မုဒြာရဲ့ခေါ်သံ။
Credit:photo
==========
ဇာတ်လမ်းရဲ့ ၉၅% အင်္ဂလိပ်ဘာသာစကားပြောတယ်၊မြန်မာစာ
တမ်းထိုးတယ်၊၅%မြန်မာစကားပြောတယ်။မြန်မာ့ဂီတ၊အက၊သုခုမပညာကိုရှေ့တန်းတင်
ပြီးတိုင်းတစ်ပါးဂီတကိုထိုးဖောက်ထားတယ်။မြန်မာတို့ရဲ့ဘာသာတရား၊သစ္စာရှိမှု၊ရိုးသား
မှုကို ဖြန့်ဝေပေးထားတယ်။မြန်မာမလေးများရဲ့ဝတ်စားဆင်ယင်မှု၊ဆက်
ဆံပုံ စိတ်ထားကိုလှစ်ဟထားတယ်။ရာဂမပါတဲ့ သိမ်မွေ့တဲ့အချစ်ကို မျက်လုံး
အကြည့်မှာ၊ရိုးသားသော၊ကြင်နာသော၊ဖြူစင်
သော၊နှလုံးသားနဲ့ရင်းနှီးထားသော ပုံကို
အမျိုးသားကဖေါ်ကြူးထားတယ်၊မြန်မာမလေး
က တည်ကြည်တဲ့၊သိက္ခာရှိတဲ့ အမျိုးဂုဏ်
စောင့်တဲ့ အကြည့်နဲ့ တုန့်ပြန်ထားတယ်။
ဒါကြောင့် မောင်နဲ့နှမသားနဲ့အမိ အတူထိုင်
ကြည့်လို့ရလောက်အောင်ယဉ်ကျေးတယ်။နောက်ခံတေးဂီတကို များသောအားဖြင့်မြန်မာ
မှုပြုထားတယ်၊ဒိုးပတ်၊ကဗျာလွတ်၊ရှမ်းအိုးစည်၊
မျှတအောင် သမထားတယ်။မလိုတဲ့နောက်ခံ
တီးလုံးကို ဖျောက်သင့်တဲ့နေရာလုံးဝဖျောက်၊
မျှင်းမျှင်းလေးထားသင့်တဲ့နေရာမျှင်းမျှင်းလေး
ထား၊ပုံအောတီးသင့်တဲ့နေရာကို ဝုန်းဒိုင်းကြဲ
ထားတယ်။စကားပြောသံနဲ့တီးလုံးသံကိုစည်း
ခြားထားတယ်။မဆူညံဘူး၊မပူလောင်ဘူး၊
ရောထွေးယှက်တင်မရှိဘူး။စိတ်ဓာတ်ကြံ့ခိုင်တဲ့၊စာရိတ္တကိုစောင့်စည်းတဲ့
အမျိုးသားကောင်း၊အမျိုးသမီးကောင်းကျင့်ဝတ်
ကို ရင်ထဲကိုယ်စီရောက်အောင်ပညာသားပါပါ
ရိုက်သွင်းထားတယ်။သစ္စာတရားဟာ သေအံ့မူးမူးဖြစ်နေသူကို
ကယ်တင်နိုင်ကြောင်းသာဓကနဲ့လမ်းပြထား
တယ်။ဇာတ်လမ်းကိုထည့်မရေးတော့ဘူး ကြည့်မယ့်
သူအရသာပျက်သွားမှာစိုးတယ်။မြန်မာ့အလှ၊ယဉ်ကျေးမှုအမွေအနှစ်တွေကို
နိုင်ငံတကာသိအောင် ဖိတ်ခေါ်ထားတယ်။ရေးစရာတွေအများကြီးကျန်သေးတယ်။
ဖန်တီး ထားသူတွေရဲ့စေတနာကိုဘဲအလေး
ထားဖော်ပြလိုက်ပါတယ်။အဆိုတော်ကြီးကိုသန်းလှိုင်ရဲ့ ပြောချင်တာ
တွေလဲပြောကြပါစေကွယ်ပေါ့။
Hi, I just followed you :-)
Follow back and we can help each other succeed! @hatu
good
nice
ဇတ်ကားကောင်းလေးပါ