Paw Par Say Chit Thu

in #esteem6 years ago

..
နွမ်းခြောက်နေတဲ့ ဘုရားစင်ပေါ်က
ပန်းတွေကို မော့ကြည့်ရင်း
နောင်တတွေရင်ဝမှာလာလာစိုက်
အမေသင်ပေးလိုက်တဲ့
ကိုယ်ချင်းစာတရား တစ်ခုနဲ့တင်
ကျွန်တော်က ကမ္ဘာကြီးဖြစ်သွားခဲ့ပြီ အမေ...။ image

အချိန်​တိုင်း ​သေဆုံး​နေပြီး
အချိန်​တိုင်း ရှင်​သန်​​နေတဲ့
ကိုယ့်​ကိုယ်​ကို
မေ့သွားခဲ့တယ်​...

အစားထိုးကုထုံး​တွေထဲ
မပါနိုင်​တဲ့ အချိန်​​တွေထဲ
တိုးဝင်​​နေရခြင်းကို
ရုန်းကန်​မှုလို့ မထင်​မိခဲ့တဲ့
ကျွန်​မကိုယ်​တိုင်​..သိပ်​ကို မိုက်​မဲလွန်းခဲ့တယ်

သတိရှိဖို့ သတိထားဖို့ထက်
သတိလက်​လွှတ်​ ရယ်​​မော​နေရတာကို
မမီမကမ်း ဖမ်းဆုပ်​ရင်း
ကိုယ့်​သာယာမှုနဲ့ ကိုယ်​..
ကိုယ်​လိုရာအရပ်​ဟာ
တဖြည်းဖြည်း​ဝေးလာတယ်

မခက်​ခဲ​ပေမဲ့ နက်​နဲလွန်းတဲ့ပုစ္ဆာ​တွေဆီမှာ
အ​ဖြေရှာနည်း​တွေရှိပြီးသားတဲ့
ကျွန်​မက​တော့ မကြည့်​ခဲ့မိဘူး
(ပျင်းလို့)

ကျွန်​မ ​​ဘုရင့်​​နောင်​လို
ဖောင်​ဖျက်​ပစ်​လိုက်​ဖို့ စိတ်​ကူးရှိတယ်
ဒါ​ပေမဲ့
ဖောင်​နဲ့ ​မျှော​နေရခြင်းထဲက
ပတ်​ဝန်းကျင်​​လေးကပဲ
ဆွဲ​ဆောင်​ထားခဲ့ပြန်​​ရော...

ကျွန်​မ ဆက်​ပြီး ​မျှော​နေဖြစ်​အုံးမယ်​.
image

ဘဝဆိုတာ လောကဓံ ၈ ပါးနဲ့ လူတိုင်း ရုန်းကန်ကြရတာပေါ့ ...
သက်ရှိသတ္တဝါမှန်သမျှ ခန္ဓာဝန်ထမ်းကြရတယ် ...
ခန္ဓာဝန်ထမ်းနေကြရသူချင်းအတူတူ ...
တစ်ပါးသူကြောင့် ...
ခြေထိုးခံရလား ?
တိုက်ခိုက်ခံရလား ?
ထိုးနှက်ခံရလား ?
ကုန်းချောခံရလား ?
ထောင်ခြောက်ဆင် လုပ်ကြံခံရလား ?
ဘယ်လိုဖြစ်ဖြစ် ...
ကိုယ့်ဦးတည်ရာ ' အာရုံစိုက်မှု ' မပျံ့လွင့်ဘဲ အေးဆေးတည်ငြိမ် ကိုယ့်လမ်းကိုယ်လျှောက်ရမှာပေါ့.

လိုသူရှိမယ် ...
မလိုသူရှိမယ် ...
လိုလို မလိုလို ဒါ ကိုယ့်အကြောင်းတရားမှ မဟုတ်တာ.
သူတို့စိတ်နဲ့ သူတို့မို့ ...
' စိတ် ' တွေကိုလိုက်ခံစားရင် ကိုယ်မောရုံဘဲရှိမယ်လေ. §

ငယ်ငယ်က စာကျက်တဲ့အခါ ...
အိမ်က TV ဖွင့်ရင် စာကျက်မရဘူး ...
အသံတွေဆူတယ်ပေါ့ ...
အဲဒီ့အသံတွေကို ' background noise ' အဖြစ် ခံစားလိုက်ပြီး ကိုယ်ကြည့်နေတဲ့စာအပေါ် ' အာရုံစိုက် ' ရင် ...
သိပ်ထူးခြားတာတွေ့ရတယ် ...
စိတ်ရဲ့တန်ခိုးအရ ဆူညံသံတွေ ဝေးသွားတယ် ...
ကိုယ့်စာအပေါ်မှာဘဲ စိတ်အာရုံရှိတော့တယ် ...
စိတ် ရဲ့ စွမ်းအားသိပ်ဆန်းကြယ်တာနော်.

ဘဝမှာလည်း ...
ချီးမွမ်း ၇ ရက် ... ကဲ့ရဲ့ ၇ ရက် ... ပတ်ဝန်းကျင်တစ်ခုက ပြောကြမှာဘဲ ...
ဟုတ်တာရော မဟုတ်တာရော ...
ကိုယ်ယိမ်းယိုင်သွားအောင် ...
ထိုးနှက်တဲ့အခါ ထိုးနှက်ကြမှာဘဲ.

ဘယ်တော့မှ ...
ကြားရသမျှ မြင်ရသမျှ အပြောခံရသမျှ လိုက်မခံစားဘဲ
' Background noise ' အဖြစ်ထားသင့်တာပေါ့.
ဘယ်တော့မှ ...
ထိုးနှက်တိုက်ခိုက်ခြေထိုးခံရတိုင်း ယိမ်းယိုင်ပြိုလဲ မသွားဘဲ
' Backgrounf noise ' တွေအဖြစ်ခံယူသင့်တာပေါ့.

ကိုယ့်ဦးတည်ရာပန်းတိုင် ...
မယိမ်းမယိုင် မပြိုလဲဘဲ ...
ကြံ့ကြံ့ခံစွာဆက်လျှောက်ရမှာပေါ့ ...
စိတ်ကြံ့ခိုင်မှုအားနဲ့ ' Background noise ' တွေကို ...
မကြားအောင်နေရင်း ... တွန်းဖယ်ရင်း ...
ရှေ့သို့ရွေ့ကြမယ်လေ ...
ဦးတည်ချက်မပျောက် လမ်းခရီးမထောက်ဘဲ ...
ကိုယ့်ရည်မှန်းရာပန်းတိုင်ဆီ လှမ်းလို့ချီကြရအောင်လေနော်. image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by k017 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58192.51
ETH 2295.28
USDT 1.00
SBD 2.50