတစ်မျိုးဖြင့်
"မင်းက ဘယ်လိုထင်လို့လဲ " ဟု စိတ်ဝင်းစားကာ မေးမြန်လိုက်၏။ကျန်သူများကလည်း သေမင်း ၈ ထံမှ ထွက်လာမည့်စကားအား စိတ်ဝင်စားသွားကြသဖြင့် သူ့အား ကြည့်လိုက်ကြ၏။သေမင်း ၈ က
"သမားတော်ကွေ့မုဟာ ဒီအရွယ်မဖြစ်နိုင်ဘူး။သူ့ဟာ သိုင်းသမားတစ်ယောက်ပုံပေါက်နေတယ်။ဒီလူနဲ့ သမားတော်ဟာ တစ်နည်းတစ်ဖုံ ပတ်သက်နေမယ်။အိမ်ဟာ မီးလောင်တာထက် မီးရှို့တာ ဖြစ်နိုင်ချေများတယ်။နောက်ပြီး စားသောက်ဆိုင်က တာဝန်ခံဟာလည်း သိုင်းသမားတစ်ယောက် ဖြစ်ဖို့များပြီး ဒီကိစ္စနဲ့ ပတ်သက်နေရမယ်"
သူ၏ အချက်ကျလှသော စကားကြောင့် ကျန်သူများ ငြိမ်ကျသွားလေသည်။အတန်ကြာမှ တစ်ဦးက
"ဒါနဲ့ ဟိုကလေးကော "
"အဲ့ကလေးက အကြံတစ်ခုခုကြောင့် ရောက်နေတာ ဖြစ်မယ်"
သေမင်း ၈ က တွေးတွေဆဆနှင့် ပြောလာသည်။သူတို့သည် အတန်ကြာ တိတ်ဆိတ်သွားကြပြီး ပြာကျခါနီးနေသော အိမ်အား ကြည့်နေကြ၏။ပြာကျသွားချိန်တွင် လျို့ဝှက်မြေအောက်ခန်း ရှိမရှိရှာရမည်ဟု အားလုံးရင်ထဲတွင် တွေးနေကြသည် မဟုတ်လား။
ထိုအချိန်တွင်
"ခင်ဗျားတို့က မြေအောက်ခန်းရှာဖို့ ပြာကျတဲ့ထိ စောင့်နေတာလား" ဆိုသော စကားသံနှင့် အတူ ကလေးငယ်ပြန်ရောက်လာတော့သည်။သူတို့သည် ထိုကလေးငယ်အား ကြည့်လိုက်ကြကာ စိတ်များတိုလာကြ၏။ကလေးငယ်နှင့်လူ၏မျက်နှာမှာလည်း မျော်လင့်ချက်ပျောက်ဆုံးဟန်ပုံသဏ္ဍာန် ဖြစ်နေ၏။မှန်ပေသည်။သူ၏ရောဂါသည် မွေကင်းစကလေး၏ အသည်းဖြစ်သည်။ရောဂါအား ကုသရန်အတွက် နာရီပိုင်းပင် မရှိသေးသော ကလေးငယ်လိုအပ်နေသည် မဟုတ်လား။သူသည် တစ်နေရာ ချောင်းမြောင်းနေခဲ့သော်လည်း လျပ်တပြက်ဓား ရှီကျင်းလုအား ကြောက်သောကြောင့် ရင်မဆိုင်ခဲ့ပေ။ဦးကြီးယဲ့က သူ့အဖွဲ့သားအား မျက်ရိပ်တစ်ချက်ပြလိုက်ပြီး ဒေါသချုပ်တည်းကာ
"မင်းက ဒီမှာဘာလုပ်နေတာလဲ "
"အဲ့တာက အရေးမကြီးပါဘူး။အရေးကြီးတာက ခင်ဗျားတို့ ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ"
ကလေးငယ်နှင့် ရင့်ရင့်သီးသီးစကားကြောင့် သူတို့ဒေါသအား မထိန်းနိုင်ကြတော့ပေ။နဂိုကတည်းက သူတို့သည် ဤကလေးမကြည်ခဲ့ကြပေ။ဦးကြီးယဲ့က
"မင်းကကော ဒီမှာ ဘာလုပ်နေတာလဲ " ဟု ဒေါသစိတ်အား ထိန်းကာ အစ်အောက်လိုက်၏။ထိုစကားကြောင့် ကလေးငယ်နှင့်လူမှာ အနည်းငယ်တွေဝေသွားလေသည်။မှန်ပေသည်။သူသည်လည်း ဤနေရာသို့လာရခြင်း၏ ရည်ရွယ်ချက် ပျက်သုဉ်းသွားခဲ့ပြီ မဟုတ်လား။သူသည် ယဲ့ချင်းတို့ ကျန်းနန်းမြို့ရှိ ကြိုးကြာစားသောက်ဆိုင်တွင်တွေ့ရှိကတည်းက နောက်ယောင်ခံကာ လိုက်ခဲ့ခြင်း ဖြစ်သည်။ယခုတော့ သူ့ကြိုးစားမှု့က သဲထဲရေသွန်သလို ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။ထိုစဉ် သေမင်းခေါ်သံတို့က ကလေးငယ်၏ ဝေတွေနေခြင်းအပေါ် အခွင့်အရေးယူလိုက်ကြပြီး လက်လွှတ်မခံပဲ ဝင်ရောက်တိုက်ခိုက်လိုက်ရာ ကလေးငယ်မှာ လန့်သွားကာ သူ၏ ကိုယ်ဖော့ပညာနှင့် ခုန်ဆုတ်ရန် ကြိုးစားသော်လည်း နောက်ကျသွားလေတော့သည်။အတွင်းအားအကောင်းဆုံးဖြစ်သည့် သေမင်း ၂ ၏ လက်ဝါးက သူ့ရင်ဘတ်သို့ ရောက်ရှိလာတော့၏။
"ဘုန်း "
သေမင်း ၂ ၏ အတွင်းအားပါသော လက်ဝါးက သူ့ညာဖက်ရင်ဘတ်သို့ ပြင်းထန်စွာ ရိုက်မိသွားရာ ကလေးငယ်သည် ဝါးတစ်ရိုက်ခန့် လွင့်ထွက်သွားလေတော့သည်။အတော်ကြောက်စရာအတိနှင့် လက်ဝါးရိုက်ချက်ပင်။မျက်စိတစ်မှိတ်အတွင်း အခြေအနေကား ပြောင်းပြန်ဖြစ်သွားချေပြီ။သေမင်းခေါ်သံတို့၏ အစွမ်းကား ကြောက်စရာကောင်းလှပေသည်။ကလေးငယ်မှာ လဲကျနေရာမှ လူးလဲထလာကာ သွေးများထိုးအန်တော့လေသည်။ကလေးငယ်၏ အဖြစ်အားကြည့်ကာ သေမင်းခေါ်သံတို့ ကြောင်အမ်းအမ်းဖြစ်သွားကြ၏။သူတို့ထင်ထားခဲ့သည်မှာ ဤကလေးငယ်မှာ သိုင်းပညာ ကြောက်စရာကောင်းလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။
"ဟာ "
"အို "
အာမေဋိတ်သံများ သေမင်းခေါ်သံတို့ထံမှာ အလန့်တကြား ထပ်မံပေါ်လာတော့သည်။အကြောင်းမှာ ထိုကလေးငယ်၏ ပါးရေများမှာ တွန့်လာပြီး ရွဲကျလာတော့လေသည်။ထိုကလေးငယ်မှာ အနိုင်နိုင်ထရပ်လိုက်ပြီး သူ၏ကြောက်စရာအတိနှင့် မျက်နှာအား တစ်ချက်ကိုင်စမ်းလိုက်ပြီး နာကျည်းစွာ တစ်ချက်အော်ရယ်လိုက်၏။သို့သော် သူ့ရယ်သံမဆုံးခင်မှာပင် သွေးများပွက်ခနဲ အန်လိုက်တော့၏။ထို့နောက် အနိုင်နိုင်ရပ်ကာ သူတို့အား ကြည့်ကာ
"ဒီအကြွေးကို မှတ်ထားပါ။ငါမဆပ်နိုင်တော့ပေမယ့် မင်းတို့တစ်သက် ကြောက်လန့်နေစေရမယ့် လူတစ်ယောက် ငါမရ ရအောင်ရှာလာမယ်"
သူသည် ထိုစကားအား အနိုင်နိုင်ပြောလိုက်ပြီး အကျီင်္တွင်းသို့ လက်နိုက်လိုက်၏။လက်ပြန်ထုတ်လာသောအခါ ဆေးတစ်ဗူးပါလာပြီး ဆေး၅ လုံးခန့်ပါးစပ်ထဲ သွင်းလိုက်သည်။ထို့နောက်
"ဒီအကြွေးကို မှတ်ထားပါ " ဟု ဆိုကာ ပြေးထွက်သွားလေတော့၏။သေမင်းခေါ်သံတို့မှာ ယခုထိသူတို့မျက်စိအား မယုံကြည်နိုင်စွာ ပြူးကြည့်နေကြသောကြောင့် တားဆီးဖို့ပင် မေ့နေကြ၏။အတန်ကလေးကြာမှာ ဦးကြီးယဲ့က လေးပြင်းစွာ သက်ပြင်းချကာ
"သူဟာ ကလေးမဟုတ်ဖူးပဲ "
ကျန်သူများမှာ သူတို့ကြုံတွေ့ခဲ့သည်ကို ယခုချိန်ထိ မယုံကြည်နိုင်စွာ တိတ်နေကြဆဲ။
"သူဘယ်လောက်ထိ အသက်ရှင်မလဲ "
ဦးကြီးယဲ့က ထိုကလေးအားရိုက်လိုက်သူသေမင်း ၂ အား ကြည့်ကာ မေးလိုက်၏။သေမင်း ၂ က တစ်ချက်တွေဝေသွားပြီး
"သူဟာ အခုချက်ချင်းဆိုသလို သေသွားရမှာပါ။အခုမသေသွားတာတော့ အံ့သြသွားမိတယ်။ဒါပေမဲ့ အကယ်၍ သူဟာ အစွမ်းထက်တဲ့ သမားတော်ဆိုရင်တော့ အများဆုံး ၁၀ နှစ်ပါ"
ထိုသူသည် တွေးတွေဆဆနှင့် ပြောလေသည်။သူတို့အားလုံးအတန်ကြာ တိတ်ဆိတ်သွားပြီးမှ သေမင်း ၅ က
"ကျူ ပ်တို့ စားသောက်ဆိုင်ကို အမြန်ဆုံး သွားမှပဲ" ဟု လုံဆော်လိုက်လေ၏။သူတို့သည် ကြိုးကြာစားသောက်ဆိုင်၏ ဆိုင်တာဝန်ခံအား စစ်ဆေးမေးမြန်းရန်အတွက် ဖြစ်၏။သို့သော် သေမင်း ၈ က
"သူရှိတော့မှာ မဟုတ်ပါဘူး"
သူ၏စကားအား ကျန်သူများကလည်း အတန်ငယ် စဉ်းစားလိုက်ကြပြီး နားလည်သဘောလိုက်ကြသဖြင့် ရီဝေမှိုင်သွားကြတော့၏။ဦးကြီးယဲ့က
"ဘာပဲဖြစ်ဖြစ် ကျူ ပ်တို့ သခင်မလေးကို ရှာကြတာပေါ့"
သူ၏စကားအား ကျန်သူများက သဘောတူသည့်အလား ခေါင်းညိမ့်လိုက်ကြ၏။ထို့နောက်သူတို့သည် သေမင်းလက်သမားတော် ကွေ့မု၏ အိမ်ခြံဝင်းမှ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။မနေ့ကအထိ အေးဆေးတည်ငြိမ်ကာ လူရှိသည်ဟုပင် မထင်ရသော သိုင်းလောက၏ အကျော်ကြားဆုံး သေမင်းလက်သမားတော် ကွေ့မု၏အိမ်တော်လေးသည် ယခုအချိန်တွင်
မီးခိုးတစ်ငွေ့ငွေ့နှင့် ပြာပုံသို့ ရောက်ရှိသွားလေတော့၏။
®®®®
လို့ရန်မြို့!!!နံနက်ခင်း၏ ရောခြည်ဖြာက လို့ရန်မြို့အား အလှဆင်နေသရောင်ပင်။မြို့လယ်ခေါင် လမ်းမကြီးတွင် လူများစည်ကားသိုက်မြိုက်နေပြီး ဈေးသည်များ၏ အော်ဈေးရောင်းသံများက ညံစီလျက်ရှိနေသည်။လမ်းမပေါ်တွင် သူ့အဖွဲ့နှင့် ကိုယ့်အဖွဲ့ ကိုယ့်လူနှင့် သူ့လူများ စုရုံးလမ်းလျောက်သူကလျောက် ထိုင်ငြင်းခုံနေကြသူများက ငြင်းခုံနေကြလေသည်။ထိုလမ်းမကြီးထဲတွင် အဝတ်အစားသစ်သစ်လွင်လွင် အာကျယ် အကျယ်ရောင်းချနေကြသော လင်မယားနှစ်ယောက် ထင်ပေါ်နေလေ၏။သူတို့လင်မယားမှာ သူတို့လုပ်ငန်းနှင့် လားလားမျှမသက်ဆိုင်သော အဝတ်အစားများ ဝတ်ဆင်ထားကြလေသည်။သစ်လွင်တောက်ပလွန်းသော အညိုရောင်နှင့် ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်မှာ ကြည့်ရသူများအဖို့ အရူးများဟု ထင်စရာပင်။ယောက်ျားကြီး အသားမည်းကာ မျက်နှာပြင်တစ်ခုအဆီများနှင့် ဖြစ်နေပြီး မိန်းမကြီးမှ အဝလွန်နေကာ ဆေးချယ်အလှဆင်ထားသောကြောင့် ကြည့်ရရုပ်ဆိုးလှပေသည်။ထိုသူတို့ကာ ဟောက်လင်မယား ပင်တည်း။
ဟောက်လင်မယား!!!ဟောက်လင်မယားသည် လို့ရန်မြို့တွင် အတော်လေးနာမည်ကြီးကြသော ပေါက်စီရောင်းသော လင်မယားဖြစ်ကြ၏။ယခုလည်း သူတို့သည် မြို့လယ်လမ်းမတွင် တည်ခင်းကာ ရောင်းချနေကြ၏။ဟောက်ဇနီးမောင်နှံတို့သည် အလွန်ကပ်စေးနဲကာ အလကားဆိုလျှင် သူတို့ပေါက်စီပေါ်တွင် ဝဲနေတတ်သောယင်ကောင်ကိုပင် တွန့်တိုကြသူများ ဖြစ်ကြ၏။ထိုစဉ် ဟောက်ဇနီးသည်က ကမ္ဘာပျက်သည့်အလား အော်လိုက်လေတော့၏။
"သူခိုး သူခိုး "
သူမ၏ အသံသည် လမ်းမကြီးပေါ်တွင် လျှောက်နေကြသော ခရီးသွားတို့၏ နားတွင် ဗုံးတစ်လုံးပေါက်ကွဲသွားသည့်အလား အူသွားကြတော့၏။ထိုသူများကလည်း သူခိုးဟုဆိုလိုက်သဖြင့် လမ်းမပေါ်သို့ ကြည့်လိုက်ကြလေတော့၏။မှန်ပေသည်။၃-၄ နှစ်သားကလေးတစ်ယောက်က လက်နှစ်ဖက်တွင် ပေါက်စီတစ်လုံးစီကိုင်ကာ ပြေးလွားနေလေသည်။
ကလေးငယ်မှာ လွန်စွာညစ်ပတ်စုတ်ပြတ်နေသော်လည်း သူ၏မျက်နှာကား ကြည်လင်လွန်းလှပေ၏။ထိုစဉ် ကလေးငယ်နောက်မှ လူတစ်အုပ်လိုက်ကာ ဖမ်းဆီးနေကြတော့၏။ကလေးငယ်သည် နောက်လှည့်ကြည့် လှည့်ကြည့်နှင့် ပြေးနေသော်လည်း လူကြီးများ၏ခြေလှမ်းနှင့် မယှဉ်နိုင်သဖြင့် မကြာမီမှာပင် ထိုကလေးအား လူအုပ်ကြီးက မီလာတော့၏။ထိုအခိုက် လူအုပ်ကြီးများ ကလေးငယ်အားမီလုမီခိုက် လူပုလေးတစ်ယောက် ကလေးငယ်၏ ဂုတ်အားကိုင်ကာ ပြေးလွှားသွားတော့၏။ကလေးငယ်အား ကယ်လိုက်သူသည် လစ်ခနဲဆိုသလို လူအုပ်ကြီးနှင့် အဝေးဆုံးကို ရောက်ရှိသွားတော့၏။လူအုပ်ကြီးမှာ ကလေးငယ်အား မီလုမီခိုက် ကြားမှတစ်ယောက်က ကယ်တင်သွားသဖြင့် ပက်ပက်နက်နက်ဆဲဆိုကြကာ သူတို့၏ ပြေးလှမ်းများအား အရှိန်လျော့လိုက်ကြ၏။ထိုအထဲတွင် သိုင်းသမားလည်း ပါဟန်တူကာ ထိုလူ၏ အံ့သြသောလေသံထွက်ပေါ်လာ၏။
"ကောင်းလိုက်တဲ့ ပြိုင်စံရှား ကိုယ့်ဖော့ပညာ ပါလား"