❤👌😍 ချစ်​တဲ့သူကို အားပေးပါ ❤👌😍

in #esteem • 6 years ago

❤👌😍 ချစ်​တဲ့သူကို အားပေးပါ ❤👌😍





❤ ကိုယ့်​ချစ်​သူကို အားပေးခြင်းဟာ သူ့အတွက်ရောကိုယ့်အတွက်ပါ

အကျိုးများစေပါတယ်​ ❤



သူ့ကို အားပေးတဲ့အတွက်

 သူဟာ အလုပ်မှာ

ပိုမိုအောင်မြင်လာနိုင်သလို

စိတ်ပိုင်းဆိုင်ရာမှာလည်း

လုံခြုံစိတ်ချမှုကို ခံစားရစေပါတယ်👌✌



ကိုယ်သူ့ကို ဘယ်လောက်ချစ်သလဲ

ဘယ်​​လောက်​ တန်ဖိုးထားသလဲ ဆိုတာကို ပြသရာရောက်တဲ့အတွက်

ကိုယ့်အပေါ် မြတ်နိုး တွယ်တာမှုကလည်း ပိုအားကောင်းလာစေပါတယ် 👫



သူ စိတ်ညစ်နေတဲ့ အချိန်မှာ

အားပေးခြင်းက

 သူ့ကို ဖိအားတွေ အဆိုးတွေထဲကနေ ဆွဲထုတ်လိုက်သလို ပါဘဲ

သူ စိတ်ဓါတ်ကျနေချိန်မှာ 😶😑အားပေးလိုက်တာကတော့

သူ့အတွက် ရှင်သန်ဆေးပါပဲ 💊💊⏳



ဒါကို အများစုက သိထားကြပေမဲ့

တကယ်တမ်း

အမှားတစ်ခုခုကြောင့်ဘဲဖြစ်ဖြစ်

အဆင်မပြေမှု

တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ်

စိတ်ဓါတ်ကျနေတဲ့သူကို အားပေးဖို့ထက် အပြစ်တင်ခြင်းကိုပဲ 

မမေ့မလျော့ လုပ်တတ်ကြပါတယ် 👈👊



အားငယ်နေချိန်မှာ

စိတ်ညစ်နေချိန်မှာ

ဝမ်းနည်းနာကျင်နေချိန်မှာ

ချစ်တဲ့သူ ဆီက အပြစ်တင်တာမျိုး

ကြုံလိုက်ရရင်.......🍁🍁



 ဒါပေမဲ့

ကိုယ့်ကိုယ်ကိုပဲအားတင်းပြီး

ပြန်ရှင်သန်ရတာပါပဲ 🙇‍♀️🙋‍♀️



ဘာကြောင့်ပဲ ဖြစ်ဖြစ်

အားငယ်နေချိန်မှာ ချစ်သူရဲ့အားပေးစကားသံကိုတော့

လူတိုင်း ကြားချင်

ပိုင်ဆိုင်ချင်ကြပါတယ် 🤦‍♀️💁‍♀️



 သူ စိတ်အားတက်ကြွနေချိန်မှာ

 အားပေးတာက သူ့ဘ၀ အတွက်လှေခါးထောင်ပေးလိုက်သလို

တဟုန်ထိုး ပျံသန်းနိုင်လိုက်တဲ့

သိန်းငှက်လို အောင်မြင်မှုတွေ

ရရှိသွားစေနိုင်ပါတယ် 💫💫💫✨



ကိုယ့်ရဲ့အောင်မြင်မှုကို ၀မ်းသာအားရ လာပြောတတ်တဲ့ချစ်သူကို

ဝမ်းသာအားရ ကြိုဆိုပြီး

အားပေးဂုဏ်ပြု လိုက်ပါ 👍🏻💋

အဲဒီလိုမဟုတ်ဘဲနဲ့

အင်းမလုပ် အဲမလုပ်  မသိချင်ယောင်ဆောင်နေလိုက်တာမျိုး မပြုသင့်ပါဘူး 🌸🌸



သူ့ရဲ့အောင်မြင်မှုအတွက်

ချီးကျုး ၀မ်းသာပေးခြင်းဟာ

သူ့ကို အားပေးလိုက်သလို

 စိတ်ခွန်အားကို အမြင့်ဆုံးရောက်အောင် ဆွဲတင်ပေးလိုက်တာပါပဲ 🌈🌈💫



သူ့ကို လုပ်ငန်းခွင်မှာရော

မိသားစုအရေး မှာရော

လူမှုရေးမှာပါ အကောင်းဆုံး သူ

အတော်ဆုံး သူတစ်ယောက်

ဖြစ်စေချင်တယ်ဆိုတဲ့ ကိုယ့်ရဲ့ ဆန္ဒကို ပြောရင်းနဲ့အားပေးတာက

 ပိုပြီး ထိရောက်စေပါတယ် 🌠🎆🎇



ကိုယ့်အနေနဲ့သူ့ရဲ့ အနာဂတ်ကို ဘယ်လောက်တောင်

အလေးထား တန်ဖိုးထားသလဲ ဆိုတာကို

သူ့ကို သိစေရာ ရောက်တဲ့အတွက်  သူရဲ့အတ္တမာနကိုလည်း

 မြှင့်တင်ပေးရာ ရောက်သလို

 ကိုယ့်ကိုလည်း

 ပိုမို ယုံကြည်လာပါလိမ့်မယ်

အဲဒီလို နည်းလမ်းမျိုးနဲ့သူ့ရဲ့ ချစ်ခင်မြတ်နိုးမှုကိုလည်း

 ပိုမို ရရှိစေပါတယ် 👩‍❤️‍💋‍👩💐



 အချို့ကတော့

သူ့အောင်မြင်မှုအတွက် သူ့ကို အားပေးချီးကျူးနေရင်းနဲ့တောင်မှ

ကိုယ့်ကိုယ်ကို

 ကိုယ်ရေသွေးမို့မမေ့တတ်ပါဘူး  ☺️☺️



ချစ်သူရဲ့ချီးမြှောက်မှုကို

 ခံစားနေရချိန်မှာ ကိုယ်ရေသွေးလို်က်တဲ့ချစ်သူရဲ့စကားဟာ ကိုယ့်အတွက် ဘာမှ မဟုတ်တော့သလို ခံစားစေနို်င်တဲ့အတွက် သတိထားပြီး ရှောင်သင့်တယ်လို့လည်း မြင်မိပါတယ် 🎀🎀



ဘာကြောင့်ပဲ ဖြစ်ဖြစ်သေချာတာ တစ်ခုပြောရရင်တော့အားပေးတာဟာ အပြစ်တင်တာထက်တော့

ပိုကောင်းပါသေးတယ် 👍✌🤩



တကယ်လို့များ ကိုယ်က

ချစ်သူရဲ့အားပေးစကားကို

လိုချင်ပေမဲ့ မရခဲ့ဘူးဆိုရင်လည်း

ကိုယ့်ကို အားပေးတတ်စေဖို့

ချစ်သူကို လေ့ကျင့်ပေးပါ👍🏻👍🏻🏆



စိတ်ညစ်နေတယ် အားပေးပါဦး ဆိုတာမျိုးနဲ့သူ့ဆီက အားပေးစကားထွက်လာအောင်

ကြိုးစားသင့်ပါတယ် 🧚‍♀️



ကိုယ့်​ရဲ့ အောင်မြင်မှုကို

သူ့ကို မျှဝေချင်တဲ့အခါ

အောင်မြင်မှု့ကို မျှဝေပါမယ်

ချီးကျူးဂုဏ်ပြုပါ ဆိုတာမျိုးနဲ့

တောင်းဆိုပါ 🏅🙂





တကယ်လို့များ

ဘ၀မှာ အားပေးတတ်တဲ့ချစ်သူ

ဘ၀လက်တွဲဖော်ကို

ရရှိထားတယ်ဆိုရင်တော့

သူ့ကို တန်ဖိုးထားပြီး ပိုချစ်ပါနော် ❤️👍🏻❤️😍



😇 အား​ပေးခြင်းဆိုတာ

ဘ၀မှာ အလိုအပ်ဆုံး

ဆေးဝါးတစ်ခု 💊💊⏳

ဖြစ်နေတဲ့အတွက်ကြောင့်ပါ 😇


Follow me


@mamaeainjal

image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by KLM from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58192.51
ETH 2295.28
USDT 1.00
SBD 2.50