📝ကိုယ့်​စိတ်​နဲ့ ကိုယ်​ နေတတ်သလိုနေလိုက်ပါ 📝

in #esteem • 6 years ago

📝ကိုယ့်​စိတ်​နဲ့ ကိုယ်​ နေတတ်သလိုနေလိုက်ပါ 📝





🎁 လုပ်​ယူမှ ရမဲ့အရာတွေမှန်သမျှ 

ဘာတစ်ခုမှ မလိုချင်တော့ဘူး 🎁



ပြောမှသိမဲ့သူတွေကိုလည်း

မပြောချင်တော့ဘူး



ခယမှ

လိုက်လျောတတ်တဲ့သူတွေကိုလည်း

စိတ်ကုန်တယ်  မပေါင်းချင်တော့ဘူး



တောင်းမှပေးမဲ့

အရာတွေလည်း မခုံမင်တော့ဘူး



အမြင်လွဲနေသူတွေကိုလည်း လိုက်မရှင်းပြချင်တော့ဘူး



အထင်သေးတတ်တဲ့သူတွေကိုလည်း

မတုန့် ပြန်ချင်တော့ဘူး



ကဲ့ရဲ့စကားသံတွေကိုလည်း

မခံစားတတ်တော့ဘူး



ထင်ချင်သလိုသာ ထင်ကြ

မြင်ခြင်သလိုမြင်ကြပါစေ

ကိုယ့်အကြောင်း

သူများသိဖို့  မလိုဘူး

ကိုယ့်အကြောင်း 

ကိုယ်သိရင် ရပြီးလေ



ရေစက်ဆုံလို့  

ပါတ်သက်ခဲ့သမျှ လူတွေအပေါ်

ကိုယ့်ဖက်တော့  အတတ်နိုင်ဆုံး

ကောင်းအောင် ဆက်ဆံနေထိုင်ခဲ့တယ်

ဟန်ဆောင်မှုတွေ

မလိုစိတ်တွေဆိုတာ ရှိကိုမရှိခဲ့ဘူး



ကိုယ့်ကောင်းကြောင်းပဲ

ရွေးပြောတာလည်း မဟုတ်သလို

ကိုယ့်ရဲ့အကောင်းဆုံး

ဆက်ဆံရေးတွေဟာလည်း

လုပ်ယူခဲ့တဲ့အရာတွေမဟုတ်ဘူးလေ ပင်ကိုယ်စိတ်အတိုင်း

ဆက်ဆံခဲ့တာပဲ



ကိုယ်ရဲ့ ပင်ကိုယ်ဗီဇစိတ်ကိုက

လူတွေအပေါ်မှာ

သနားတတ်လို့ 

စာနာစိတ်နဲ့ ဆက်ဆံခဲ့တယ်

အားနာတတ်လို့  

လိုက်လိုက်လျောလျော ဆက်ဆံခဲ့တယ်



ဟန်မဆောင်တတ်သူမို့  

ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့တယ်

အပေါင်းအသင်းအပေါ်

တွယ်တာတတ်လို့  

အနာခံပြီး ပေါင်းခဲ့တယ်

လူတန်းစားမရွေးတန်ဖိုးထားလို့ 

လေးလေးစားစားဆက်ဆံခဲ့တယ်

ကိုယ်ပေးနိုင်တဲ့ဆက်ဆံရေး

ကိုယ်ပိုင်ထားတဲ့စိတ်က ဒီလောက်ပါပဲ



 စိတ်အခန့် မသင့်ဖြစ်နေချိန် 

မလိုက်လျောမိတာတွေ

စိတ်သောက ရောက်နေချိန်မှာ

အလိုက်အထိုက်

မပြောမိတာတွေကို  အထအနကောက်ပြီး 

အဆိုးမြင်သွားတာကိုကျ 

မတတ်နိုင်ဘူး ကြိက်သလို

ယူဆသွားကြပါစေ

ဘာတစ်ခုမှ  ကိုယ့်ဖက်ကတော့ 

တမင်လုပ်ခဲ့တာမှ မဟုတ်တာလေ



လူတိုင်းမှာ

ဘဝအမောကိုယ်စီရှိသလို 

သောကရောက်နေချိန်တွေ  စိတ်ထွက်ပေါက်ပိတ်နေချိန်တွေ

ဆိုတာ ရှိတယ်

ကိုယ်လည်း လူထဲကလူပေမို့  

အဲ့လိုအချိန်​တွေဆိုရင်

ရင်ဆိုင်ရတာတွေရှိပါတယ်



ဆယ်ခါကောင်းခဲ့ပေမဲ့ 

တစ်ခါမကောင်းမိတာကို

အပြစ်ဖြစ်ရတာတွေ

အတတ်နိုင်ဆုံး သည်းခံထားတာကို မထီမဲ့မြင်ပြုလာတွေ

အစဉ်အမြဲလိုက်လျောပေးခဲ့ပေမဲ့

တစ်ကြိမ်လေး ငြင်းဆန်လိုက်မိတာကို  အမုန်းပွားသွားတတ်တာတွေက

ကိုယ်အတွက်လည်း

စိတ်ဒဏ်ရာတွေ ဖြစ်စေခဲ့တယ်



ရင်ထဲက ဒဏ်ရာတွေ

စုပုံလာတဲ့နောက်

ရင်ကျက်လာတာမဟုတ်ပေမဲ့

တိတ်တဆိတ်နဲ့   ကိုယ့်ဘဝကို

အေးအေးချမ်းချမ်းဘဲ

ဖြတ်သန်းချင်လာခဲ့ပါတယ်



လူတွေအပေါ်လည်း 

မြင်ခြင်သလိုမြင်ကြပါစေ

ထင်ခြင်သလိုထင်ကြပါစေဆိုတဲ့

ဥပေက္ခာတွေနဲ့ အတူ

အလိုက်အထိုက်

ဆက်ဆံရေးပဲ ပေးလိုက်ပါတယ်



 လူတွေအပေါ်

ဂရုစိုက်ပြီးအလေးထား ဆက်ဆံနေရင်

စိတ်ပိုပင်ပန်းစေပါတယ်



☺  ရင့်ကျက်လာတာတော့

မဟုတ်ဘူး ရင်ဘတ်ထဲက ဒဏ်ရာတွေများလာပြီးတဲ့နောက်☺



🌹 ကိုယ့်စိတ်နဲ့ ကိုယ် နေတတ်

သလိုနေလိုက်ပါ 🌹 image

Follow me

@mamaeainjal

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by KLM from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58192.51
ETH 2295.28
USDT 1.00
SBD 2.50