သင်သိရင် သိပ်ကောင်းမှာပဲ
သင်သိရင် သိပ်ကောင်းမှာပဲ
ဘာမှမဖြစ်သလိုနေတတ်တဲ့ငါ့ကို
မကျေမနပ်များဖြစ်နေသလား ...
ငါရဲ့အရှိအတိုင်းထုတ်ပြဖို့ထက်
ငြိမ်သက်နေဖို့သာ
ပိုလိုချင်မိတယ် ...
ဒါဟာ
ငါ့ရဲ့အားသာချက်မဟုတ်သလို
ချို့ယွင်းချက်လို့လည်း
ငါမထင်ပါဘူး ...
.
..
အံ့အားသင့်ခြင်း
အလျည်းမရှိတဲ့စိတ်နဲ့
ဘဝတစ်ခုလုံးကို
ဖြတ်သန်းသွားရမယ်ဆိုရင် ...
ငါသိပ်ပျော်မိမှာပါ ...
.
.
ယောက်ယပ်ခတ်ဖို့
ဆွဲဆောင်မှုတွေ များလွန်းတဲ့လောကကြီးမှာ
ငြိမ်သက်မှုတစ်စွန်းတစ
ခံစားမိတယ်ဆိုရင် ...
..
သိပ်ကျေနပ်မိမှာပဲ ...
...
photo : facebook