🎓
ဘုရားရှင်ခေတ်မှာ
ရှင်ဒေဝဒတ်ဆိုတာ
ဈာန်အဘိညာဉ်ရရဟန်းတပါးပါပဲ ...
အဲ့ဒီခေတ်က ရဟန်းတွေဟာ
အရိယာနဲ့ ဈာန်အဘိညာဉ်ရတွေက များပါတယ် ...
ပြောရမယ်ဆိုရင်
ရှင်ဒေဝဒတ်ဟာ အဲ့ဒီခေတ်မှာတော့
အဲ့ဒီခေတ်ရဟန်းတပါးရှိသင့်ရှိထိုက်တဲ့
အရည်ချင်းတွေရှိတယ်လို့ပြောလို့ရပါတယ် ...
တန်းဝင်ရဟန်းတပါးဖြစ်တယ်လို့ ဆိုလို့ရပါတယ် ....
ဒါပေမယ့်
အားလုံးသိကြတဲ့အတိုင်း
သူဘုန်းကြီးဘို့အတွက်နဲ့
သူ့ကိုယ်ကျိုးစီးပွားအတွက်နဲ့
လူတယောက်ကို အဖေသတ်ခိုင်းတဲ့အထိ
သူ့ရဲ့စိတ်ဓာတ်ဟာ အောက်တန်းကျခဲ့တယ် ....
ခုခေတ်ရဟန်းတွေဟာ
အရင်ကလို အရိယာနဲ့
ဈာန်အဘိညာဉ်ရတွေ သိပ်မရှိကြတော့ဘူး ...
တိပိဓကဓရလို
စာပေးပိုင်းကို အားပေးလာကြတယ် ...
ပြောရရင်
ခုခေတ်က အရင်ခေတ်ကလို
အကျင့်ပိုင်းမဟုတ်တော့ပဲ စာပေပိုင်းဖြစ်လာတယ် ...
အရင်ခေတ်မှာက
အရိယာနဲ့ ဈာန်အဘိညာဉ်ရမှ ခေတ်မီပေမယ့်
ခုခေတ်က တိပိဓကဓရဖြစ်ဖြစ်
အဘိဝံသဖြစ်ဖြစ် ဒေါက်တာဖြစ်ဖြစ်
ဘွဲ့တခုခုရမှ တန်းဝင်ရဟန်းဖြစ်ပြီး
ရဟန်းခေတ်မီတဲ့သဘောဖြစ်လာတယ် ...
ပြောရမယ်ဆိုရင်
အဲ့လိုနာမည်ကြီးဘွဲ့တခုခုရမှ
တန်းဝင်ရဟန်းဖြစ်တဲ့သဘောဖြစ်လာတယ် ...
ဒါပေမယ့်
ဘုရားရှင်ခေတ်မှ တန်းဝင်ရဟန်းတွေမှာလဲ
သူဘုန်းကြီးရေးအတွက်ဆိုရင်
ဘာမဆိုလုပ်ရဲလောက်အောင်
စိတ်ဓာတ်အောက်တန်းကျတဲ့
ရှင်ဒေဝဒတ်လို ရဟန်းတွေရှိခဲ့ဘူးသလို
ခုခေတ်တန်းဝင်ရဟန်းတွေဖြစ်တဲ့
နာမည်ကြီးဘွဲ့ရရဟန်းတွေထဲမှာလဲ
သူတို့ဘုန်းကြီးရေးအတွက်ဆိုရင်
ဘာမဆိုလုပ်ရဲလောက်အောင်
စိတ်ဓာတ်အောက်တန်းကျသူတွေရှိတာကတော့
အတော်အံ့သြစရာကောင်းတဲ့အချက်တချက်ပါပဲ ...