မုန်း၍မဟူ အပိုင်း(၆၄)
မုန်း၍မဟူ အပိုင်း(၆၄)
ချစ်သမီး စာပြန်လိုက်ပါသည် မယ်တော်။
မယ်တော့်စာကို ရရှိ၍ ဝမ်းသာပါသည်။
အကိုကြီး ရန်ကုန်သွားသဖြင့် မယ်တော့်ထံသို့ တင်ပို့ရန် ဖေဖေက ဆန်အိတ်နှင့် ဆီပုံး ပေးလိုက်ပါသည်။
အကိုကြီး မျက်စိအောင့်၍ ရန်ကုန်က ဘလီမိုးရီးယား ဆေးတိုက်မှာ မျက်စိ သွားပြပါသည်။
ဆယ်ရက်လောက်ကြာပါလိမ့်မည်။
မမထားဆီက မအူပင်သို့ ပြောင်းရမည့်စာ ရောက်သဖြင့် သမီးတို့နှင့် နီးပြီဟု ဝမ်းသာနေကြပါသည်။
ကြီးတော်သက်လည်း နေကောင်းပါသည်။
ဘကြီးထိုက်ဆီက ဆေးနည်းရ၍ ဆေးဖော်စားနေပါသည်။
အပိုင်း (၆၅)ဆက်ရန်