လှပစိုပြည် အညာမြေ
တို့လယ်ယာ
ပျိုးသာဖို့ ရည်မှန်း
သီးနှံစုံ အထွက်တိုးအောင်
ရွှေမိုးကဖျန်း
အညာမြေစိမ်းစိုလန်းလို့
ပွင့်ပန်းတို့ မွှေးပျံ့စေ
လတ်ဆတ်လို့ သန့်ရှင်းပေ
ဝင်းဝါရွှေ စပါး
ရှုခင်းတွေ လှမ်းမျှော်ငေးတော့
ရင်အေးစေသား
ဘူး၊ဖရုံ၊ငရုတ်၊သခွားရယ်နဲ့
အစေ့ထွားတဲ့ ပဲစုံလင်
ကျွန်းတစ်ချီ ကိုင်းတစ်ကြော့
စိုက်တော့ ငွေရွှင်
မြေပဲ၊နှမ်း၊နေကြာပင်
သန့်စင်တဲ့ ဆီထွက်
တောနယ်မှာ
ပေါကြွယ်ကာ သာယာအေးတယ်
ဝမ်းရေးမခက်။....။
MSU-035
@htoohan
ဘရိုက ကဗျာတွေရေးရတာပိုနှစ်သက်တယ်နဲ့တူတယ်
ကဗျာလေးတွေကရိုးရိုးလေးနဲ့နားလည်လွယ်တယ်နော်
good poem
This post has received a 3.13 % upvote from @drotto thanks to: @htoohan.