ဘဝဆိုတာ ဟာသလား
ဦးဝီရတက်လာပြီ တန်အကြွေကို အရင်ထည့်လိုက်သည်။ ငွေထည့်နေသည်ကို အမည်းရောင် ယာဉ်မောင်းကြီး စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။ ဒီတစ်ခါတော့ မီးအလင်းရောင်အနည်းငယ်ပေါ်သွားတော့ ယာဉ်မောင်းကြီးရဲ့ မျက်နှာကို အနည်းငယ်တော့ သူမြင်လိုက်ရသည်။
ကွမ်းစားထား၍လား သွေးများပေကျံနေကြောင်းမသဲကွဲသော အနီရောင်အရည်များ ပေကျံနေသည့် အပြင် တစ်စက်စက်ကျနေသော နှုတ်ခမ်းမွှေးများထူလပျစ်ထနေသော နှုတ်ခမ်းကြီးပင် . .။
ဦးဝီရအနည်းငယ်ထိတ်လန့်သွားသော်လည်း ဟန်မပျက် နှစ်ရာတစ်တစ်ရွက်ကို ငွေထည့်သောပုံးထဲသို့ ထည့်လိုက်သည်။
“အား . .ကျွတ်ကျွတ်”
ဦးဝီရရဲ့လက်နာလို့ အောက်ကိုကြည့်လိုက်တော့ သူ့ရဲ့လက်တစ်ဖက်လုံးက ငွေထည့်သောပုံးထဲသို့ ကျွံဝင်နေပြီး အတွင်းမှာရှိနေသော သံဆူးများနှင့်ငြိကာ သွေးများပင်ထွက်နေလေသည်။
ဦးဝီရ ရုန်းကြည့်သော်လည်း ရုန်းထွက်၍မရ . .လက်က သွေးကသာ ပိုထွက်လာလေသည်။ လက်မှာလည်း အလွန်ပင် ကျပ်နေပြီဖြစ်သောကြောင့် လူလည်းဇောချွေးများပင် ပြန်လို့နေချေပြီ။
လက်ကပေါက်ပြဲဒဏ်ရာများကနေ သွေးထွက်ရင်းထွက်ရင်းနဲ့ ငွေထည့်ပုံးအောက်ခြေကို သွေးစက်တွေ စီးကျနေသော အသံကိုပင်ကြားနေရသယောင် . .။
လက်ကိုဆွဲထုတ်လေ သံသွားပုံစံအချွန်တွေကြားထဲမှာ လှီးထုတ်မိသလိုဖြစ်လေဖြစ်တာကြောင့် ဦးဝီရတစ်ယောက် အလွန်ပင် မွန်းကြပ်နေလေပြီ။ မတတ်နိုင်တဲ့အဆုံး ဒရိုင်ဘာကိုအကူအညီိတောင်းမိသည်။
“အ .. အား . . .ကျွန်တော့်လက် ညပ်နေလို့ပါ . . ကူ .. ကူပါဦး”
ဒရိုင်ဘာက ခန္ဓာကိုယ်ကို တစ်စက်မှမရွေ့လိုက်ဘဲ ဦးခေါင်းကသာ တဖြည်းဖြည်းချင်း သူ့ဘက်သို့လှည့်လာရင်း အသက်မပါသောအသံနှင့်ပြောလိုက်သည်။
“ကားခဆိုတာ မင်းရဲ့သွေးကိုယူမှာ ငွေနှစ်ရာမဟုတ်ဘူး . .မြန်မြန်သွေးထွက်အောင်လုပ် . . သွေးများများရမှ ကားထွက်လို့ရမှာ”
ဟုပြောလိုက်သည်။
ဦးဝီရက ငွေထည့်ပုံးအတွင်းမှာ ညပ်နေသော သွေးများပေကျံနေပြီး အရေပြားများပင်လန်နေသည့် သူ့လက်ချောင်းကိုသူကြည့်လိုက်မိသည်။ သံဆူးသွားအချို့မှာ လက်ချောင်းများရှိရာသို့နစ်ဝင်နေပြီး လက်သန်းမှာဆိုရင် အရိုးထိပင်စိုက်နေသည့်အတွက် မခံမရပ်နိုင်အောင် သူခံစားလို့နေရလေသည်။ သွေးများကလည်း လန်နေသော အရေပြားများနှင့်အတူ အောက်သို့ပင်တစက်စက် စီးကျကာနေလေတော့သည်။
ဦးဝီရကတော့ မိမိဂုဏ်မကျစေဖို့အတွက်ပဲဟု ရည်ရွယ်က မျက်စိကိုမှိတ် သက်ပြင်းတစ်ချက်ချလိုက်ရင်း လက်ချောင်းကို သံဆူးသွားများကြားထဲမှာ ဘယ်ညာ အားပြင်းပြင်းနဲ့နေအောင် ဒရွတ်ဆွဲတိုက်ပစ်သည်။
“အား . .စပ်လိုက်တာ”
“မြန် . . . မြန် . . လေး”
ဒရိုင်ဘာ၏ အသံကြောင့် ဦးဝီရက သူ၏လက်ကို သံဆူးသွားများကြားထဲ ထပ်ပြီးဒရွတ်တိုက်မိသည်။ ဒီတစ်ခါတော့ အံကိုကြိတ်မထားနိုင်တော့ -
“အား ..” ဟုသာ သံရှည်ဆွဲရင်းနှင့်သာ ဒရွတ်တိုက်နေတော့သည်။
သွေးများကလည်း ပုံးထဲကို ပိုပြီး စီးဆင်းကျလာသလို ဦးဝီရ ရဲ့လက်ချောင်းအချို့မှာလည်း အရေပြားလန်တဲ့လက် ချောင်းကလန်၊ သွေးစိုရွှဲနေသော လက်ချောင်းက စိုရွှဲနှင့် အဆိုးဆုံးက လက်သန်းနှင့်လက်ခလယ်ရှိ အရိုးနှင့် အကြောပြတ်စ များကိုပါ တွေ့လာရသည်။
ခဏကြာတော့ “ဒီးး”ခနဲ တုန်ခါသံထွက်လာပြီး သံဆူးသွားများက ပြန်ချောင်သွားသည်။ ဦးဝီရက သူ့လက်ချောင်းများကို ပြန်ထုတ်လိုက်ပြီး အပေါ်ထပ်အင်္ကျီကိုချွတ်ကာ သွေးစို့ပြီး အကြောများစုတ်ပြတ် အရိုးများထွက်နေသည့် လက်ချောင်းများပေါ်သို့ အဝတ်ထပ်စည်းလိုက်သည်။
ပြီးနောက် အနောက်ကိုကြည့်လိုက်တော့ ထိုင်ခုံများမှာ ရစရာမရှိအောင်စုတ်ပြတ်ပြီး သွေးများစွန်းလို့နေသည်ကိုတွေ့လိုက်ရကာ အဆင်ပြေသောနေရာတစ်ခုတွင် ထိုင်လိုက်သည်။
လောလောဆယ် ခရီးသည်တော့ သူတစ်ယောက်တည်းဖြစ်သဖြင့် ကားပေါ်မှာ ဒရိုင်ဘာတစ်ဦးနှင့်သူ နှစ်ဦးသာ ရှိလေသည်။
လိုအပ်သောသွေးရပြီဖြစ်၍ ဒရိုင်ဘာမှ ကားထွက်ရန်ပြင်စဉ်မှာပင် အသံခပ်အဲ့အဲ့နှင့် ညည်းသံပါသောအသံတစ်ခုကို ကားအောက်မှကြားလိုက်ရသည်။
“ကျွန်မလည်း လိုက်ပါရစေ . . ကျွန်မ . . . ၁၉ . . . လမ်းမှာ ဆင်းမှာပါ”
ဦးဝီရ သေချာကြည့်လိုက်တော့ အဝတ်အစားများစုတ်ပြတ်သပ်နေပြီး သွေးများနှင့်ဖုန်များ အလိမ်းလိမ်း ပေကျံနေသော အဝတ်အစားဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်လာသည်ကိုတွေ့ရသည်။
ခြေထောက်ကိုကြည့်မိပြန်တော့လည်း ခြေထောက်တစ်ဖက်ကခြေဗလာနှင့် နောက်တစ်ဖက်ကတော့ ခြောက်လက်မ ဒေါက်စီးထားပြီးဒေါက်မှာ သံချွန်အလားဖြစ်နေကာ ခြေမျက်စိတစ်လျှောက်ဒေါက်ပေါက်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရသည်။
ခြောက်လက်မဒေါက်က ခြေဖနောင့်မှ ခြေဖမိုးထိသို့ ထုတ်ချင်းပေါက်စိုက်ဝင်နေပြီး လမ်းတစ်ခါလျှောက်လိုက်တိုင်း ထိုမိန်းမဆီမှ ညည်းသံတစ်ကြိမ်ကြားနေရသည်။ ထိုမိန်းမက ထော့နဲ့စွာနှင့် ဖြည်းဖြည်းချင်းလျှောက်လာပြီး ကားပေါ်သို့ တစ်လှမ်းချင်း လှမ်းတက်လာသည်။
ကားပေါ်ရောက်သောအခါ ဘီးခုသည့်သစ်သားတုံးကြီးကို ကောက်ကိုင်လိုက်ပြီး သူ၏ မအင်္ဂါကို ထိုတုံးကြီးဖြင့် တဒုံးဒုံးနှင့် ဆောင့်ထုနေလေတော့သည်။
“ဒုန်း . . ဒုန်း . .”
“အား . . .အား”
ထို တုံးကြီးကို အားနှင့်ထုလိုက် အော်နေလိုက်နှင့် အကြိမ်ကြိမ်လုပ်ပြီးနောက် ထိုတုံးကြီးကိုပစ်ချလိုက်ပြီး သူ၏ မအင်္ဂါကို ထိုသံချွန်များဖြင့် ထပ်မံပွတ်တိုက်ကာ သွေးများပြည့်အောင်ဖြည့်နေပြန်တော့သည်။
ဒရိုင်ဘာကလည်း ထိုမိန်းမကို ကြည့်ကာ ခြောက်ကပ်အက်ကွဲနေသောအသံဖြင့်
“မပြီးသေးဘူးလား . . ကားကဒီညကော ထွက်ရမှာလား . . မိုးလင်းကုန်မယ် . .နောက်ဝိညာဉ်တွေရှိသေးတယ်”
ဆိုသောအသံနှင့်ပြောလိုက်သည်။
ဦးဝီရက အစကမကြောက်မိသော်လည်း လက်ကအနာကြောင့်ကော မြင်နေရတာတွေကောကြောင့် သွေးပျက်လို့နေမိကာ ကားပေါ်တက်လာကာ မှားမိလေခြင်းဟု နောင်တရနေမိလေသည်။
သူ့စိတ်ထဲမှာတော့ လှည်းတန်းထိစီးဖို့ဆိုတာထက် ကားမထွက်ခင်ပင်ကြောက်ဖို့ ကောင်းလေခြင်းဟု တွေးမိကာ ဆင်းရင်ကောင်း ဆက်စီးရင်ကောင်းမလားဟု ဆိုကာ ဒွိဟ ဝင်နေမိရပြန်သည်။ ထိုအခိုက်မှာပင် ထိုမိန်းမက သွေးများစိုရွှဲနေသော ပုံစံဖြင့် ထုတ်ချင်းပေါက်အောင် ပေါက်နေသော ဒေါက်တစ်ဖက်ကို ထော့နဲ့ကာ ထော့နဲ့ကာနှင့် သူ့ဆီသို့ တန်းတန်းမတ်မတ်ကြီး လျှောက်လာနေပါချေတော့သည်။
'ကိုမိုး...ရောက်ပြီလား...မြဖူးပွင့်'
'မရောက်သေးပါဘူး...အန်တီ'
ဒေါ်စုစုလှိုင် ဧည့်ခန်းထဲမှာ လျှောက်လာခဲ့ပြီး ဆိုဖာမှာ ဝင်ထိုင်လိုက်
လေသည်။ လင်းနန္ဒလဲ ဆိုဖာပေါ် ခြေပစ် လက်ပစ် ထိုင်ချလိုက်ပြီး...
'ဟူး..ခုမှပဲ အိမ်ပြန်ရောက်တော့တယ်ကွာ...'
'သားလင်းလဲ ပင်ပန်းနေပြီပေါ့...အပေါ်တက်ပြီး နားလိုက်ဦးလေ...
အခန်းပြင်ပေးထားတယ် သား ဖေဖေ လာမှ နေ့လည်စာ တူတူစားကြတာပေါ့..'
'ဟုတ် မေမေ...ဒါဆို သား အပေါ်တက်ပြီ..'
ပြီးနောက် သွန်းရဲ့ လက်ကိုပါ ဆွဲ၍
'သွန်းလေးပါ လိုက်ခဲ့...'
'ဟင်...ကိုကို နေဦးလေ...'
သွန်းလဲ ကိုကို့နောက် ယက်ကန် ယက်ကန်နဲ့ ပါသွားတော့သည်။ ကိုကိုကတော့လေ...လုပ်လိုက်ရင် ဇွတ်...
အခန်းထဲ ရောက်တော့ ကိုကိုက အိပ်ရာပေါ်မှာ လှဲလိုက်သည်။ ပြီးမှ
ပြန်ထထိုင်ရင်း တံခါးဝမှာ တောင့်တောင့်ကြီးရပ်နေသော သွန်းကို
ကြည့်ပြီး...
'သွန်းလေး...ဒီမှာ လာထိုင်လေ...ဘာလုပ်နေတာလဲ...'
'ဟို...ဟို...'
'ဘာလဲ သွန်းလေး...မထိုင်ချင်လို့လား...ဒီနှစ်အတောအတွင်းမှာ
သွန်းလေးက ကိုကို့ကို တကယ်စိမ်းကားသွားတာပဲ...'
'မဟုတ်..မဟုတ်ပါဘူး...ကိုကိုရာ...ယောက်ျား လေးနဲ့ မိန်းကလေး တစ်ခန်းထဲ တူတူရှိနေတာ မသင့်တော်ဘူး ထင်လို့...'
'ဟင်...ဘယ်လို...သွန်းလေးကတော့ အဆန်းပဲ...ကိုကိုတို့က
သူစိမ်းတွေမှ မဟုတ်တာ...အရင်ကလဲ ဒီလိုနေနေကြကို...'
'အာ..ကိုကိုကလဲ အဲ့တုန်းက ကလေးလေ...ခုနဲ့ မတူတော့ဘူး...'
လင်းနန္ဒ ရှက်ကိုးရှက်ကန်းနဲ့ ရှင်းပြနေသော သွန်းကို ကြည့်ပြီး
တော်တော်ရယ်ချင်လာလေသည်။ သွန်းကိုလဲ ထပ်စချင်နေသေး၍
'ဒါဆို သွန်းလေးက အရွယ်ရောက်နေပြီပေါ့...အဲ့လိုလား...'
'အင်း...'
လင်းနန္ဒ ခုတင်ပေါ်မှ ထလိုက်ပြီး သွန်းဆီ တစ်လှမ်းချင်း လျှောက်လာလေသည်။ သွန်းနားရောက်မှ သွန်း မျက်နှာလေးကို ကိုင်၍
'ဒါဆို သွန်းလေးက ကလေး မဟုတ်တော့ဘူးဆိုတော့...ကိုကို
သွန်းလေးကို kiss ပေးလို့ရပြီပေါ့နော်...'
သွန်းမျက်နှာတစ်လုံးနီရဲကာ သူ့လက်ကို ပုတ်ချလိုက်ပြီး...
'အာ...ကိုကိုကလဲ ဘာတွေလာပြောနေတာလဲ...သွန်း သွားတော့မယ်'
အခန်းထဲမှ ရှက်ပြီး ပြေးထွက်သွားသော သွန်းကို ကြည့်ရင်း လင်းနန္ဒ ရယ်မိလေသည်။ တော်တော်ချစ်ဖို့ကောင်းတဲ့ ကလေးမ...ဒါတောင် ကလေးမဟုတ်ဘူးလေး ဘာလေးနဲ့...တကယ့် ဦးမိုးထက် ပြန်လာတော့ နေ့လည်စာအတူတူစားဖြစ်ကြသည်။ ခုတော့ ထမင်းဝိုင်းလေးက လူစုံတက်စုံပေါ့...နို့မို့ဆို တီစုက တစ်ယောက်တည်း အထီးကျန်နေရတာလေ...
ဦးမိုးထက်က စားနေရင်းမှ
'သား ခု မြန်မာနိုင်ငံ ပြန်ရောက်ပြီဆိုတော့ ဘာလုပ်မယ်လို့ စဉ်းစားထားလဲ...သားရဲ့ ပညာတွေလဲ တော်တော်စုံနေပြီမို့လား...'
ဒေါ်စုစုလှိုင် က မကျေမနပ်ဖြင့်
'အို...ရှင်ကလဲ...သားက ခုမှ ပြန်ရောက်တာကို...နားပါစေဦးလား...အတင်းအလုပ်ခိုင်းဖို့ပဲ စဉ်းစားနေတာ...'
'မဟုတ်ပါဘူး...စုရယ်...ကိုယ် မေးကြည့်တာ...သားကို နားခိုင်းမှာပါ...'
'သား ဖေဖေ့အလုပ်ထဲပဲ ဝင်ဖို့ စဉ်းစားထားပါတယ်...ဖေဖေလဲ
လုပ်ငန်းတွေ မနိုင်ဖြစ်နေတာမို့လား...သား စီးပွားရေး လမ်းကြောင်းကို ရွေးရွယ်တည်းက ဖေဖေ့ကို ကူညီဖို့ပါ...ဖေဖေ ပင်ပန်းနေတာ သားလဲ တွေ့နေတာပဲလေ...'
'လိမ်မာလိုက်တဲ့ ငါ့သား...မွေးရကျိုးနပ်တယ် စုရေ...'
'ဟုတ်ပါ့ရှင် ဟုတ်ပါ့ အလိမ်မာတုံးလေး...'
'ဟာ...မေမေတို့ကလဲဗျာ...'
'ဒါဖြင့် သား ဖေဖေ့လက်အောက်မှာ တစ်လလောက်ပဲ ဖြစ်ဖြစ်
လုပ်ငန်းတွေကို လေ့လာပါ...သား ကျွမ်းကျင်သွားရင် သားကို
လုပ်ငန်းတွေ ခွဲပေးမယ်...'
'ဟုတ်ကဲ့ပါ ဖေဖေ...'
'ကဲ...ကဲ...စားကြ...ထမင်းတွေလဲ အေးကုန်ဦးမယ်...'
နေ့လည်စာ စားပြီးကြတော့ ဦးမိုးထက်ကလဲ အလုပ်ရှိလို့ ပြန်သွားလေသည်။ ကိုကိုနဲ့ တီစုကတော့ ဧည့်ခန်းထဲမှာ စကားပြောနေကြသည်။ သွန်းကတော့ မမ မြဖူးပွင့် နဲ့ အလုပ်သမားတွေကို ကူညီပေးချင်လို့ မီးဖိုခန်းထဲ ဝင်လာခဲ့သည်။
'မမ ဘာတွေ သိမ်းဖို့ကျန်သေးလဲ...'
မြဖူးပွင့် က ပန်းကန်တွေ ဆေးနေရင်းမှ
'သွန်း လုပ်စရာ မရှိပါဘူးကွယ်...သွားနားပါ...'
'မမကလဲ သွန်း လုပ်ချင်လို့ပါဆို...'
'ကဲ ကဲ ရော့...ဒါဆို ဒီပန်းကန်တွေ ပန်းကန်စင်ပေါ်တင်ပေး...'
'ဟုတ်...'
သွန်း ပန်းကန်တွေကို မ၍ ပန်းကန်စင်ကို အသွား...
မီးဖိုခန်းထဲ ဝင်လာတဲ့ အလုပ်သမား တစ်ယောက်နဲ့ တိုက်မိလေသည်။
'အင့်...ခွမ်း...'
သွန်း လက်ထဲမှာ ကိုင်ထားတဲ့ ပန်းကန်တွေ အကုန်ကျကွဲသွားလေ
သည်။
'ဟယ်...မမလေး...မမလေး ညီမ တောင်းပန်ပါတယ်နော်...ညီမ
မမြင်မိလို့...'
ထိုသို့ပြောပြီးနောက် အာရုံများအားလုံးပျောက်ကွယ်သွားပြီး အရင်တိုင်းပြန်ဖြစ်သွားသောကြောင့် ဦးဝီရအနေနဲ့ မျက်စိကိုဖွင့်လိုက်ပြီးနောက် လောကီဆရာကို သတ်မှတ်ထားသော အဖိုးအခကန်တော့လိုက်ပြီးနောက် ပြန်လာခဲ့လေတော့ သည်။
ကားပေါ်ရောက်သော် သူပထမဆုံးမြင်ရသည်က ကားမောင်းသည့် ယာဉ်မောင်းပင်ဖြစ်သည်။ မျက်နှာပုံပဲထူးခြားနေ၍ လား၊ အလင်းရောင်ကြောင့်ပဲလားမပြောတတ် . . .မျက်နှာကိုမမြင်ရဘဲ မျက်နှာနေရာမှာ အမည်းရောင်သာ ဖုံးလွှမ်းလို့နေသည်။
Congratulations @moekhaing! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP