ခပ်ယိုင်ယိုင်အနာဂတ်နဲ့လူ
◄◄ ခပ်ယိုင်ယိုင်အနာဂတ်နဲ့ လူ ►►
♥ ♥ ♥ ♥ ♥ ♥
တကယ်တော့ငါဟာ
ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ 
ကောင်းကင်အောက်က
ခပ်ယိုင်ယိုင် အနာဂတ်နဲ့ သူတစ်ယောက်ပါ ►►
♥ ♥ ♥ ♥ ♥ ♥
မသေချာတဲ့ အိပ်မက်တွေမြင်မက်ရင်း
ရူးသွပ်နေသူတစ်ယောက်ဆိုလည်း
မှားမယ်မထင်ပါဘူး ►►
♥ ♥ ♥ ♥ ♥ ♥
နှစ်လိုဖွယ်အကြင်နာတွေအောက်က
ပျော်ရွှင်မှုတွေကိုတော့
တမ်းတမက်မောမိပါရဲ့ ►►
♥ ♥ ♥ ♥ ♥ ♥
သွေဖယ်မသွားနိုင်တဲ့  မင်းရဲ့ ချစ်ခြင်းတွေကို
ယုံကြည်စွာထမ်းပိုးရင်း အနာဂတ်အတွက်
ငါ .. ယုံကြည်စွာ
ခရီးဆက်နေပါရစေ ချစ်သူရယ် ►►
♥ ♥ ♥ ♥ ♥ ♥
ဝမ်းနည်းမှုတွေ ၊ နာကျင်မှုတွေ
ငါ သယ်ဆောင်မထားချင်ဘူး
အေးချမ်းဆိတ်ငြိမ်တဲ့ 
မင်းရဲ့ စကားသံတွေနဲ့ အတူ
လွတ်လပ်ပျော်ရွှင်ခြင်းတွေသာ
ငါ ထမ်းပိုးထားချင်တယ် ►►
♥ ♥ ♥ ♥ ♥ ♥
ရင်တခုလုံးမွန်းကြပ်
ပိတ်လှောင်နေတာမျိုးငါမခံစားချင်ဘူး
အိပ်မပျော်တဲ့ ညတွေငါမဖြတ်သန်းချင်ဘူး
မင်းနဲ့ ပတ်သက်လို့ ငါ့ရင်ဘတ်ထဲမှာ
သီကုန်းနေတဲ့  အချစ်သင်္ကေတတွေ
ပျောက်ဆုံးမသွားချင်ဘူး ►►
♥ ♥ ♥ ♥ ♥ ♥
ဆိတ်ငြိမ် တဲ့ ငါ့နှလုံးသားရပ်ကွက်က
ပျော်ရွှင်မှုတွေကိုသာဖိတ်ခေါ်တတ်
ခဲ့ တာပါ
အချစ်ဆိုတာကို ကစားဖို့ အတွက်
ငါ့နှလုံးသားက ဂိမ်းစင်တာတခုမှမဟုတ်ခဲ့ တာလေ►►
♥ ♥ ♥ ♥ ♥ ♥
လွတ်လပ်စွာအသဲကွဲခွင့်ကို ခံစားပေးနိုင်ပေမယ့်
စစ်မှန်တဲ့ ချစ်ခြင်းတခုအတွက်
လွတ်လပ်စွာ စော်ကားခွင့်တော့ ငါခွင့်မပြုနိုင်ဘူး►►
♥ ♥ ♥ ♥ ♥ ♥
တကယ်တော့ ငါဟာ
ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ 
ကောင်းကင်အောက်က
ခပ်ယိုင်ယိုင် အနာဂတ်နဲ့ သူတစ်ယောက်ပါ ►►
....
ညိုလင်းထွဏ်း
အတိတ်ကိုတူးဆွခြင်း
....
◄◄ ◄◄ ◄ ►► ►►
Congratulations @minkhantnyar! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!