Interesting Ghost's Short Story
တစ္ဆေ့ရန်ငြိုး(အပိုင်း၅)
ဒါပေမဲ့ ကလေးမလေးက သတိကိုပြန်လည်မလာတော့ဘူးဗျ နာရီဝက်လောက်ကြာတော့ အသက်မရှိတော့ဘူး ဟာ ဘာပြောကောင့းမတုံးဗျာ မိန်းမယုတ် မြခင်ဆိုတာငိုလိုက်တာမှ လူးပြန်နေတော့တာပေါ့ဗျာ...
"ကိုမိုးညိုရဲ့ စည်းစိမ်တွေကို ရှင်နဲ့အတူတူ ခံစားချင်တယ် ကိုသာဝ"ရဲ့ ဆိုတဲ့ မိန်းမယုတ်အခုတော့ ဘဝငရဲကိုစပြီးခံရပြီပေါ့ဗျာ ကျုပ်ကတော့ လူးလှိမ့်ပြီး ငိုနေတဲ့ မြခင်နဲ့မျက်ရည်ပေါက်ပေါက်ကျနေတဲ့ သာဝကိုကြည့်ပြီး ရင်ထဲမှာအကျေနပ်ကြီး ကျေနပ်နေတော့တာပေါ့ဗျာ
နောက်သုံးလကြာတော့ ကျုပ်နဲ့ ကိုသရဲနဲ့ ကျုပ်ဝိုင်းထဲကသရက်ပင်ကြီးကို တစ်ခေါက် ပြန်ရောက်လာကြတယ် ဒုတိယကလေးကို ကျုပ် ထပ်ပြီးဖမ်းစားတယ် ဒီကလေးက ငယ်တော့ဖမ်းစားရတာ ပိုပြီးလွယ်တာပေါ့ဗျာ
ပထမကလေးတုန်းကလိုပဲ တဖြည်းဖြည်းနဲ့ ပိန်ချုံးချည့်နဲ့လာပြီး ဘာမှမစားမသောက်တော့ဘဲ အိပ်ရာထဲမှာ လဲရောပေါ့ဗျာ ကိုသရဲက သူ့ရုပ်ကို ပြပြန်ရောဗျို့ ဒီကလေးလည်း ငယ်သံပါအောင် အော်ပြီး သေပြန်ရောဗျို့
မိန်းမယုတ်နဲ့ ယောကျာ်းယုတ် လင်မယားလည်း လူးလှိမ့်ပြီး ငိုကြရပြန်တာပေါ့ဗျာ ကျုပ်ကတော့ ပူဆွေးနေတဲ့အကောင်နဲ့ ကောင်မကို ကြည့်ပြီး ကျေနပ်လိုက်တာမှဗျာ ဒီလိုအချိန်တွေကိုရောက်ဖို့ ကျုပ်မှာ စောင့်ခဲ့ရတာ ကြာပေါ့ဗျာ
ဒီဘဝကနေ ကျွတ်သွားမှာစိုးလို့တောင် ကုသိုလ်ကောင်းမှုတွေကို တမင်ရှောင်နေခဲ့တဲ့ကောင်လေဗျာ ကျုပ်ဆိုတဲ့ကောင်ကလည်း ဒီလောက်ကို မိုက်လုံးကြီးတဲ့ကောင်ဗျ
ကျုပ်တို့ ကိစ္စပြီးသွားတော့ ကျုပ်နဲ့ ကိုသရဲ သရက်ပင်အုပ်ကိုပြန်ခဲ့ကြတယ်
"တစ္ဆေ ထန်းသမားရင်းထောင်ကို သတ်ဖို့ အချိန်ကျပြီးကွ"
ကိုသရဲ စီစဉ်တဲ့အတိုင်း ကျုပ်တို့နှစ်ယောက် ထန်းတောနဲ့ မလှမ်းမကမ်းက မန်ကျည်းပင်ကြီးပေါ်ကို ပြောင်းပြီးနေခဲ့ကြတယ် ရင်းထောင်ဆိုတဲ့ကောင်ရဲ့ ထန်းတဲဘေးက မန်ကျည်းပင်ကြီးပေါ့ဗျာ
ကျုပ်က ရင်းထောင်ကို ဖမ်းစားတယ် ရင်းထောင်ရဲ့သိစိတ်ကို ပျောက်သွားအောင်သိပ်ပြီး ကျုပ်စိတ်ကို ရင်းထောင်ကိုယ်ထဲ သွင်းခဲ့ရတာပေါ့ဗျာ တဂယ်တော့ ဝင်စီးတာပေါ့လေ ကျုပ် ရင်းထောင်ရဲ့ သိစိတ်ကို ပိုင်ပိုင်နိုင်နိုင် သိပ်နိုင်ပြီး ကျုပ်စိတ်နဲ့ ပိုင်ပိုင်နိုင်နိုင် ဝင်စီးထားတဲ့အချိန်မှာ ရင်းထောင်ကို အမြင့်ဆုံးထန်းပင်ကို ထိပ်ဖျားရောက်အောင် တက်ခိုင်းလိုက်တယ်
ထန်းပင်အမြင့်ကြီးရဲ့ ထိပ်ဖျားကနေ ရင်းထောင်ကို ခုန်ချခိုင်းလိုက်တယ်
"အား...ဘုန်း"
'အား'ဆိုတာက ကျုပ်စိတ်ကို ပြန်အခွာလိုက်မှာ ရင်းထောင်ရဲ့ သိစိတ်က ပြန်နိုးလာပြီး လန့်အော်လိုက်တာဗျ 'ဘုန်း'ဆိုတာက ရင်းထောင်ရဲ့ ခန္ဓာကိုယ်ကြီး မြေကြီးပေါ်ကို အသလွတ်ပြုတ်ကျတဲ့ အသံလေဗျာ
"ဟာ...ကိုရင်းထောင် ထန်းပင်ပေါ်က ပြုတ်ကျလို့တဲ့ဟေ့"
ထန်းတောထဲမှာ ထန်းရည်သောက်နေတဲ့ ဘန့်ဘွေးကုန်းသားတွေ ထနောင်းကုန်းသားတွေ ကျွတ်စီ ကျွတ်စီနဲ့ ပြောပြီး ရင်းထောင်ပြုတ်ကျတဲ့နေရာကို ဒရောသောပါးနဲ့ ပြေးကြရောဗျို့
ရင်းထောင်ကတော့ တစ်ချက်ပဲ တွန့်လိမ်ပြီး အသက်ထွက်သွားလေရဲ့
"သြော်....ရင်းထောင် ရင်းထောင် မြခင်နဲ့ သာဝဆီကငွေသုံးထောင်ယူပြီး ငါ့ကို ဆေးမြစ်ခတ်သတ်တုန်းက မင်း တော်တော်ပျော်ခဲ့လား မသိဘူး ငါကတော့ မင်းကို လက်စားချေလိုက်ရတာ တော်တော်ကိုပျော်နေတယ် ရင်းထောင်ရေ ငါ လူ့ဘဝတုန်းက မင်းထန်းတောမှာ ထန်းရည် အမြဲသောက်ခဲ့တဲ့ကောင်ပါကွာ ကိုမိုးညိုရေ ကျုပ် ဘာလိုလို့ဗျာလို့ ပြောရင် ငါက မင်းကိုကူညီခဲ့တဲ့ ကောင်ပါကွာ ဒါပေမဲ့ ငွေသုံးထောင် ပေးမယ့်လူပေါ်တော့ မင်းက ငါ့ကို သတ်ပေးခဲ့တယ် တဂယ်တော့ မင်းကိုမြခင်တို့ သာဝတို့ ပေးတဲ့ငွေတွေကလည်း ငါ့ငွေတွေပါပဲကွာ မင်းလည်းတော်တော်လုပ်ရက်တဲ့ကောင်ပဲ ရင်းထောင် ကဲ အခုတော့ မချိမဆံ့ကို အသက်ထွက်သွားရပြီမို့လား ကျုပ်တွေးရင်း ကျေနပ်နေတာဗျို့"
ကျုပ်နဲ့ ကိုသရဲ ကိစ္စပြီးတော့ သရက်ပင်အုပ်ကိုပြန်လာပြီး ကျုပ်တို့ နေနေကျ သစ်ကိုင်းကြီးမှာ ပြန်နေလိုက်ကြတယ် ခြောက်လလောက်ကြာတော့ ကိုသရဲက ကျုပ်ကိုပြောတယ်
"တစ္ဆေရေ မင်းရဲ့ အဓိကရန်သူတွေကို သတ်ဖို့ အချိန်ကျပြီဟေ့"
"ဟာ ဟုတ်လား ကိုသရဲ"
ကျုပ်ဖြင့် ပျော်လိုက်တာဗျာ တွေ့ကြသေးတာပေါ့သာဝနဲ့ မြခင်ရာ ကျုပ် ဒီမိန်းမယုတ်ကို မြန်မြန်မရှင်းလို့ မဖြစ်ဘူးဗျ ကိုသရဲ ပြောတယ် သာဝက ကျုပ်အမွေရတဲ့ ကျုပ်တို့ဘိုးဘွားလက်ထက်ကတည်းက မစားရက် မသောက်ရက်နဲ့ စုခဲ့တဲ့ ရွှေတွေကို ရောင်းချပြီး မြို့မှာ တိုက်တစ်လုံးဝယ်ပြီး ပွဲရုံဖွင့်ဖို့စီစဉ်နေတယ်ဆိုပဲ တောသူဋ္ဌေးဘဝကို အားမရလို့ မြို့သူဋ္ဌေးဘွဲ့ခံတော့မှာပေါ့ဗျာ ကျုပ်နဲ့ ကိုသရဲ ကျုပ်ဝိုင်းထဲက သရက်ပင်ကြီးကို ပြန်ရောက်လာကြတယ် ကျုပ်က မြခင်ကို ဖမ်းစားဖို့ ကိုသရဲက ပြောတယ် မိန်းမစိတ်က သိပ်ရတာ နည်းနည်းလွယ်သတဲ့...သာဝကို သူက ဖမ်းစားမယ်တဲ့ဗျို့...ယောကျာ်းစိတ်က သိပ်ရတာခက်လို့ ကိုသရဲကိုယ်တိုင် သာဝကို ဖမ်းစားမှာတဲ့ဗျ
ကိုသရဲက သရဲသာ ပြောတယ် လူတွေထက် အများကြီးသစ္စာရှိတဲ့ သရဲဗျ... ကျုပ် လူ့ဘဝတုန်းက ကိုသရဲလို မိတ်ဆွေမျိုးရခဲ့ရင် တော်တော်ကောင်းမှာလို့ ကျုပ် မကြာမကြာ တွေးမိတယ်ဗျာ အခုတော့ ကျုပ်က သာဝလိုကောင်မျိုးကို လူကောင်းထင်ပြီးလွှတ်ယုံခဲ့မိလို့ ကျုပ်အသက် ဆုံးခဲ့ရတာပေါ့ဗျာ
ကျုပ်တို့နှစ်ယောက် မိန်းမယုတ်နဲ့ ယောကျာ်းယုတ်ကိုစပြီး ဖမ်းစားခဲ့ကြတယ် တော်တော်ကို ခဲ့ရာခဲဆစ်လုပ်ခဲ့ကြရတဗျ(ရှေ့ရက်ဆက်ရန်)
Written by. MSU 020
Eposoid 5
PHoto credit!
ကောင်းပါတယ်ဗျ ဆက်လက်အားပေးပါဦးမည်