💞💖💕 မေတ္တာဆိုတာ <br> လူတိုင်းအပေါ်ထားလို့  ရတယ် 💕💖💞

in #esteem • 6 years ago

💞💖💕 မေတ္တာဆိုတာ

လူတိုင်းအပေါ်ထားလို့  ရတယ် 💕💖💞





လိုအပ်တာထက် ပိုမပြောတတ်သူမို့ 

အသိမိတ်ဆွေ ရှားပါတယ်



ဟန်ဆောင်ပြီး မဆက်ဆံတတ်သူမို့ 

လူချစ်လူခင် နည်းပါး ပါတယ်



လိမ်ညာပြီး မပြောတတ်သူမို့ 

မိတ်ဆွေစစ်ဆိုတာ နည်းပါတယ်



ကိုယ်က လူတမျိုး 

မရှိတာကို ရှိတယ်ပြောရမှာရှက်တယ်

မသိတာကို 

သိတယ်ပြောရမှာ ကြောက်တယ်

မဟုတ်တာကို

အဟုတ်လုပ်ပြောရမှာလည်း ရှက်​တယ်



လူအများနဲ့ 

ပြောဆိုဆက်ဆံရမှာထက်

တစ်ယောက်ထဲ

အေးအေးနေရတာကို ပိုမက်မောတယ်



လူတွေသိအောင် ကြွားဖို့ ထက်

ကိုယ်ရှိတာ  ကိုယ်သိရင် ရပြီဆိုတဲ့

ခံယူချက်နဲ့ နေထိုင်တယ်



လူဆိုတာ

ကိုယ့်နှုတ်ထွက်စကားကို

တာဝန်မယူနိုင်တာလောက် 

တန်ဖိုးမဲ့သူမရှိဘူးလို့ 

ခံယူထားသူပါ

နေရာတကာ ငါအသိ  ငါအတတ်

လုပ်ရမှာကို  သိပ်ကြောက်တယ်



ကိုယ့်ဘဝမှာ

လူမှန်းသိတတ်ခါစထဲက

မိဘရဲ့ ဆုံးမသွန်သင်မှုတွေကြောင့်

တပါးသူကို  ကိုယ့်အတွက်နဲ့ 

ဒုက္ခမရောက်အောင်ကြိုးစားပြီး  အကောင်းဆုံးနေထိုင်ခဲ့တယ်

ရှိတာလေးနဲ့  လှအောင်ဝတ်တယ်

ရတာလေးနဲ့  လောက်ငအောင် စားပြီး

အရိုးသားဆုံး နေခဲ့တယ်



ကိုယ်ဟာ လူထဲကလူလေ

ကိုယ်တစ်ယောက်ထဲ

ကောင်းအောင်နေလို့ 

မရသလို  ဒီလူတွေနဲ့  

မဆက်ဆံချင် လို့  မရသလို

မပါတ်သက်ချင်လို့ လည်း  မရပြန်ဘူး

ဘယ်လိုလူမျိုးတွေနဲ့  ဆက်ဆံရပါစေ

သာစေနာစေ ဆိုတဲ့ စိတ်နဲ့  မဆက်ဆံခဲ့တာ

ဘုရားသိပါတယ်



လူတိုင်းအပေါ် စိတ်ရင်းအတိုင်း

ရိုးသားပွင့်လင်စွာ

ဆက်ဆံခဲ့တယ်

တတ်နိုင်သလောက်

မေတ္တာထား ဆက်ဆံတယ်

ပေးနိုင်သလောက် ကူညီပေးလိုက်တယ်

ပြန်ရလိုမှုစိတ် တစ်ခါမှ မထားခဲ့ဘူး



တခါတလေကျ 

ပွင့်လင်းရိုးသားမှုတွေဟာ

လူတိုင်းနဲ့  မတန်ခဲ့ဘူး



ကိုယ်က ဘယ်လောက်

ရိုးသားသူဖြစ်နေပါစေ

တန်ဖိုးမသိသူက ခပ်များများရယ်

လူတိုင်းကတော့ ပြောကြပါတယ်

ရိုးသားမှုကို မြတ်နိုးတယ်ဆိုတဲ့

အကြောင်းတွေလေ

တကယ်တော့  လက်ခံနိုင်​သူ

လိုက်နာနိုင်သူက ခပ်ပါးပါးလေးရှိတာ



ရင့်ကျက်တဲ့စိတ်တွေ

ပိုင်ဆိုင်လာခဲ့ပြီမို့ ထင်ပါတယ်

စကားတွေ အများကြီး

ပြောလိုစိတ်လည်း ကုန်သွားပြီ

ငြင်းခုန်ရမှာလည်း  မုန်းသွားပြီ



လူအများနဲ့ 

အလိုက်အထိုက်

ပြောဆိုဆက်ဆံရမှာလည်း  ပျင်းခဲ့ပြီ

လူအများနဲ့ ဆက်ဆံရမှာလည်  ငြီးငွေသွားပြီ

ကိုယ့်ရဲ့  ရိုးသားမှုတွေက အများဆုံး အသုံးချခံ

သက်သက်ဖြစ်ခဲ့ရပေါင်း  များခဲ့ပြီလေ



ခုနေတတ်ပြီ 

အပေါင်းသင်းဆိုတာ 

သီးသန့် ထားနေဖို့ မလိုတော့ဘူး

မိတ်ဆွေစစ်ကိုလည်း 

ရှာပေါင်းနေဖို့ မလိုတော့ဘူး

တစ်ယောက်ထဲနေတိုင်းလည်း 

အထီးကျန်မဆန်မှန်းနားလည်ခဲ့ပြီ



ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာထဲက

အနေနီးသည်ဖြစ်စေ  ဝေးသည်ဖြစ်စေ

ကိုယ့်စိတ်နဲ့  ထပ်တူမကြတောင် 

သဘောထားချင်း

တိုက်ဆိုင်သူ မိတ်ဆွေ

အနည်းအကျဉ်းရှိနေရင်  ကျေနပ်ပြီ

အနေနီးသလောက် စိတ်ညစ်စရာ  ပေးနေသူတွေထက်

အဝေးကနေ အားပေးဖော်ကို

ပိုခင်တွယ်ဖို့ ကောင်းပါတယ်



မေတ္တာဆိုတာ

လူတိုင်းအပေါ်ထားလို့  ရတယ်

လူတိုင်းကိုတော့

မပေးသင့်ဘူး ဆိုတာ သိပြီးနောက်

ရိုးသားလို့ ရတယ်

နေရာတကာရိုးသားနေလို့  မရဘူး

ဆိုတာ သိပြီးနောက်

တပါးသူတွေရဲ့  ချစ်ခြင်းမေတ္တာတွေကိုလည်း

ထူးပြီး မတောင်းတတော့ဘူး

ကိုယ်ကလည်း လိုတာထက် ပိုမပေးမိတော့ဘူး

နေတတ်သလို နေလိုက်တဲ့ဘဝမှာ

လွတ်လပ်ပေါ့ပါးစွာနဲ့   အေးချမ်းခဲ့ပါပြီ



လူတွေချစ်အောင်💓💗💗💗💗💗💓 တမင်ဟန်ဆောင်ပြုံးပြနေရတာထက်

လိုတာထက် ပိုမပြောတတ်လို့ 

ချစ်ခင်သူရှားတဲ့ ဘဝက  ပိုလွတ်လပ်တယ် 🎡🎡🎡

image

Follow me

@mamaeainjal

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by KLM from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58192.51
ETH 2295.28
USDT 1.00
SBD 2.50