အောင်မြင်ချင်ရင် မလုပ်သင့်သောအရာများ

in #esteem7 years ago (edited)

ဘယ်သူမဆို ဘဝမှာ အောင်မြင်ချင်တာချည်းပါပဲ။✅✅✅
ဘဝမှာ အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်ရမှလဲ။
အောင်မြင်ဖို့အတွက် လုပ်ရမယ့်အရာတွေ အများကြီးရှိသလို ✅✅✅
မလုပ်သင့်သောအရာတွေလည်း အများကြီးရှိပါတယ်။⛔️⛔️⛔️⛔️
ဘဝမှာ အောင်မြင်စပြုလာရင် ✅✅✅✅
မလုပ်သင့်သောအချက်တွေကို တင်ပြလိုက်ပါတယ်။⛔️⛔️⛔️

၀၁. သူတပါးရဲ့အောင်မြင်ခြင်းကို အားကျခြင်း
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
သူငယ်ချင်းပဲဖြစ်ဖြစ် အသိမိတ်ဆွေပဲဖြစ်ဖြစ် သူတို့ကအောင်မြင်ပြီးတော့ နေတဲ့အိမ်၊ သုံးတဲ့ပစ္စည်း၊ စီးတဲ့ကား စသည်ဖြင့် သူလိုနေထိုင်ချင်တယ်လို့ အားကျမိမှာပါ။
သူချည်းပဲ နေရာရနေတယ်လို့ မနာလိုပဲဖြစ်မိမှာပါ။
ကိုယ့်မှာတော့ ဘာမှမရှိသလို ကိုယ့်အလုပ်နဲ့တောင် အနိုင်နိုင်ဖြစ်နေတဲ့ဘဝကို စိတ်ပျက်မိတဲ့အခါမျိုးလေးတွေ ကြုံတွေ့ရမှာပါ။
အားမကျပဲနဲ့။
ကိုယ်လုပ်စရာရှိတာကို အာရုံစိုက်ပြီး သေသေချာချာ ဂရုတစိုက်လုပ်ပါ။
ကိုယ်ရဲ့ကြိုးစားမူအပေါ်မူတည်ပြီး ကိုယ်လည်းအောင်မြင်မှာပါ။

၀၂. သူတပါးရဲ့ ချီးကျုး အားပေးမူကို လိုလားခြင်း
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
လူဟာ သူတပါးရဲ့ အားပေးမူ ချီးကျူးမူကို လိုအပ်သူချည်းပါပဲ။
ဒါကိုပဲ တောင့်တနေရင်တော့ ဘယ်သူမှ ကိုယ့်ကို အားပေးမဲ့သူမရှိတော့ဘူးလို့ တွေးခဲ့ဘူးတဲ့အချိန်လည်းရှိမှာပါ။
လူစိမ်းက ကိုယ့်ရဲ့ဘဝအကြောင်းကို ကောင်းကောင်းမသိပါ။
သိတယ်ဆိုတာကလည်း ကိုယ့်ဘဝရဲ့ အပိုင်းတစ်ပိုင်းဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ကိုယ့်ကိုကိုယ်သာ အားပေးပါ။
ယုံကြည်မူတွေနဲ့ပြည့်ဝနေတဲ့ လူတစ်ယောက်ကို ဘယ်သူမဆို အားပေးချီးမြှောက်ပါလိမ့်မယ်။

၀၃. ဘဝကို စိတ်ပျက်နေခြင်း
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
လက်ရှိဘဝကို အားမရဖြစ်နေပါသလား။
တစ်ခုအကြံပေးပါရစေ။
ကိုယ့်ရဲ့အမြင်ကို နည်းနည်းပြောင်းကြည့်လိုက်ပါ။
ဥပမာ စကားများသောအထက်အရာရှိ၊ သူကကိုယ့်ကို တိုးတတ်စေချင်လို့ပြောနေတာလို့ အမြင်လေးကိုပြောင်းကြည့်ပါလား။
ကိုယ့်ရဲ့နေ့စဉ်ဘဝလေးက ဘာရယ်လို့မဟုတ်ပဲ ပြည့်စုံလာပါလိမ့်မယ်။

၀၄. အမြဲတမ်း စိတ်ဆိုးနေခြင်း
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
အတိတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်တွေးပြီး ဒေါသတွေ ထွက်မနေပါနဲ့။
အတိတ်မှာဖြစ်ခဲ့သောကိစ္စတွေဟာ ကိုယ့်ဘဝ ဇာတ်လမ်းရဲ့ အပိုင်းတစ်ပိုင်းသာ ဖြစ်မှာပါ။
လာမည့်အပတ်မှာလည်း ဇာတ်လမ်းသစ်ကလာဦးမှာ မဟုတ်လား။
အဲဒါကြောင့် ကိုယ့်ရဲ့ဘဝစာအုပ်ကို မပိတ်ပဲ နောက်တစ်မျက်နှာလှန်လိုက်ရအောင်နော်။

၀၅. မကောင်းသောသူများနဲ့ အဆက်မဖြတ်နိုင်ခြင်း
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
ဘဝက သာယာရန်အတွက် ပျော်ရွှင်ဖို့လိုအပ်ပါတယ်။
အဲဒီအတွက် သူငယ်ချင်း အပေါင်းအသင်းဆိုတာလည်း အရေးကြီးပါတယ်။
တွေ့လိုက်ရင် သူတပါးမကောင်းကြောင်းတွေကိုပဲ ပြောနေသောသူဆိုတာ ဘယ်လိုလူဖြစ်မလဲဆိုတာ ပြောစရာတောင်မလိုဘူးလို့ထင်ပါတယ်။

၀၆. မလိမ် မညာပါနဲ့
⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️
အမြဲတမ်း လိမ်ညာနေရင်တော့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားဆိုတာ ဘယ်လိုဖြစ်လာမှာလဲ။
သူများတွေလည်း လိမ်ပြောနေတာပဲလို့မတွေးပါနဲ့။
ကိုယ်ကျင့်တရားကောင်းမှသာလျှင် သူတပါးကလည်း ကိုယ့်ကို ယုံကြည်မှာပါ။

အပေါ်က ၆ ချက်ကို ပြန်ပြီး သုံးသပ်ကြည့်ရင်
ကိုယ်မှာ ယုံကြည်မူရှိဖို့နဲ့ ✅✅✅✅✅✅✅✅
သူတပါးရဲ့ အကြည့်တွေကို တွေးပြီးကြောက်မနေပဲ လုပ်စရာရှိတာကို လုပ်ဖို့ပါပဲ။☝️☝☝
✅❤️✅❤️✅❤️✅❤️❤️☝❤️✅✅✅❤️✅
image

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68288.30
ETH 2649.13
USDT 1.00
SBD 2.69