အရသာရှိ​သောဟင်းချက်​နည်းများ

in #esteem7 years ago (edited)

image
ဆွမ်းကပ်​ ဆွမ်းချက်​ ဟင်းချက်​နည်းများ
ကျွန်​​တော်​တို့ ရပ်​ကွက်​မှာ အလှူအတန်းရက်​​ရော၍ စတုဒိသာ လူအယုတ်​အလှအမြတ်​မ​ရွေး ထမင်း​ကျွေး​လေ့ရှိပါသည်​။ ဒါ​ကြောင့်​ ကျွန်​​တော်​တို့မှာ ထမင်းချက်​နည်း ဟင်းချက်​နည်း​တွေကို ကိုယ့်​​ရှေ့က အကိုများ ဟင်းချက်​တာ ကိုယ့်​ကိုတိုင်​လည်း ဟင်းချက်​ရင်း သင်​ကြား​သလို စိတ်​ထဲကလဲ မှတ်​သားထားရပါတယ်​။ရပ်​ကွပ်​ထဲက အလှူ့ ရှင်​များကလည်း ကျွန်​​တော်​တို့လို ပရဟိတ​ဝေယျာဝစ္စသမား​တွေကို တရိုတ​သေဖိတ်​ကြား၍ ဆွမ်းကပ်​ပွဲ အလှူပွဲများ စတုဒိသာ​ကျွေးပွဲများကို ထမင်းဟင်းချက်​ ခိုင်း​လေ့ရှိပါသည်​။ကျွန်​​တော်​တို့ကလည်း အလှူ့ ရှင်​များကုသိုလ်​ယူသလို ကျွန်​​တော်​တို့ဘက်​ကလည်း တာဝန်​လည်း​ကျေ ကုသိုလ်​လဲရသဖြင့်​ ဒီအလုပ်​ကို စိတ်​ပါလက်​ပါ လုပ်​​ဆောင်​ကြပါတယ်​။ပြီး​တော့ ပုထုဇဉ်​လူသားများဖြစ်​၍ မိမိတို့အဖွဲ့ ထမင်းဟင်းချက်​ ဘယ်​​လောက်​​ကောင်းသလဲ သိ​စေခြင်​တဲ့ ကြွားဝါစိတ်​လည်းပါဝင်​ပါတယ်​​ပေါ့ဗျာ..ဟားဟား.. ဒါ​ကြောင့်​လည်း ဟင်းချက်​နည်းမျိုးစုံကို လူ​တွေဆီမှာ​သော်​လည်း​ကောင်း စာအုပ်​​တွေထဲက​သော်​လည်း​ကောင်း ကြိုးစားပန်းစား သင်​ကြားကြရပါသည်​။စနစ်​တကျသင်​ကြားမှ ထမင်းဟင်းစားသူတို့ စိတ်​​ကျေနပ်​ အရသာရှိမှ သင်​ရကြိုးနပ်​သလို နာမည်​ကြီးတဲ့ ပိတိ​တွေလည်း ဖြစ်​​စေခြင်​ပါသည်​။ပေါ့​ပေါ့တန်​တန်​လုပ်​လျှင်​ စားရသူအရသာပျက်​သလို ကျွန်​​တော်​တို့လည်း နာမည်​​ကောင်းမရရှိမှာဖြစ်​သလို အလုပ်​လည်းပင်​ပန်း ကုသိုလ်​လည်းမရ ဖြစ်​မှာစိုးရိမ်​ပါသည်​။
ဝက်​သား​ပေါင်းချက်​နည်း​လေး​ပြောပြ​ပေးမယ်​​လေ...ပါဝင်​​သောပစ္စည်းများ
ဝက်​သား =၂၅ကျပ်​သား
ကြက်​သွန်​နီဖြူ =၃ဥစီ
ဘဲဥ =၂လုးံ
ပဲငံပြာရည်​ =​ကြွေဇွန်း ၂ဇွန်း
ငရုတ်​​ကောင်းမှုန့်​ =လက်​ဘက်​ရည်​ဇွန်း ၁ဇွန်း
မုန့်​ကြွပ်​မှုန့်​ =လက်​ဘက်​ရည်​ပန်​ကန်​တစ်​လုးံ တို့ဖြစ်​ပါသည်​။ ..ဝက်​သားကို နုပ်​​အောင်​စဉ်းပါ အသားနှင့်​ကြက်​သွန်​ညက်​လျှင်​ မုန့်​ကြွပ်​မှုန့်​ ဘဲဥ ငရုတ်​​ကောင်းမှုန့်​ ပဲငံပြာရည်​ သင့်​ရုံထည့်​ ​ပေါင်းရုးံပြီး နာနာနယ်​ ခရမ်းချဉ်​သီးသုးံလုးံ​လောက်​ အ​စေ့ညှစ်​ထည့်​ ဆီသုတ်​ထား​သော ဇလုံ​စောက်​ထဲမှာဖြစ်​​စေ ထည့်​ပါ။ပေါင်းရန်​ထည့်​ထား​သော ပန်းကန်​(သို့)ချိုင့်​နှင့်​ အဖုးံအုပ်​လိုက်​​သောအခါ လွတ်​ကင်းမည့်​ဒန်​အိုးကြီးတစ်​လုးံတွင်​ ​ရေအ​လော်​​တော်​ထည့်​၍ ဆူ​အောင်​တည်​ အသားပန်​ကန်​ထဲသို့ ​ရေမဝင်​​အောင်​ ​ရေကိုချိန်​ဆထည့်​ ​ရေ​နွေးဆူလျှင်​ အသားပန်​ကန်​ကို ​ရေ​နွေးအို အလယ်​​ခေါင်​တွင်​ ထည့်​၍ ဒန်​အိုးဖုးံပြီး​နောက်​ ကျက်​​အောင်​​ပေါင်းပါ အသားကျက်​​သောအခါ ​အောက်​သို့ချ၍ အ​အေးခံပြီးမှ စားသုးံပါ ပိုမိုအရသာ ရှိပါမည်​။
ဝက်​သား​လုးံဟင်းချိုချက်​နည်းတွင်​ ပါဝင်​​သောပစ္စည်းများ ...
ဝက်​သား =၂၅ကျပ်​သား
ကြက်​သွန်​ဖြူ
နီ =၃ဥစီ
ပဲငံပြာရည်​ =​ကြွေဇွန်း ၂ဇွန်း
ဘဲဥ =၁လုးံ
မှို​ခြောက်​ ပန်း​ခြောက်​ =၂ကျပ်​သား
မြူစွမ်​ =၂​ခေါင်း
အသားချည်းသက်​သက်​ ဝက်​သားကို နုပ်​နုပ်​စဉ်းပြီး ဆား ပဲငံပြာရည်​ ဘဲဥတို့နှင့်​ထည့်​နယ်​၍ အလုးံက​လေးများပြုလုပ်​ပါ။ရေကို အကြမ်းပန်​ကန်​ ၆လုးံခန့်​ထည့်​ကျို ​ရေဆူလျှင်​ လှီးထား​သော ကြက်​သွန်​ဖြူ_နီ မှို​ခြောက်​ ပန်း​ခြောက်​ ဝက်​သားလုးံများ ထည့်​ပါ။ ကျက်​လျှင်​ မြူစွမ်​ထည့်​ အချိုမှုန့်​ထည့်​ အ​ပေါ့အဟန်​မှန်းဆ၍ ​ရေ​နွေးထပ်​​ရောပါ။ ပြီးလျှင်​ ကြိုက်​သလို သုးံ​ဆောင်​နိုင်​ပါပြီ။
@written by Moe Win Zaw

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by mcmoewin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.21
TRX 0.26
JST 0.040
BTC 101165.24
ETH 3668.48
USDT 1.00
SBD 3.16