နှစ်​ဘဝချစ်​သူ အပိုင်း ၁

in #esteem6 years ago

စိမ်းစိုလန်းဆန်း​နေ​သော ​တောင်​တန်​​ဒေသ​လေး တစ်​ခု သည်​ အ​ရှေ့မှအ​နောက်​သို့သွယ်​တန်း​နေ​လေသည်​။ထို​တောင်​တန်းအနီရှိ ​ရေကန်​ တစ်​ခု ကငြိမ်​သက်​​နေ​သည်​။ပတ်​ဝန်းကျင်​ရှိ အသံအားလုံးအာလည်း ငြိမ်​သက်​တိတ်​ဆိတ်​​နေ​လေသည်​။တစ်​ခါတစ်​ရံ ​ကျေးငှက့ သံများကို ကြား​နေရသည်​။ ထို ​နေ​ရာကို သူ​ရောက်​လာသည်​မှာမကြာ​သေးပါ ။တကယ်​​တော့ ဒီ​နေရာကို သူ ​ရောက်​ချင်​၍​ရောက်​လာရချင်းမဟုတ်​ ပါ။သူ့ စိတ်​ကနှိုး​ဆော်​​နေ​သော​ကြောင့်​ သာ သူ​ရောက်​လာခြင်းဖြစ်​ပါသည်​။
ထွန်းသူရ တစ့်​​ယောက်​ မိမိနှင့်​ တစ်​ပါးတည်းပါလာခဲ့​သော ​ကျောပိုအိတ်​ကို ​အောက်​မှာချ ပြီး အိတ်​ထဲမှ ပစ္စည်း များကို တစ်​ခုချင်းထုတ်​ကာ ​ဘေး​၌စုပုံထား​လေသည်။ပစ္စည်းများ က ​ရေငုပ်​ရာတွင်​အသုံးပြု​သောပစ္စည်းများသာဖြစ်​​ပေသည်​။ ကိုယ်​ ဝတ့်​ထား​သောအဝတ်​အစားများနှင့်​ လဲ ၍ ​ရေငုတ်​ အဝတ်​စားများကို ဝတ်​ဆင်​လိုက်​​လေသည်​။ထို​နောက်​မှာ မိမ်​ ၏အဝတ်​စားများကို ​ကျောပိုးအိတ်​မှာပြန်​ထည့်​ပြီး ခြံပုတ်​ တစ်​ခု မှ ဝှက်​ထား​ခဲ့​လေသည်​။ထို့​နောက်​ ​ရေ​အောက်​သို့ ​ရေငုပ်​ဆင်းသွား​ခဲ့သည်​။ ထွန်းသူရ တစ်​​ယောက်​ထဲ ​ရေကန်​ထဲမှာ ဆင်းလာပြီး တ​ဖြေး​ဖြေး​ရေနက်​ပိုင်းသို့ ​ရောက်​လာသည်​။ ​နေရဲ့ အလင်း​ရောင်​​ကြောင့်​ ​ရေ​အောက်​မှာ အလင်းရ​နေသည်​။သူ အ​နေဖြင့်​ ယခုအချိန်​ထိ​တော့ ဘာအန္တရာယ်​နှင့်​မျှမ​တွေ့ရ​သေး​ပေ။ လက်​ထဲက မြား​သေနတ်​တစ်​လက်​၊လက်​နှိပ်​ဓာတ်​မီး ပါသည်​။တ​ဖြေး​ဖြေးချင်း ​ရေကန်​၏ အလယ်​သို့​ရောက်​လာ​သောအခါ အ​ဆောက်​ဦး တစ်​ခုလိုလို လှမ်း၍မြင်​​နေရသည့်​။ထိုမြင်​​ရေ​သော ​နေရာသို့ ထွန်းသူရ ​တစ်​​ယောက်​ ကူးသွားလိုက်​သည်​။အ​ခြေအ​နေကို​စောင့်​ကြည့်​ ရင်း ခဏအကြာတွင်​ ထို အ​ဆောက်​အဦးထဲမှာ ရှည်​​မျော​မျောအ​ကောင်​တစ်​​ကောင်​ထွက်​လာသည်​ကို ထွန်းသူရ ​မြင်​​တွေ့လိုက်​သည်​ ထို​ကောင်​က ထွန်းသူရ ၏​ဘေးကပ်​ပြိး ​ကျောက်​တုံးနှစ်ခု ကြာမှာ ဝင်​​ရောက်​​ပျောက်​ကွယ်​သွားသည်​။ထွန်းသူရ လည်း ​နောက်​ထပ်​များ.ဘာ​တွေ ထပ်​ထွက်​လာဦးမလဲတိုတာ ​စောင့်​ကြည့်​​နေသည်​ သိပ်​မကြာခင်​မှ.ပဲ အ​စောက လို ရှည်​​မျော​မျော အ​ကောင်​တစ်​​ကောင်​ထပ်​ထွက်​လာသည်​။ဒီအ​ကောင်​ရဲပါစပ်​မှာ ကြိုးလိုလို အစက​လေးတစ်​စ ကိုက်​ချီလာသည်​ကို ​တွေ့လိုက်​ရသည်​။
ဤသို့ဖြင့်​ ​ထွန်းသူရ လည်း အနားမှာဖြတ်​သွား​သော အ​ကောင်​၏ပါးစပ်​မှာကြိုးစလိုလို အခု​လေးကို​သေ​သေချာချာကြည့်​​တော့ ​ရွှေဆွဲကြိုး​လေးတစ့်​ခု ဖြစ်​​နေသည်​ကို ​တွေ့ရ​လေသည်​။ထွန်းသူရလည်း အံ့သြမှင်​သက့မိပြီး ထို​ကောင်​​လေးကို လိုက့်​ကြည့်​​နေမိသည်​။ ဒီ​အ​ကောင်​​လေး​တွေထွက်​လာတဲ့အ​ဆောက်​ အဦးထဲမှာ တစ်​ခုခု ​တော့ ရှိလိမ့်​မည်​ ။သိချင်​စိတ်​ကြောင့်​ အထဲကို ဝင်​ကြည့်​ချင်​ တဲ့စိတ်​က ထိန်းမရ​အောင်​ဖြစ်​​နေမိသည်​။
ထို့​ကြောင့်​ ဘာဖြစ်​ဖြစ်​ဆိုပြီး​တော့ အထဲ သို့ အရဲစွန့်​ ဝင်​လိုက်​​လေ​တော့သည်​။အ​ဆောက်​ အဦးထဲတွင်​​နေ​ရောင်​မရ​သော​ကြောင့်​ မဲ​မှောင်​​နေ​လေသည်​။ထွန်းသူရ လည်း ဓာတ်​မီးထိုး၍ အထဲကို ဝင်​ခဲ့​လေသည်​။အ​ဆောက့အဦးသည်​ နန်း​ဆောင်​ ပုံစံအ​ဆောက်​အဦးဖြစ်​သည်​။နှစ်​​ပေါင်းကြာမြင့်​ခဲ့ပြီဖြစ်​​သော်​လည်း ​ရှေးမူများ မပျက်​ပဲရှိ​နေ​ပေးသည်​။
သူရ သည်​ပတ်​ဝန်​ကျင်​ကို ​လျောက်​ ပြီး ဓာတ်​မီး​ဖြင့်​ ​ဝှေ့ဝိုက်​ထိုးကြည့်​လိုက်​သည်​။ထိုအခါမှာ အခန်းတစ်​ခုမှာ အလင်း​ရောင်​တစ်​ခု ပြန်​ထွက်​လာသည်​ကို ​တွေ့လိုက်​ရသည်​။ သူရ လည်း ဘာဖြစ်​မှန်းမသိ၍လန့်​သွားသည်​။ခဏအကြာမှာ ထိုအခန်းနားကိုကပ်​သွားပြီးလက်​နှိပ်​ဓာတ်​မီးဖြင့်​ထိုးကြည့်​လိုက်​​သောအခါ ​အခန်းခဲ၌သေတ္တာ နှစ်​လုံးကို​တွေ့လိုက်​သည်​​ ​သေတ္တာ နှစ့်​လုံးကု​ အနီးကပ်​ကြည့်​လိုက်​တဲ့အခါမှာ ​ရှေး​ဟောင်းတစ်​​ ​သေတ္တာ နှစ်​လုံးဖြစ်​​နေ​သည်​ကို ​တွေ့မြင်​လိုက်​ရသည်​။ ​သေတ္တာ ၏ ပတ္တာ​ရှေ့တွင်​ ခြ​င်္သေ့​ခေါင်းပုံနှင့်​ ခြ​င်္သေ့ ၏နှာ​ခေါင်းမှာ သံကွင်းတစ်ခုတပ်​ထား​လေသည်​။ ​သေတ္တာ တစ်​လုံးက ပွင့်​​နေ၍ အတွင်းထဲကို လှမ်းကြည့်​လိုက့်​​သောအခါ​ ​ရှေး​ဟောင်း ​ရွှေ​ငွေ​ကျောက့သံပတ္တမြားများဖြစ့​နေသည့ကု​ အံ့သြစွာ​တွေ့မြင်​လိုက်​ရ​လေသည်​။ ​သေတ္တာ ထဲမှ စိန်​​တစ်လုံး အလင်းပြန်​ တာ​ကြောင့်​အလင်း​ရောင်​တစ်​ခု လင်းပြန်​လာခြင်းဖြစ့်​သည်​။ ​နောက်​ထပ်​ ​သေတ္တာ တစ်​လုံးကို ထပ်​ဖွင့်​ချင်​စိတ်​ကို ထိန်းမရ​တော့ပဲ မိမိ မှာပါလာ​သော သံ​ကောက်​တစ်​ခုဖြင့်​ ရိုက်​ဖွင့်​လိုက်​လေ​တော့သည်​။ရုတ်​တရုက်​ ​သေတ္တာ ထဲ အရာကို မြင်​​တွေ့လိုက်​ကာ​သော​ကြောင့်​ ထွန်းသူရ တစ်​​ယောက့်

"အား.........အား....."ဟူ၍လန့်​​အော်​မိ​လေသည်​။

ထွန်းသူရတစ်​​ယောက်​ ​ဇော​ချွေးတို့ဖြင့်​ အိပ်​ယာမှလန့်​နိုးလာ​လေသည်​။
.....HFS
........ဆက်​ရန်​.....

Sort:  

အားပေးနေပါတယ်

Thank you bro

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58182.09
ETH 2307.96
USDT 1.00
SBD 2.48