အကွက်လေးတွေလှတယ်ဆိုလို့
ဒီ Post ကိုပြီးအောင်ဖတ်ပေးပါလို့
တိုက်တွန်းချင်တယ် ။ အကွက်လေးတွေလှလို့ ...
လူထု့ခေါင်းဆောင်ရဲ့ ဦးနှောက်
လက်ဖျားခါလောက်တယ်...
Credit:photo
စေ့စေ့တွေး ရေးရေးပေါ်တာမဟုတ်ဘူး
အကွင်းလိုက် အကွက်လိုက်ကိုပေါ်လာတာ ...
ဒီလိုဗျ ...
အင်းဒင်ရွာလူသတ်မှု့နောက်လိုက်ပြီးဖော်ထုတ်တဲ့
သတင်းထောက်နှစ်ယောက်ကို
အစာထောင်ပြီးဖမ်းတယ်...
ပြီးတော့ ...
နိုင်ငံတော်လှို့ဝှက်ချက်အက်ဥပဒေနဲ့
စွဲချက်တင်တယ် ။ ဒီနေရာလေးရပ်င်္ပြးခဏစဉ်းစား....
လူအစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စကို
ဖုံးကွယ်ထားသလိုနဲ့ သတင်းအနံ့ထွက်အောင်
လုပ်ပေးလိုက်တယ် ။ ဒီသတင်းအနံ့ကို ရိုတ်တာ
သတင်းထောက်နှစ်ယောက်က လိုက်တယ် ။
ထက် " ဟ " ပေးလိုက်တယ် ...
ဘယ်ကနေဒီသတင်းတွေသူတို့ရတာလဲဆိုတာ
ပိုပြီးခိုင်လုံသွားအောင် အဲ့ဒိမှာတာဝန်ကျခဲ့သော
ရဲအရာရှိနဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးဆီကရသလိုနဲ့
သေချာအောင်ထက်မံပြီး ထိုးကျွေးလိုက်တယ် ...
ထက်ပြောမယ်နော် ...
လူ ၁၁ ယောက်ကို သတ်တဲ့အမှု့ကို
နိုင်ငံတော်လှို့ဝှက်ချက်ပေါက်ကြားသလိုပုံစံမျိုး
ဖြစ်အောင် ပုဒ်မတပ်ပြီးဆွဲတင် ထောင်ချလိုက်တယ် ။
ကောင်းပြီ ...
အဲ့ဒိပုဒ်မနဲ့ဆွဲတင်ထောင်ချဘို့က
နိုင်ငံတော်ရဲ့သမ္မတကိုယ်တိုင်ခွင့်ပြုမှရမယ် ။
တနည်းအားဖြစ် နိုင်ငံတော်သမ္မတလက်မှတ်ထိုးမှ
ဒီပုဒ်မနဲ့ဆွဲချက်တင် ထောင်ချလို့ရမှာ ....
ဆိုတော့
အဖြေက နဲနဲပေါ်သလိုလိုဖြစ်လာပြီ ...
လူ ၁၁ ယောက်ကို သတ်တဲ့အမူ့က
ဘာလို့နိုင်ငံတော်လှို့ဝှက်ချက်ဖြစ်နေရတာလဲ ... ?
လူသတ်မှု့ဆိုတာ တစ်ယောက်ကိုဘဲ သတ်သတ်
၁၁ ယောက်ကိုဘဲသတ်သတ် ဘာကြောင့်နိုင်ငံတော်
လှို့ဝှက်ချက်ပေါက်ကြားစေမှု့ဆိုတဲ့ခေါင်းစဉ်အောက်
ကို ရောက်သွားရတာလဲ ။ အဲ့ဒိလိုရောက်ဘို့အတွက်
ပိုသေချာအောင် တစ်ခြားစာရွက်စာတမ်း ( ရဲကင်း
တွေ ၊ နယ်စပ်လုံခြုံရေးကင်းစခန်းတွေရဲ့တည်ဆောက်
ပုံနဲ့လုံခြုံ ရေးလှို့ဝှက်မြေပုံတွေပါ ပါတယ်ဆိုပြီးထက်
မံအားဖြည့်ထားသေးတယ် ) ထည့်သွင်းလိုက်တယ် ....
ပြီးတော့ ဒီသတင်းကမ္ဘာကို ပျံ့သွားတယ် ...
ဘယ်လိုပုံစံနဲ့ပျံ့လဲဆိုရင်အပေါ်မှာကျနော်တင်ပြ
သလို လက်ရှိအစိုးရပါ လူ ၁၁ ယောက်ကိုသတ်တဲ့
အမူ့မှာပူးပေါင်းပါဝင်ခဲ့တဲ့ပုံစံနဲ့ဖြန့်တာ ။ ဘာလို့ဒီလို
ပြောနိုင်တာလဲဆိုရင် ဒီပုဒ်မက နိုင်ငံတော်သမ္မတအ
ဆင့်မှ လက်မှတ်ထိုးခွင့်ပြုမှ ဆွဲချက်တင် ထောင်ချ
လို့ရမှာလေ .... ရှင်းပြီလားခင်ဗျာ
အဲ့ဒိတော့ကမ္ဘာက ဘယ်လိုမြင်မလဲ ?
DASSK တို့အစိုးရအဖွဲ့လဲ ဒီပုတ်ထဲက ဒီပဲပါဘဲ ...
ဘင်္ဂလီတွေ အစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စကို
လက်နတ်ကိုင်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီးကျုးလွန်
လိုက်တာဘဲ ၊ သူတို့လဲ ဒီလိုလူမဆန်တဲ့လုပ်ရပ်မျိုး
ကိုအလိုတူအလိုပါ ပါ ဆိုတဲ့ပုံရိပ်မပေါ် ပေါ်အောင်
ကမ္ဘာကိုချပြလိုက်တဲ့သဘောပေါ့ ခင်ဗျာ ...
နောက်တစ်ကွက်ထက်လှပြန်သေးတာက
ဒီကိစ္စမှာ ပါဝင်ပက်သက်နေတဲ့ တပ်မတော်
အရာရှိတွေနဲ့တကွ အကြပ်တပ်သားတစ်ချို့
ကိုတပ်မတော်က ပြတ်ပြတ်သားသား အရေး
ယူပြတယ် ။ ထောင် ၁၀ နှစ်တွေဘာတွေ ဖမ်း
ချပလိုက်တယ် ။ အဲ့ဒိလို လုပ်လိုက်ချင်းအား
ဖြစ် တပ်မတော်သည် ဥပဒေကိုလိုက်နာပြီး
တပ်ချုပ်ကြီးသည် ဥပဒေကျုးလွန်တဲ့ မည်သည့်
တပ်မတော်သားကိုမှ ခွင့်လွှတ်ပေးသူမဟုတ်ဘူး
ဆိုတဲ့ပုံရိပ်နဲ့တကွ တပ်ချုပ်က အလိုလို စင်ပေါ်
ရောက်သွားမယ် ။ သူကအလွတ်ကင်းကြီး ဖြစ်သွားပြီ ...
ပိုပြီးပီပြင်သွားအောင် သတင်းထောက်နှစ်ယောက်
ကိုထောင်မချခင်လေးမှာ တပ်ချုပ်က ရခိုင်အရေးကို
တပ်မတော်မှ ဂျီနီဗာစည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်
ရွက်ခဲ့တာပါ ။ တပ်မတော်ကို အသုံးမချပါနဲ့ ဆိုတဲ့ မိန့်
ခွန်းကို မီဒီယာတွေကတစ်ဆင့် ကမ္ဘာကို ပျံ့စေတယ်
ဟဲ ဟဲ ဟဲ ။ အဲ့ဒိတော့ ငါတို့တပ်ချုပ်ကြီးကွ ပေါ့ ...
ဟိုမှာတော့ သမ္မတလက်မှတ်ကြီးနဲ့အတူ
လက်ရှိအစိုးရအဖွဲ့က လူသတ်မှု့ကိုလှို့ဝှက်ချက်
လိုသဘောထားပြီး အလိုတူအလိုပါ ကျုးလွန်တယ်
ပေါ့ ။ ဒီအမူ့ကိုဖော်ထုတ်တဲ့ သတင်းထောက်နှစ်ယောက်
ကို ထောင် ၁၄ နှစ်တောင်ချပလိုက်တယ်ပေါ့...
အကွက်တေကစွန်းလှတယ်နော် ။ မပြီးသေးဘူး ..
ထက်ပြီးထွက်ပေါက်ပိတ်ထားတာ ရှိသေးတယ် ။
သတင်းထောက်နှစ်ယောက်ဘက်က
အရိုးကိုက်ငစနူ ငပိန်းတစ်ချို့လွဲ ပြီး
ဘာကြောင့် ပြန်ဝန်ပြုတ်လို အဆင့်မြင့်
အတိုက်အခံအဖွဲ့တွေက အတင်းနင်းရပ်တည်တာလဲ...
ဒါ နိုင်ငံတော်လှို့ဝှက်ချက်ပေါက်ကြားမူ့ကြီးလေ ...
သူတို့ခဏ ခဏ ပြောတဲ့ နိုင်ငံတော်သစ္စာဖောက်
မှု့ကြီးလေ ။ အဲ့ဒိသစ္စာဖောက်တွေဘက်မှ ဘာလို့
သူတို့အဖွဲ့တွေ အတင်းနင်း ရပ်တည်နေကြတာ လဲ ...
ရှင်းရှင်းလေးပါ ...
သတင်းထောက်နှစ်ယောက်ကိုလွှတ်ရင်
အစိုးရအဖွဲ့က လူသတ်မှု့ပိုက်ဘောကြီးနဲ့
သိက္ခာကျပြီးကျန်ခဲ့လိမ့်မယ် ။ သတင်းထောက်
တွေကိုထောင်ချရင် ပြည်တွင်းပြည်ပ မီဒီယာတွေ
နဲ့ အစိုးရကို ရန်တိုက်ပေးပြီးသား ဖြစ်သွားမယ် ။
အဲ့ဒိလိုဖြစ်ဘို့အတွက် သတင်းသမားနှစ်ယောက်
ကလဲ အပြစ်ကင်းသူတွေ ၊ လုပ်ကြံပြီး မတရားထောင်
ချခံရသူတွေအဖြစ် ပုံပေါ်စေရမယ် ။ လက်ရှိအစိုးရ
သည် သတင်းသမားတွေကို လုပ်ကြံထောင်ချတတ်
သော လူမဆန်သော အစိုးရအဖွဲ့ဖြစ်သည် ပေါ့ ....
ဟုတ်ပြီနော် ...
ဒါပေမဲ့ လက်ရှိအစိုးရအဖွဲ့မှာ ကံကောင်းသွားစေတဲ့
အကြီးဆုံးအချက်က သတင်းသမားတွေကို တရား
စွဲတင်ဘို့အတွက် နိုင်ငံတော်သမ္မတမှ လက်မှတ်ထိုး
ပေးရမယ်ဆိုတဲ့ကိစ္စကြီးကို ဖြတ်သန်းရမှာရှိတယ် ။
ဒါပေမဲ့ ...
အဲ့ဒိအချိန်သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေတဲ့
ဦးထင်ကျော်က လုံးဝမထိုးပေးခဲ့ ဘူး ....
ဒါကြောင့်အမူ့က သူတို့လိုချင်တဲ့ပုဒ်မဖြစ်စေမဲ့
နိုင်ငံတော်လှို့ဝှက်ချက်ပေါက်ကြားစေမူ့ပုဒ်မ
တပ်လို့မရဘဲ တိုးလို့တန်းလန်းကြီး ဖြစ်နေရော ...
ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။
သူတို့တွက်ထားတာက ပထရကနေသတင်းထောက်
နှစ်ဦးနဲ့အကျင့်ပျက်ရဲတစ်ချို့ရဲ့သတင်းရောင်းစားမှု့
ကြောင့် ဒီလိုဒီလိုတွေတော့ဖြစ်ခဲ့ပြီ ဆိုပြီး ဦးထင်ကျော်
ကို နားသွင်းလို့လွယ်လွယ်လက်မှတ်ရမယ် ထင်ခဲ့တာ ။
ဒါပေမဲ့ ...
ဦးထင်ကျော်အနောက်မှာဘယ်သူရှိလဲ ?
အားလုံးသိတဲ့အတိုင်း လူထုခေါင်းဆောင် ပေါ့ ...
သူတို့ခြေလှမ်းတွေကိုမြင်နေတဲ့ အသိညဏ်ကြွယ်သော
အမျိုးသမီးကြီးက အသာလေးခေါင်းခါပြထားတော့
လိုချင်တဲ့လက်မှတ်က မရဘူး ။ အဲ့ဒိအချိန်မှာ ဦးထင်
ကျော်ကို စင်္ကာပူမှာဆေးစစ်မယ်ဆိုပြီး ရှောင်ထွက်သွား
ခိုင်းလိုက်တော့ တိုးလို့တန်းလန်းကြီးဖြစ်နေတဲ့ ဒီကိစ္စကို
ဦးထင်ကျော်နဲ့မပြီးလဲ သူတို့လူ ဦးမြင့်ဆွေနဲ့ပြီးတယ်ကွာ
ဦးမြင့်ဆွေကိုထိုးခိုင်းလိုက်ဆိုပြီးဖြစ်လာရော ...
အချုပ်ပြောရ ရင်
ယခုဒီပြသနာကြီးက DASSK ရဲ့ကွက်ကျော်မြင်မူ့
ကြောင့် ကိုယ့်ရှုးကိုယ်ပြန်ပက်တဲ့ပုံစံမျိုးနဲ့ သူတိုလူ
ဦးမြင့်ဆွေ လက်မှတ်ကားယားကြီးဖြစ်နေပြီ ...
ကဲ .... အစိုးရ ဆိုပြီးရောမချနဲ့ ၊ ဒါကိုဘယ်သူခွင့်
ပြုတာလဲ ။ လက်မှတ်ထိုးပြီးခွင့်ပြုတဲ့လူရှင်းပါ
ဆိုရင် ဘယ်သူ့ဘက်လည်သွားပြီလဲ ... ဟဲဟဲဟဲ
နောက်တစ်ခုက ညဏ်မဟုတ်ဘူး .... ကံ
ဦးကိုနီ ကိုလုပ်ကြံတုန်းက သေသေချာချာ အပီအပြင်
တွက်ထားပေမဲ့ ကြည်လင်းကို ကိုနေ၀င်းက အသက်
စွန့်ပြီးအရှင်ဖမ်းပေးလိုက်တော့ အားလုံးသောက်တ
လွဲတွေဖြစ်ပြီး တန်းစီပေါ်သွားပါလေရော ။ အခုလဲ
သူတို့မထင်တဲ့ထောင့်က အမှန်တရားမြတ်နိုးတဲ့
ရဲမှုးတစ်ဦးမှ ဒီကိစ္စကိုထောင်ချောက်ဆင်စေခိုင်း
သူမှာ ဘယ်သူပါဆိုပြီး ရုတ်တရက်ထဖော်
လိုက်တဲ့အခါ .....
ဟားဟားဟားဟား ...
ယိ တွေဖြစ်ကုန်ပါပြီကွာဆိုပြီး
ကိုယ့်နှဖူးသာ ကိုယ်ပြန်ရိုတ်ကုန်ကြလေသတည်း ...
ကိုယ်တွေလူထုခေါင်းဆောင်က
မင်းတို့ညဏ်လောက်ကို သနာဲးတယ် ကွာ ... ။
Sua Sponte .
ok
goid
nice
Nice
hello
Congratulations @juliusseaser! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Congratulations @juliusseaser! You received a personal award!
Click here to view your Board